Study Plan လေး လုပ်ကြမယ်

အောင်မြင်ချင်တဲ့သူဆိုရင် နှစ်တစ်နှစ် အတွင်း Learning Goals တွေ Work Goalsတွေ ချထားလေ့ရှိပါတယ်။

Off the Track မဖြစ်အောင် အနည်းဆုံးတခု (သို့) နှစ်ခု လေ့လာတဲ့အခါ Study Plan လိုအပ်ပါတယ်။

Study Plan တွေက Time Managementနဲ့ learning goal အတွက် အချိန်တွေကို စုစည်းပေးတာပဲဖြစ်ပါတယ်။ Study Plan အတွက် Deadlines ချဖို့လိုအပ်ပါတယ်။

Study plan ဆွဲရင် ကိုယ့်ရဲ့ learning outcomes ဘယ်လောက်လေ့လာနိုင်လည်းဆိုတာကို အကောင်းဆုံးပံ့ပိုးနိုင်သလို Time Management ကိုလည်းတိုးတက်စေပါတယ်။

Study Plans ဆွဲရင်တော့ တခြားသော လုပ်ဆောင်စရာ activities တွေ အလုပ်တွေ လူမှုပေါင်းသင်းဆက်ဆံရေးအတွက် သုံးမယ့်အချိန်တွေပါ ထည့်ဆွဲဖို့လိုပါတယ်။

Study plan လုပ်မယ်ဆိုရင်…

1) လက်ရှိလေ့လာဖို့စိတ်ဝင်စားမှုနှင့် သင်ယူမှုပုံစံကိုရှာပါ။

  • လတ်တလောဘာတွေစိတ်ဝင်စားနေလဲ?
  • ဘယ်လိုနည်းလမ်းနဲ့လေ့လာချင်လဲ?
  • အချိန်တိုတိုပဲလေ့လာနိုင်လား ကြာကြာလေ့လာနိုင်လား?
  • More Productive ဖြစ်ဖို့ ကိုက Night owl လား Early Bird လား စတဲ့ မေးခွန်းတွေနဲ့ဆန်းစစ်ရပါမယ်…

2)လက်ရှိလုပ်ဆောင်နေတာတွေရဲ့အချိန်စာရင်းတွက်ချက်ပါ။

  • Table calendar or အားသန်ရာတခုယူပြီး လက်ရှိ timetable တွေကိုချရေးပါ။လေ့လာချင်တဲ့အရာတွေအတွက် အချိန်နည်းနေရင်ဘာကိုလျော့ချရမလဲ /နိုင်မလဲ စဉ်းစားပါ။

3)သင်ယူမယ့်အရာတွေအတွက် ပေးနိုင်မယ့်အချိန်ကို သတ်မှတ်ပါ။

  • သင်တန်းတက်ဖို့ပဲဖြစ်ဖြစ်..Self-study လေ့လာတာပဲဖြစ်ဖြစ် အချိန်ဘယ်လောက်ပေးနိုင်မလဲ စဉ်းစားပါ။
  • ရေတိုတက်ချင်တာလား/ရေရှည်တက်မှာလား-သင်ယူမှာလားဆုံးဖြတ်ပါ။ရေတိုဆိုရင်တော့ ကိုယ့်ဘက်က အားထုတ်/အားစိုက်မှုတွေအများကြီးလိုအပ်ပါတယ်။

4)အချိန်စာရင်းဆွဲပါ။

  • အချိန်ဘယ်လောက်သုံးမယ်ဆိုတာသိရင် ဘယ်နေ့ဘယ်အချိန်ကိုဘာလေ့လာမယ် သတ်မှတ်ပါ။
  • စိတ်ပျော်ရွှင်ဖို့activityတွေလုပ်ဖို့လည်းထည့်စဉ်းစားပါ။ Free day တရက် စိတ်လွတ်ကိုယ်လွတ်နေနိုင်တဲ့တရက်ရှိဖို့ကြိုးစားပါ။
  • “Work Hard, Play Hard”ဆိုတဲ့ ကြိုးလည်းကြိုးစား စိတ်ပျော်တာလေးလည်းရှာကြံလုပ်ပါ။
  • စာလုပ်ဖို့အသစ်လေ့လာဖို့ အချိန်မလောက်ဖြစ်နေတယ်ဆိုရင် နေ့စဉ်လှုပ်ရှားသွားလာမှုတွေ(ကားစီးနေရင်း၊ဟင်းချက်နေရင်း) လုပ်နိုင်တာလုပ်ကြည့်ပါ။

5) Weekly Calendar စစ်ပါ။

  • Learning goal တွေသတ်မှတ်မယ်။
  • what, why, how တွေမေးပြီး ဆန်းစစ်မယ်။
  • Week တပတ်စတိုင်း ဘာလေ့လာမှာလဲ ဆုံးဖြတ်မယ်။
  • ဘာတွေအရေးတကြီးလုပ်ချင်လဲဆိုတာ စီမံမယ်။

Study Plan တော့ဆွဲထားတယ် လုပ်ရမှာတွေလည်းသိပြီး Time Management မနိုင်ရင်လည်းဆိုးကျော့သံသရာဖြစ်နေမှာပါပဲ..
Study Plan အတိုင်းလုပ်ဖြစ်ဖို့…

1) break ယူဖို့မကြောက်ပါနဲ့ ။ Break ယူလိုက်လို့ ညံ့သွားမလားမတွေးပါနဲ့ .. အနားယူမှုက လိုကိုလိုအပ်ပါတယ် လိုတာထက်တော့မကြာပါစေနဲ့..

2)balanced schedule ထားပါ။ စာလေ့လာရမယ်ကြီးပဲမဟုတ်ပါဘူး..တခြားသော non academic activities (crochet, playing tennis, gardening, etc..)တွေအများကြီးလုပ်နိုင်ပါတယ်။လုပ်ပါ။ fresh ဖြစ်နေဖို့လိုပါတယ်။

3)တာဝန်ခံမှုရှိပါ။  Study Plan ချမယ်ဆိုရင်လိုက်လုပ်မယ်လို့စိတ်ကိုဆုံးဖြတ်ထားပါ။ တာဝန်ရှိတယ်လို့သဘောထားပါ။ self study လုပ်လို့ပျင်းနေတယ်ဆိုရင် study Partner ရှာပြီး share ပါ။ Learnလုပ်ပါ။

4) Study plan ကို ပြောင်းလဲပါ။ အမြဲတစေ တခုထဲ လုပ်နေရင် ပျင်းလာမှာအသေအချာမို့ ပိုပြီးကျွမ်းကျင် Productivityကောင်းအောင် ပြောင်းသင့်ရင်ပြောင်းပါ။

အနှစ်ချုပ်ကတော့…

  • လေ့လာချင်တာတွေကိုတွေးလိုက်ပါ။
  • အရေးကြီးဆုံးကိုချရေးပါ။
  • အနားယူဖို့အချိန်တွေးပါ။
February 27, 2022
© Copyright 2022 | Developed By Impulse International.