USAID’s goal ကိုဖော်ဆောင်တဲ့နေရာမှာ နည်းပညာနဲ့ ခေါင်းဆောင်မှုအပိုင်း နဲ့ပတ်သက်ပြီးလည်း မြန်မာနိုင်ငံအတွင်းမှာ နေထိုင်တဲ့လူငယ်တွေရဲ့ စွမ်းရည်မြင့်တင်ပေးဖို့ကို ရည်ရွယ်ပြီး အမေရိကန် အစိုးရကနေ Master Degree အတွက် စရိတ်ငြိမ်းကျောင်းသွားတက်နိုင်ဖို့ကို ထောက်ပံ့ပေးတဲ့ ပညာသင်ဆုတစ်ခုဖြစ်ပါတယ်။
Lincoln ပညာသင်ဆုကိုတော့ Master level အတွက် အမေရိကမှာ ကျောင်းသွားတက်ချင်တဲ့ ကျောင်းသားအများစု စိတ်ဝင်စားပြီး၊ လျှောက်ကြတဲ့ ပညာသင်ဆု ဖြစ်ပါတယ်။ အမေရိကတက္ကသိုလ်တွေမှာ ကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်အတွက် ပညာသင်ဆုကို လျှောက်ထားနိုင်မှာဖြစ်ပေမဲ့ အဓိကအားဖြင့် Economics, Agriculture, International relations, Public Health, and Public policy စတဲ့ နယ်ပယ်တွေအတွက် ရည်ရွယ်ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။
စရိတ်ငြိမ်းပညာသင်ဆုဖြစ်တဲ့အတွက် ကျောင်းကျူရှင်စရိတ်၊ နေထိုင်စရိတ်၊ ခရီးစရိတ်၊ ကျန်းမာရေးအသုံးစရိတ်အပြင် အခြားကျောင်းသုံးကုန်ကျစရိတ်တွေအားလုံးကို ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ ဒီပညာသင်ဆုကိုလျှောက်ဖို့ဆိုရင်တော့ မြန်မာနိုင်ငံသားဖြစ်ပြီး အသက် (၄၀) နှစ် အောက် ဖြစ်ရပါမယ်။ ဘွဲ့တစ်ခုခုကို GPA အမှတ်ကောင်းကောင်းနဲ့ အောင်ထားပြီး၊ full-time အလုပ်အတွေ့အကြုံ အနည်းဆုံး (၃) နှစ်ရှိထားရမှာဖြစ်ပါတယ်။ အရွေးခံပြီးနောက်ပိုင်း ရန်ကုန်မြို့မှာပြုလုပ်မဲ့ Pre-academic training ကို တက်ရောက်နိုင်ဖို့လည်း လိုအပ်ပါတယ်။
ဒီပညာသင်ဆိုကို လျှောက်ထားချင်တဲ့သူတွေအနေနဲ့ IELTS or TOEFL မရှိနေလည်းလျှောက်ထားလို့ ရပါတယ်။ Application process အနေနဲ့ကတော့ ပညာသင်ဆုခေါ်တဲ့အချိန် Websites ကနေမှ တစ်ဆင့် Application form ကိုသွားဖြည့်ရမှာဖြစ်ပါတယ်။ အဲ့ဒါပြီးရင်တော့ English Diagnostic Test ဆိုပြီး ကျပ် (၁) သိန်းခွဲ သွင်းပြီးဖြေဆိုရမှာဖြစ်ပြီး အနည်းဆုံး အမှတ် (၄၆၀) အထက်ရမှ နောက်တစ်ဆင့် လိုအပ်တဲ့ အခြားစာရွက်စာတမ်းတွေနဲ့အတူ Essay ရေးပြီးတင်ရမှာဖြစ်ပါတယ်။
အဲ့ဒါပြီးရင်တော့ နောက်တစ်ဆင့်အနေနဲ့ အင်တာဗျူးဖြေဆိုရမှာဖြစ်ပါတယ်။ အဲ့နောက်မှ နောက်ဆုံး အရွေးခံရ၊ မခံရ အကြောင်းကြားပေးမှာဖြစ်ပါတယ်။ အသေးစိတ်အကြောင်းအရာအတွက်ကိုတော့ အောက်က လင့်ကနေမှ တစ်ဆင့် သွားရောက်ဖတ်ရနိုင်ပါတယ်။
Application periods: May https://www.iie.org/…/USAID-Lincoln…/Application
