မြန်မာပြည်ကနေ International School ကို အခမဲ့တက်ကြမယ်

မြန်မာပြည်က မိဘတို့ရေ….. စျေးနှုန်းတွေက မြင့်ပြီး ဝင်ငွေကျပ်တည်းနေတဲ့ကာလမှာ ကိုယ့်သားသမီးကို International School မပို့နိုင်လို့ စိတ်ညစ်နေတယ်ဆိုရင် ဒီဆောင်းပါး လေးကို အဆုံးထိဖတ်လိုက်တော့နော်။

ဒီကနေ သတင်းကောင်းလေးတစ်ခုကို ပြောပြပါရစေ။ တကယ့်ကို သတင်းကောင်းလေး တစ်ခုပါနော်။ အမေရိကန်နိုင်ငံမှာရှိတဲ့ International School တွေကိုယ်တိုင် ကျောင်းမှာ ဖတ်စာအုပ် ထုတ်မပေးဘဲ စာသင်ခန်းထဲမှာ ကွန်ပျူတာနဲ့ ကိုယ်တိုင်လေ့လာရတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ သူတို့သင်ယူလေ့လာရတဲ့ Website ကို လေ့လာကြည့်တဲ့အခါမှာ တကယ်ကို စာသင်ခန်းထဲမှာ လေ့လာသင်ယူနိုင်အောင် သင်ရိုးတွေကို ရေးဆွဲပေးထားတာကို တွေ့ရှိရပါတယ်။

အဲဒီ Website ရဲ့လိပ်စာကတော့ https://www.khanacademy.org ဖြစ်ပါတယ် ကျောင်းနာမည်က တော့ Khan Academy ဖြစ်ပါတယ် အဲဒီ လိပ်စာကို ၀င်ကြည့်တဲ့အခါမှာ အင်မတန်ကောင်းတဲ့  အပြည်ပြည်ဆိုင်ရာ သင်ရိုးညွှန်းတမ်း အပြည့်အစုံကို မူကြိုကနေ အထက်တန်းထိ ထည့်သွင်းပေးထားတာကို တွေ့ရပါတယ်။ ပိုက်ဆံ များပေးရသလားလို့ လေ့လာကြည့်လိုက်တဲ့အခါ လုံး၀အခမဲ့ဖြစ်နေပါတယ်နော်။ တကယ့်ကို အခမဲ့ပညာ ဘဏ်တိုက်ကြီးတစ်ခုကို ဘုရားကျေးဇူးနဲ့ တွေ့ခွင့်ရလိုက်တာပါဘဲ။ ဒီ၀ဘ်ဆိုက်မှာ သင်ခန်းစာရှင်းပြတဲ့ ဗီဒီယိုလင့်တွေနဲ့ လေ့ကျင့်ခန်းဗီဒီယိုလင့်တွေအပြင် စာမေးပွဲ လေ့ကျင့်ခန်း တွေကိုပါ သင်ခန်းစာအလိုက် ထည့်သွင်းထားပါတယ်။ ဒါ့အပြင် သင်ကြားရေးဗီဒီယိုတွေမှာ subtitle ထိုးပေးထားပါသေးတယ်။ ကျောင်းသားအနေနဲ့ ၀င်လို့ရသလို ဆရာအနေနဲ့ရော မိဘ အနေနဲ့ပါ ၀င်ရောက်လေ့လာသင်ကြားနိုင်ပါတယ်။ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓါတု၊ ရူပ၊ ဇီ၀၊ ကွန်ပျူတာ၊ သမိုင်း၊ ပထဝီ၊ စီးပွါးရေး စတဲ့ ဘာသာစုံ အခြေခံပညာရပ်တွေအားလုံး ထည့်သွင်းပေးထားတဲ့အတွက် ကျောင်းသား၊ ဆရာ၊ မိဘတွေအတွက် အလွန်အကျိုးရှိတဲ့ ပညာရေးဘဏ်တိုက်ကြီး တစ်ခုဖြစ်ပါတယ်။

aဒါ့ပြင် နိုင်ငံတကာအဆင့်မီ စာမေးပွဲတွေဖြစ်တဲ့ SAT, MCAT, GMAT စတဲ့ စာမေးပွဲတွေကို လေ့ကျင့်ပြင်ဆင်နိုင်ပါတယ်။ ကဲ ဘာလိုသေးလဲ မိဘတို့ရေ။ ကွန်ပျူတာ ကောင်းကောင်းနဲ့ အင်တာနက် ရှိဖို့တော့ လိုအပ်ပြီး ကလေးငယ်တွေ တစ်နေ့ တစ်နာရီ နှစ်နာရီ ကိုယ်တိုင် လေ့လာရုံနဲ့ နိုင်ငံတကာ သင်ရိုးညွှန်းတမ်း သင်ခန်းစာ တွေနဲ့ ထိတွေ့မှု ရှိနိုင်ပါတယ်။ ၀ဘ်ဆိုက်ကို ၀င်ရောက်တဲ့အခါမှာ ကိုယ့်ရဲ့ Facebook အကောင့် သို့မဟုတ် Gmail account နဲ့ လွယ်လွယ်ကူကူ ၀င်ရောက်နိုင်ပါတယ်။ Kindergarten ကနေ grade 1-8 ပြီးတဲ့အခါမှာတော့ High school level အထိ ရှိပါတယ်။ ပိုက်ဆံ ပေးစရာမလိုပဲ အင်္ဂလိပ် ဆရာ/ဆရာမတွေရဲ့ ပို့ချချက်တွေကို အိမ်မှာ ထိုင်နားထောင်၊ လိုက်ကြည့်၊ လေ့လာ မှတ်သား၊ ပြန်လည်လေ့ကျင့်ရုံပါပဲနော်။

မြန်မာပြည်က သားသမီးပညာရေး လိုက်စားတဲ့ မိဘတို့ရေ အခုဘဲ ကန်အကယ်ဒမီမှာ အပြေးသာ ကန်လိုက်ကြပါတော့နော်။

© Copyright 2022 | Developed By Impulse International.