ဩစတေးလျတွင် ကျောင်းလျှောက်မည်ဆိုပါကမဖြစ်မနေ သိထားသင့်တဲ့အချက် 10 ချက်

ပထမဆုံးစဉ်းစားရမှာက No -1 Career Path ပါ

အချိန်တိုတိုနဲ့ ကုန်ကျစရိတ်သက်သာချင်ရင် Vocational Education & Training (VET) 2-year Diploma course တွေကို ရွေးချယ်နိုင်ပါတယ်။

Diploma(VET) or Bachelor or Postgraduate ဘယ်Course ကိုလျှောက်မလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။
ဆယ်တန်းအောင်ထားတဲ့သူတွေအနေနဲ့ကတော့ Diploma or Bachelor ကြိုက်နှစ်သက်ရာ ရွေးချယ်သင်ကြားနိုင်ပါတယ်။
B.Sc သို့မဟုတ် B.A ဘွဲ့ရထားတဲ့သူတွေအနေနဲ့ အသက် 30 ဝန်းကျင်လောက်အထိ ရွေးချယ်စရာ Option တွေကတော့..

  • Vocation Education Diploma(VET)
  • Graduate Certificate & Diploma
  • Project Management Diploma
  • Master of Business Administration

သက်ဆိုင်ရာဘွဲ့အလိုက် Master Degree တို့ကိုရွေးချယ်နိုင်ပါတယ်။

M.B.B.S, B.E , B.Sc(Computer Science), B.Com, အစရှိတဲ့ ဘွဲ့လက်မှတ်ကိုင်ဆောင်ထားသူများကတော့ Vocational Education Diploma (VET) Course များမှလွဲ၍ တခြား Course များကိုရွေးချယ်နိုင်ပါတယ်။

အသက်35 ဝန်းကျင်ဘွဲ့ရထားသူများအနေနဲ့ကတော့ ဗီဇာလျှောက်ဖို့ Master Course သို့မဟုတ် Graduate Diploma တွေကို ရွေးချယ်တာပဲ အဆင်ပြေပါလိမ့်မယ်။

(VET)Diploma နှင့် Bachelor Course တွေကိုရွေးချယ်လျှင် Visa လျှောက်ရမှာ အသက်အရွယ်အရ အခက်အခဲရှိနိုင်ပါတယ်။

No-2 Tuition Fees

VET Diploma Course

  • AUD$1,500 -$3,000 per Term(3 months)
  • Average Tuition Fees- AUD$8,000-$1,5000 per year
  • Duration – 2 years

Bachelor Degree

  • AUD$1,500 – $ 3,000 per Term(3 months)
  • Average Tuition Fees -AUD$13,000-$25,000 per year in Colleges
  • Average Tuition Fees-AUD$30,000-$50,000 per year in Universities
  • Duration- 3 years

Bachelor Degree ကိုတိုက်ရိုက် join တာထက် Certificate > Diploma > Adv Diploma> Bachelor (Final year) အဆင့်ဆင့်သင်ယူသွားတာက 3 နှစ်ဝန်းကျင် ဘွဲ့တစ်ခုလုံးရဖို့အတွက် AUD$27,000-$32,000 ဝန်းကျင်ပဲ ကျသင့်မှာပါ။

Graduate Certificate/ Diploma

  • Graduate Certificate- AUD$6,000-$10,000
  • Duration- 6 month
  • Graduate Diploma-AUD$12,000-$15,000
  • Duration -1 year or 1 yr & 6 months

Master Degree (Pricey)

  • Average Tuition Fees- AUD$30,000-$50,000 per year
  • Duration – 2 years

No-3 Payment options

University တွေမှာ Semester (6 လ1 ကြိမ်) စီ Payment ခွဲသွင်းနိုင်ပါတယ်။ College တွေမှာတော့ payment option က ပိုပြီး Flexible ဖြစ်ပါတယ်။ 3 လတစ်ကြိမ် သို့မဟုတ် 6 လတစ်ကြိမ်စီ ခွဲသွင်းနိုင်ပါတယ်။

3 လ တစ်ကြိမ် Term 1 ခုကို AUD$1,500 -$3,000 ဝန်းကျင်ပေးသွင်းရုံနဲ့ Diploma or Bachelor Course တွေကို ဈေးသက်သာစွာဖြင့် သင်ယူနိုင်ပါတယ်။

လတိုင်းAUD$8,00-$1,200 ဝန်းကျင်စီခွဲပေးနိုင်တဲ့ College တွေလည်းရှိပါတယ်။

No-4 Available Courses

  • VET Diploma Courses
  • Aviation Management/Technology
  • Agriculture Sciences/Technology
  • Agribusiness Management
  • Automotive Technology/Management
  • Building Design & Architecture
  • Construction Technology/Management
  • Digital Media Marketing
  • Early Childhood Education & Care
  • Community Service
  • Ageing Care
  • Commercial Cookery
  • Nursing
  • Environmental Monitoring & Technology
  • Laboratory Technology
  • Beauty Therapy
  • Remedial Massage
  • Hairdressing
  • Screen & Media Game Art & Design
  • Screen & Media Animation
  • Screen & Media Film & Television
  • Screen & Media Digital Cinema
  • Screen & Media Creative Makeup
  • Visual Arts
  • Applied Fashion & Design & Merchandising
  • Interior Design
  • Music Industry
  • Graphic Design
  • Photography & Photo Imaging
  • Maritime Engineering/Operations
  • Event Management
  • Patisserie/Baking   စတာတွေ သင်ယူနိုင်ပါတယ်

Available Bachelor/Master Courses

  • Architecture
  • Art
  • Biomedical Sciences
  • Building
  • Business
  • Communication
  • Design
  • Education
  • Engineering
  • Fashion
  • Game Design
  • Health Science
  • IT
  • Law
  • Media
  • Property
  • Science
  • Social Science

No-5 Temporary Graduate Visa

  • VET Diploma- 1 year & 6 months
  • Bachelor/Master- 2 years

No-6 City

နိုင်ငံတကာကျောင်းသားတွေကြားမှာ ရေပန်းစားတာကတော့ Sydney, Melbourne, Brisbane မြို့တွေပဲဖြစ်ပါတယ်။
Perth, Gold Coast, Adelaide, Darwin မြို့တွေကတော့ နေထိုင်မှုစရိတ်သက်သာပါတယ်။

No-7 Part-time Jobs

Diploma & Bachelor ကျောင်းသားတွေက 2 ပတ်လျှင် နာရီ 40 လုပ်နိုင်ပါတယ်။ ကျောင်းပိတ်ထားလျှင် unlimited hours လုပ်နိုင်ပါတယ်။ Master ကျောင်းသားတွေကတော့ အကန့်အသတ်မရှိ အလုပ်လုပ်နိုင်ပါတယ်။

No-8 Family Members

အသက် 18 နှစ်နှင့်အထက်ကျောင်းသားတွေကတော့ မိဘလိုက်ခွင့်မရှိပါဘူး။ Master ကျောင်းသားတွေအနေနဲ့
အိမ်ထောင်ဖက် သို့မဟုတ် မိမိရဲ့ကလေး သို့မဟုတ် မိမိအိမ်ထောင်ဖက်ရဲ့ ကလေးကို partnership Visa လျှောက်ပြီး ခေါ်သွားနိုင်ပါတယ်။ Diploma or Bachelor သင်ယူတဲ့ကျောင်းသားတွေကတော့ Partnership Visa လျှောက်ဖို့ နည်းနည်းခက်ပါတယ်။
အိမ်ထောင်သည်များက မိသားစုလိုက်ပြောင်းရွှေ့ချင်လျှင်တော့ Master Course တွေပဲသင်သင့်ပါတယ်။

No-9 Intake

  • ခုDec 2021 မှာကျောင်းစအပ်မယ်ဆိုလျှင် အစောဆုံး Apr Intake သို့မဟုတ် July Intake ကိုလျှောက်နိုင်ပါတယ်>

No-10 English Requirements

  • VET Diploma နှင့် Bachelor Course တွေအတွက် Placement Test နှင့်လျှောက်လို့ရတဲ့ College တွေ ရှိပါတယ်။
  • သင်ယူမယ့် Course နှင့် College/University ပေါ်မူတည်ပြီး English Requirement ကွဲပြားနိုင်ပါတယ်။
  • Visa လျှောက်ဖို့အတွက် IELTS Academic overall 5.5 (at least) လိုပါတယ်။
  • Master အတွက်တော့ IELTS Academic overall band 6.5 (at least) လိုပါတယ်။
  • Diploma of Nursing အတွက် IELTS Academic 7.0 (individual band 7.0) လိုပါတယ်
© Copyright 2022 | Developed By Impulse International.