ကိုဗစ်ကူးစက်မှုတွေ များလာတာတွေကြောင့် အရင့်အရင်နှစ်တွေထက် 2020 ခုနစ်နောက်ပိုင်းမှာ သင်ကြားရေးနည်းစနစ်ပုံစံတွေ သိသိသာသာ ပြောင်းလဲလာပြီဖြစ်ပါတယ်။
လူချင်းတွေ့ပြီး စာသင်ကြားနေတဲ့ Offline Learning ကနေ၊ Zoom, Google Meet တွေသုံးပြီး Online Learning ဘက်ကူးလာပြီဖြစ်တယ်။
တချို့လည်း Hybrid Learning Style ( Online Offline အရော) နဲ့ သွားနေကြပါတယ်။ ဒီနေရာမှာ ဆရာနဲ့ တစ်ဦးချင်းစီ သင်ကြားရမှာ မသိ နားမလည်တာတွေ မေးဖို့က လွယ်ပေမယ့်၊ လူအများနဲ့ သင်ကြတဲ့အခါမှာ Learning Stlye တွေ မတူတတ်ကြလို့ စာလေ့လာရာမှာ အခက်တွေ့တာလေးတွေ ရှိနေကြတာ တွေ့ရပါတယ်။
ဒါကြောင့် ဒီနေ့မှာ 1960 လောက်က Fleming နဲ့ Mils တို့ တီထွင်ခဲ့တဲ့ VARK ဆိုတဲ့ Learning Styles အကြောင်း ပြောချင်ပါတယ်။
V – Visual
A – Auditory
R – Reading & Writing
K – Kinesthetic စတဲ့ ဝေါဟာရတွေရဲ့ အစ စကားလုံးတွေကို ယူထားတာပါ။
Visual
အကယ်၍ သင်က စာအပိုဒ်လိုက်တွေကို လေ့လာတဲ့အခါ အချိန်အများကြီး ပေးရပေမယ့် သရုပ်ပြပုံတွေ၊ ဇယားတွေ၊ Chemical Bond စတာတွေ လေ့လာတဲ့အခါ အာရုံစိုက်နိုင်အားကောင်းတဲ့သူလား ?
ဒါဆိုရင် Visual Learner အုပ်စုထဲ ပါ,ပါတယ်။ Detail ကျတဲ့ အချက်အလက်တွေကို မှတ်မိဖို့ လွယ်တဲ့အတွက် စာလေ့လာတဲ့အခါ Charts, Graphs Diagrams, Color-Coded Notes စတာတွေကို သုံးသင့်ပြီး Animated Video, Demonstration Video တွေနဲ့ ရှင်းပြထားတဲ့ သင်ခန်းစာတွေကို ရှာဖွေလေ့လာသင့်ပါတယ်။
Auditory
စာလုပ်အခါမှာလည်း နှုတ်ကနေရွတ်ဖတ်ပြီး လေ့လာတဲ့သူ၊ သူငယ်ချင်းတွေနဲ့ ပြိုင်တူအလွတ်ကျက်မှတ်သူတွေက Auditory Learner အုပ်စုဖြစ်ပါတယ်။
စာသင်တဲ့အချိန် ခေါင်းတညိတ်ညိတ်နဲ့ လုပ်တတ်ပြီး ၊ မေးခွန်းတွေ ခနခန ထမေးတတ်တဲ့သူတွေ ဖြစ်တဲ့အတွက် ဆရာတွေ သတိထားမိဆုံးဖြစ်တတ်တဲ့ ကျောင်းသားတွေပါ။ ဒီလိုသူတွေက Podcasts, Audio Books တွေကနေတဆင့် လေ့လာတာမျိုး၊ Group Discussion လုပ်တာမျိုးတွေက အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။
Reading & Writing
ကျောင်းဖတ်စာအုပ်ကနေ နိုဗယ်၀တ္ထုတွေအထိ အသေးစိတ်ဖတ်ရတာ၊ စာမှတ်ရတာကြိုက်ကြတဲ့ ” စာအုပ်ကြီးသမား ” တွေကို မြင်ဖူးကြမှာပါ။
သူတို့က လက်ရေးလှလှနဲ့ Notes မှတ်တတ်သူ၊ Highlight လုပ်ပြီး စာဖတ်တတ်သူ၊ စာပိုဒ်တွေကို အကျဉ်းချုံးပြီးမှ လေ့လာတတ်တဲ့ Reading & Writing အားသာတဲ့အုပ်စုဖြစ်ပါတယ်။ သူတို့ကတော့ စာလေ့လာတဲ့အခါ One-on-one Tutoring မျိုးနဲ့ ကိုက်ညီမှာ ဖြစ်ပါတယ်။
Kinesthetic
ဒီအမျိုးအစားကတော့ ထိတွေ့ကိုင်တွယ်လို့ရတဲ့ သင်ထောက်ကူပစ္စည်းတွေနဲ့ သင်မှ ပိုမှတ်မိတယ်ဆိုတဲ့ အုပ်စုဖြစ်ပါတယ်။
ဒါကြောင့် Arts, Sports, Design, Technology တွေလိုမျိုး လက်တွေ့လုပ်ရတဲ့ Activity တွေနဲ့ပေါင်းစပ်ပြီး လေ့လာတာက အသင့်တော်ဆုံးပါ။ ဒီ Kinaesthetic တွေက စာလေ့လာတဲ့အခါ Break Time များများယူကြတယ်လို့လည်း စစ်တမ်းတွေမှာ တွေ့ရပါတယ်။
ဒီစာကိုဖတ်ပြီး ထိထိရောက်ရောက်စာလေ့လာသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။
သင်ရော V.A.R.K မှာ ဘယ်လို Learning Style နဲ့ စာလေ့လာဖြစ်လဲ? Comment မှာရေးပေးသွားပါဦးနော်။
