ထိထိရောက် မှတ်စုမှတ်နည်း (Note Taking) နည်းလမ်း နှစ်ခု

ကျွျွတော်တို့ အထက်တန်းကျောင်းကတည်းကစလို့၊ ကောလိပ်၊ တက္ကသိုလ်၊ သင်တန်းကျောင်းတွေတက်တယ်၊ နောက်ဆုံးအလုပ်ခွင်ထဲမှာပါ Note Taking ဆိုတဲ့ ‘ မှတ်စု ‘ မှတ်တတ်တဲ့အကျင့်နဲ့ မစိမ်းတော့ပါဘူး ။ တကယ်လို့ သင်က Visual Learner တယောက်ဆိုရင်တော့ မကြာခနဆိုသလို မှတ်စုမှတ်တာ အကျင့်ပါနေလောက်မှာပါ။

တကယ့်တကယ်မှာလည်း သင်ယူလေ့လာထားသမျှ၊ ကြားခဲ့ရသမျှ သင်ခန်းစာတွေက ပြန်ပြီးမလေ့လာဖြစ်ဘူးဆိုရင် လုံးစေ့ပတ်စေ့မမှတ်မိတော့ပါဘူး။ ဒီနေ့လေ့လာပြီး၊ နောက်တရက်ကူးသွားရင်တောင် စာတွေက မေ့တေ့တေ့ဖြစ်နေတတ်ပါတယ်။

ဒါကြောင့်လည်း လေ့လာထားသမျှတွေကို နောက်တကြိမ်ပြန်ကြည့်တဲ့အခါ၊ သင်ခန်းစာတခုချင်းစီရဲ့ အရေးကြီးဆုံးအပိုင်းတွေကို ရေးမှတ်ထားဖို့ လိုအပ်လာတာပါ။

Note မှတ်တဲ့နေရာမှာ Handwritten ( လက်ရေးနဲ့ချမှတ်ခြင်း ) နဲ့ Digital Note – Taking ( ဒစ်ဂျစ်တယ် မှတ်စုမှတ်ခြင်း ) ဆိုပြီး နှစ်မျိုးရှိပါမယ်။ လက်ရေးနဲ့ပဲ မှတ်မှတ်၊ Digital နဲ့မှတ်မှတ် ကိုယ်သန်ရာနည်းလမ်းနဲ့မှတ်နိုင်ပါတယ်။ ဒီနေ့မှာ တကယ်ကိုအသုံးတည့်တဲ့ မှတ်စုမှတ်နည်း 2 နည်းကိုပြောပြပေးချင်ပါတယ်။

Cornell Note-Taking

  • ဒီနည်းလမ်းလေးက 1950 လောက်မှာ Cornell တက္ကသိုလ်က Prof. Walter Pauk တီထွင်ခဲ့တာပါ။
  • Cornell မှတ်စုမှတ်နည်းက Title , Keyword, Note နဲ့ Summary ဆိုပြီးလေးပိုင်းရှိပါတယ်။
  • Title က ထုံးစံအတိုင်း စာရဲ့ခေါင်းစဉ်နေရာဖြစ်ပြီးတော့၊ Keyword ဆိုတဲ့နေရာမှာ ကိုယ်အဓိကမှတ်ချင်တဲ့ စကားလုံးတွေ၊ မေးခွန်းတွေကို အတိုကောက်ထည့်ရေးရပါမယ်။
  • Keyword နေရာအတွက် စာရွက်ရဲ့ 30% သာထားရမှာဖြစ်ပါတယ်။ Note ဆိုတဲ့နေရာမှာတော့ 70% လောက်ပေးရမှာပါ။ ဒီနေရာမှာ Keyword ကို စာအရှည်နဲ့ရှင်းပြရမှာဖြစ်ပါတယ်။
  • Summary မှာတော့ ထုံးစံအတိုင်းမှတ်စုလေးတွေရေးမှတ်နိုင်ပါတယ်။ ဒီနည်းက ရိုးလည်းရိုးရှင်းတယ်။ စာမေးပွဲတွေ၊ Assignment တွေနီးတဲ့အခါ လွယ်လွယ်ကူကူနဲ့ စာပြန်ကြည့်လို့ရတဲ့ နည်းလမ်းလေးပါ။

Mind Mapping

ဒီနည်းလမ်းရဲ့ Concept က အဓိကမှတ်ထားချင်တဲ့ Idea တွေကို Hierarchical Format ဆိုတဲ့ ( အထက်၊အောက် တဆင့်ချင်းစီ Note မှတ်တာမျိုး ) မဟုတ်ဘဲ၊ Bursts of Connection ( ဆက်တိုက်၊ အချိတ်အဆက်လေးတွေ ) နဲ့ ‌မြေပုံတခု ဖန်တီးနိုင်ဖို့ပါ။

  • Information အများကြီးကိုမှတ်ရခက်နေတာမျိုး၊
  • Brainstorm လုပ်ဖို့လိုအပ်နေတဲ့အခါမျိုးမှာ
  • ရှုပ်ထွေးနေတဲ့အကြောင်းအ‌ရာတွေကို ရှင်းရှင်းလင်းလင်းနဲ့မှတ်သားဖို့ လိုနေတဲ့အချိန်မျိုး၊
  • Creativity ကောင်းအောင်လေ့ကျင်ချင်တဲ့အချိန်မျိုးမှာ အသုံးတည့်ပါတယ်။

Mind Mapping နည်းလမ်းက Central Idea/ Main Topic တခုကိုတည်ပြီး၊ Branches, Lines နဲ့ မှတ်ချင်သလောက်ချဲ့ထွင်မှတ်နိုင်ဖို့ ကူညီနိုင်ပေးနိုင်တဲ့အပြင် Subcategories တွေနဲ့ဆိုတော့ မှတ်ထားတဲ့ မှတ်စုတွေကို ဘယ်အချိန်ကြည့်ကြည့်မှတ်မိနေဖို့ လွယ်သွားပါလိမ့်မယ်။

ကဲ lhm လေးတွေလည်း ဘယ်လို Note Taking နည်းလမ်းတွေကို လုပ်ဖြစ်လဲ ပြန်လည် မျှဝေပေးသွားလို့ရပါတယ်နော်။

အဆင်ပြေကြပါစေရှင်။

© Copyright 2022 | Developed By Impulse International.