လုပ်ငန်းအထောက်အကူဖြစ်ဖို့ရာ WEBMAIL သို့မဟုတ် G SUITE သုံးပါ

Webmail ဆိုတာ Internet ပေါ်ကနေ တစ်ဦးနဲ့တစ်ဦး Information တွေ အပြန်အလှန်ပေးပို့နိုင်တဲ့ E-mail အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် mail ပို့တဲ့အခါတွေမှာ user@gmail.com နဲ့ ပို့လေ့ရှိကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ (@companyname.com) ဆိုတာမျိုးတွေ တွေ့ဖူးကြမှာပါ။ အဲ့ဒါကို Webmail လို့ခေါ်ပါတယ်။

Webmail က မိမိလုပ်ငန်းအတွက် ဘယ်လို အကျိုးပြုတယ် လုပ်ငန်းကိစ္စတွေမှာ ဘာကြောင့် Gmail အစား Webmail သုံးသင့်တယ် ဆိုတာ အောက်က အချက်တွေမှာ ဖော်ပြပေးထားပါတယ်။

(@companyname.com ) company name ဆိုတဲ့ နေရာမှာ Company ရဲ့ လုပ်ငန်းနာမည် နဲ့မှသာ ဖွင့်လို့,တာဖြစ်တဲ့အတွက် လုပ်ငန်းနာမည်ကိုပါ တခါတည်း တွဲမှတ်မိနေနိုင်သည့်အပြင် Customer နဲ့ မိမိလုပ်ငန်းကြားမှာ ယုံကြည်စိတ်ချမှု အပြည့်အဝရရှိစေမှာပါ။
Gmail အသုံးပြုပုံနဲ့လည်း ဆင်တူတာမို့ ဝင်ရောက်အသုံးပြုရာမှာ လွယ်ကူရိုးရှင်းလှပါတယ်။
Gmail က လူတိုင်း ဖွင့်လို့ရပေမဲ့ Webmail မှာက မူလပိုင်ရှင်ကိုယ်တိုင်ကသာ ဖွင့်ပေးနိုင်သည့်အတွက် ဆင်တူယိုးမှားပြုလုပ်ခြင်းတွေလည်းရှိမှာမဟုတ်တော့ပါဘူး။
Webmail အသုံးပြုရန် မည်သည့် Software မှ တပ်ဆင်စရာမလိုအပ်ပဲ Internet Browser တစ်ခုသာ လိုပါတယ်။
ဖုန်းနဲ့လည်း အသုံးပြုနိုင်တာကြောင့် အချိန်မရွေး အလွယ်တကူ mail ပို့နိုင်ပါတယ်။

ကဲ ဒီလောက်ဆိုရင်တော့ လုပ်ငန်းအတွက်အသုံးဝင်တဲ့ Webmail အကြောင်း သိသင့်သလောက်သိရှိလောက်ပြီထင်ပါတယ်။

ဒါ့အပြင် Webmail သုံးရာမှာ လိုအပ်တဲ့ Company Name (@companyname.com ) ရှိရုံမျှဖြင့် Webmail သာမက Enterprise Email Service တစ်ခုဖြစ်တဲ့ Google ရဲ့ G Suite နဲ့လည်း တွဲဖက်အသုံးပြုနိုင်ပါသေးတယ်။

ကျွန်တော်တို့ဟာ လုပ်ငန်းရဲ့ ထုတ်ကုန်တွေတိုးတက်လာစေဖို့ရန်နဲ့ လုပ်ငန်းကြီးအောင်မြင်စွာလည်ပတ်နိုင်ဖို့ရန်အတွက် Software as a service (SaaS) တွေ များစွာ ပုံမှန်သုံးရလေ့ရှိကြပါတယ်။

ဒီလို SaaS တွေထဲကမှ ကျွန်တော်တို့ လက်မလွှတ်တမ်းသုံးသင့်တဲ့ software ကို ညွှန်းပါဆိုရင်တော့ G Suite ကိုပဲ ပြောရပါလိမ့်မယ်။

G Suite ဟာဆိုရင် စီးပွားရေးလုပ်ငန်းရဲ့ Email Solution အတွက် အမှန်ကန်ဆုံးသော ရွေးချယ်မှုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ G Suite ရဲ့လုပ်ဆောင်နိုင်စွမ်းတွေက Email တစ်ခုတည်းမဟုတ်ပါဘူး။

သူ့မှာ စီးပွားရေးလုပ်ငန်းအတွက် အသုံးလိုတဲ့ Applications (e.g. Google Calendar, Google Drive, Google Docs, Sheets) တွေနဲ့ တွဲဖက်လုပ်ဆောင်နိုင်တဲ့ Features မျိုးစုံပါရှိပါသေးတယ်။

Features တွေထဲက အများစုကလည်း သင်နဲ့ရင်းနှီးပြီးသား Google Features တွေဖြစ်တာမို့ အသုံးပြုရလည်း အဆင်ပြေစေမှာပါ။

November 23, 2023
© Copyright 2022 | Developed By Impulse International.