ကူဝိတ် ဒီနာ၊ ဘာရိန်းဒီနာ၊ အိုမန်ငွေ ရီရဲယ် ၊ ဂျော်ဒန်ဒီနာ ၊ ဗြိတိန်စတာလင်ပေါင်၊ ကေမန်ကျွန်းစုများ ဒေါ်လာ၊ ယူရို၊ ဆွစ်ဖရန့် ၊ အမေရိကန်ဒေါ်လာ၊
ကူဝိတ် ဒီနာ
ကူဝိတ် ဒီနာ(KWD)အား ၎င်း၏မြင့်မားသောတန်ဖိုးနှင့်အတူ ၂၀၂၃ ခုနှစ်၏ ခိုင်မာမှုအရှိဆုံး ငွေကြေးအဖြစ် သတ်မှတ်ထားသည်။ ၎င်းသည် အမေရိကန်ဒေါ်လာနှင့် ပုံသေချိတ်ဆက်မှုကို ဖြတ်တောက်ခဲ့ပြီး၊ လွပ်လပ်သော စျေးနှုန်းရွေ့လျားမှုကို ရရှိခဲ့သည်။ ကူဝိတ်သည် ပါရှန်ပင်လယ်ကွေ့၏ အနောက်မြောက်ဘက် နှင့် ထိစပ်နေသော အရှေ့အလယ်ပိုင်း၏ အချမ်းသာဆုံး နိုင်ငံဖြစ်သည်။ ကူဝိတ်၏ ငွေကြေးတန်ဖိုးအား မြှင့်တင်ပေးသော အရာမှာ ရေနံဖြစ်သည်။ ကူဝိတ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ကြီးမားသော အချုပ်အခြာအာဏာပိုင် ကြွယ်ဝမှုရန်ပုံငွေကို တည်ထောင်ခဲ့သည်။ ဤရန်ပုံငွေအား ကူဝိတ်ရင်းနှီးမြှုပ်နှံမှု အာဏာပိုင် အဖွဲ့အစည်း(KIA)မှ စီမံခန့်ခွဲ၍ ကူဝိတ်၏ တန်ဖိုးအား ရေရှည် ထိန်းသိမ်းပေးသည်။
ကူဝိတ်၏ စီးပွားရေးသည် နိုင်ငံ၏ ကြီးမားသော ရေနံနှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ်များနှင့် ရေနံတင်ပို့မှုအပေါ် အလုံးစုံ အခြေခံထားသောကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းကျဆင်းမှုသည် ကူဝိတ်၏ စီးပွားရေးကို အနုတ်လက္ခဏာပြစေသည်။ သို့ရာတွင် KIA သည် ကူဝိတ်ဒီနာ(KWD)၏တန်ဖိုး တည်ငြိမ်၍ ခိုင်မာမှုရှိစေရန် ၇နှစ်စာတန်ပြန်စီမံကိန်းအား ရေးဆွဲထားသည်။ ဝယ်လိုအားမြင့်တက်ခြင်း ကြောင့် စျေးနှုန်း မြင့်တက်စေပြီး နိုင်ငံ၏ တရားဝင် ပြည်တွင်းသုံးငွေကြေးကို အားကောင်းစေသည်။ အပြန်အလှန်အားဖြင့် ဝယ်လိုအားကျဆင်း၍ ရောင်းလိုအားမြင့်မားမှုသည် ဆီနှင့်ရေနံစျေးအား ကျဆင်းစေပြီး ကူဝိတ်၏ စီးပွားရေးကို ထိခိုက်စေသည်။
1 KWD = 3.26 USD
ဘာရိန်းဒီနာ
ဘာရိန်းသည် ယခင်ဗြိတိသျှကိုလိုနီလက်အောက်ခံ နိုင်ငံငယ်တခုဖြစ်သည်။ ဘာရိန်းဒီနာသည် ဒုတိယ တန်ဖိုးအမြင့်ဆုံး ငွေကြေးဖြစ်သည်။ US ဒေါ်လာတန်ဖိုးဖြင့် တွဲဖက်ရာတွင် ဘာရိန်းဒီနာ၏ ငွေကြေး ဖြစ်သော BHD သည် အိုမန်ငွေ rial ထက် အနည်းငယ်အားသာသော အနေအထားတွင်ရှိသည်။ ရေနံဆီ စျေးနှုန်းကျဆင်းမှုသည် ဘာရိန်း၏ စီးပွားရေးအပေါ် ထိခိုက်နစ်နာစေသော သက်ရောက်မှုများ ရှိနေသော်လည်း ဘာရိန်းဒီနာ၏ နှစ်စဥ်ပျှမ်းမျှတန်ဖိုးမှာ ၂၀၁၁ ကတည်းကပင် တည်ငြိမ်မှုရှိခဲ့သည်။ ဘာရိန်း သည် ငွေကြေးဖောင်းပွမှုနိမ့်ပါးပြီး တည်ငြိမ်သောအခြေအနေအား ထိန်းသိမ်းထားနိုင်သည်။ ၎င်း၏ ငွေကြေးဖောင်းပွနှုန်းနှေးကွေးခြင်းနှင့် တည်ငြိမ်မှုတို့သည် စီးပွားရေးအခြေအနေကို ခိုင်မာစေသော အချက်များဖြစ်သည်။ ရလာဒ်အနေဖြင့် ဘာရိန်းဒီနာသည် ကျွန်ုပ်တို့၏ အဆင့်သတ်မှတ်ချက်တွင် ဒုတိယ တန်ဖိုးအမြင့်ဆုံး ငွေကြေးယူနစ် ဖြစ်လာခဲ့သည်။
1 BHD = 2.65 USD
အိုမန်ငွေ ရီရဲယ်
တတိယမြောက် တန်ဖိုးအမြင့်ဆုံးငွေကြေးမှာ အိုမန်ငွေကြေး ရီရဲလ်ဖြစ်သည်။ ၁၉၈၆ ခုနှစ်တွင် နောက်ဆုံးမွမ်းမံမှုပြုလုပ်ခဲ့ပြီးနောက်ပိုင်း 1 OMR = 2.6008 USD ပုံသေနှုန်းထားဖြင့် ရပ်တည်နေခဲ့ခြင်း ဖြစ်သည်။ အိုမန်၏ အစဥ်အလာကြီးမား၍ တင်းကြပ်သော ငွေကြေးမူဝါဒနှင့် ဘဏ္ဍာရေး ကန့်သတ်ချက်များအရ အိုမန်ငွေနှင့် US ဒေါ်လာအကြား ငွေလဲနှုန်းအား ပုံသေထိန်းချုပ်ထားသည်။ ကံမကောင်းစွာဖြင့် မကြာခဏဖြစ်ပွားလေ့ရှိသော အရှေ့အလယ်ပိုင်းဒေသ၏ တိုက်ပွဲများမှ အကာအကွယ် ရရှိရန် အိုမန်နိုင်ငံရေးသမားများသည် ငွေကြေးစီးဆင်းမှုအား အစဥ်တစိုက် ထိန်းချုပ်ခဲ့ကြသည်။ ရလာဒ် အနေဖြင့် နိုင်ငံ၏ တရားဝင်ငွေလဲနှုန်းမှာ မြင့်တက်လာခဲ့ပြီး အိုမန်၏ ချေးငွေကန့်သတ်ချက်များသည် ကမ်းလွန်စီးပွားရေး လုပ်ငန်းများနှင့် စွန့်စားမှုမြင့်မားသော Forex ကုန်သွယ်ရေး ခြေလှမ်းအစပျိုးမှုအတွက် အခြေအနေကောင်းကို ဖြစ်ပေါ်စေခဲ့သည်။
1 OMR = 2.60 USD
ဂျော်ဒန်ဒီနာ
ဂျော်ဒန်ဒီနာ(ငွေကြေးကုဒ် – JOD)သည် ၁၉၉၅ ခုနှစ်ကပင် အမေရိကန်ဒေါ်လာနှင့် ချိတ်ဆက်ထားခဲ့ပြီး အမေရိကန်ဒေါ်လာထက် တန်ဖိုးမြင့်မားသည်။ ၎င်းသည် ကမ္ဘာ့စတုထ္ထမြောက် တန်ဖိုးအမြင့်ဆုံး ငွေကြေး ဖြစ်သည်။ အမေရိကန်ရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်ရန် ဂျော်ဒန်၏ တရားဝင် တင်ဒါ တည်ငြိမ်မှုအတွက် ထိုသို့ ချိတ်ဆက်ထားခြင်းဖြစ်သည်။ အရေးကြီးမှတ်သားရမည့်အချက်မှာ မည်သည့် နိုင်ငံမဆို ၎င်း၏ ငွေကြေးအား အမေရိကန်ဒေါ်လာနှင့် အချိန်မရွေး ချိတ်ဆက်နိုင်သည်။ ချိတ်ဆက်မှုအား ထိန်းသိမ်းထားရန် ဂျော်ဒန်ဒီနာကဲ့သို့ပင် အမေရိကန်ဒေါ်လာနှင့် ဆက်စပ်နေသော ၎င်း၏တန်ဖိုးကို ထိန်းသိမ်းထားရန် လိုအပ်သည်။ ဂျော်ဒန်သည် နှစ်ဆယ့်တစ်ရာစု၏ ပထမဆယ်စုနှစ် နှစ်ခုအတွင်း ထိုသို့အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
1 JOD = 1.41 USD
ဗြိတိန်စတာလင်ပေါင်
BOE သည် ဗြိတိန်စတာလင်ပေါင် (GBP)၏ တန်ဖိုးအား ဆုံးဖြတ်ရာတွင် အရေးအကြီးဆုံး ဖြစ်သော်လည်း အခြားအကြောင်းတရားများလည်း ရှိနေပါသေးသည်။ ငွေကြေးဖောင်းပွခြင်းများနှင့် စီးပွားရေးတိုးတက်မှု နှုန်းများသည်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ကြသည်။ Forex စျေးကွက်သုံးသပ်ချက် သည်လည်း အခြားစဥ်းစားသင့်သော အင်္ဂါရပ်တခုဖြစ်သည်။ UK၏ စီးပွားရေးမှာ ကမ္ဘာပေါ်တွင် ထိပ်တန်းမှ ရပ်တည်လျှက်ရှိသောကြောင့် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးဖြစ်စဥ်များသည် စတာလင်ပေါင်၏ တန်ဖိုး အပေါ်တွင် အကျိုးသက်ရောက်မှုရှိသည်။
1 GBP = 1.27144 USD
ကေမန်ကျွန်းစုများ ဒေါ်လာ
ကေမန်ကျွန်းစုများဒေါ်လာ (KYD)ငွေလဲနှုန်းအား ၁၉၇၀ ပြည့်နှစ်များမှ စတင်၍ 1.20USDနှုန်းဖြင့် ပုံသေသတ်မှတ်ထားခဲ့သည်။ ၎င်းသည် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေကြေးများစာရင်းတွင် အဆင့် (၆) နေရာကို ရယူထားသည်။ အမေရိကန်ဒေါ်လာထက် တန်ဖိုးမြင့်သော ငွေကြေးတခုအား ထုတ်လုပ်မှုသည် ရိုးရှင်းသော လုပ်ငန်းစဥ်တခုဟု ထင်ရပါသည်။ သို့ရာတွင် ၎င်းသည် အထင်အမြင်များထက် ပို၍ ရှုပ်ထွေးသော လုပ်ငန်းစဥ်တရပ် ဖြစ်သည်။ ဒေသတွင်းစီးပွားရေးအခြေအနေများ ဆိုးဝါးနေချိန်များနှင့် US မှ အတိုးနှုန်းတိုးမြှင့်လိုက်သောအချိန်များတွင် ကေမန်ကျွန်းစုဒေါ်လာနှင့် အမေရိကန်ဒေါ်လာ ဤသို့ ချိတ်ဆက်မှုမျိုးအား ပုံသေထိန်းသိမ်းထားရန် ခက်ခဲနိုင်ပါသည်။ ကေမန်ကျွန်းစုများဒေါ်လာ၏ ငွေလဲနှုန်းတန်ဖိုးအား အခွန်ကင်းလွတ်ခွင့်ရနိုင်ငံဟူသော ဂုဏ်အဆင့်အတန်းဖြင့် မြှင့်တင်ထိန်းသိမ်း ထားသည်။
1 KYD = 1.20 USD
ယူရို
ဥရောပယူရိုသည် ကမ္ဘာပေါ်တွင် ဒုတိယကုန်သွယ်မှု အများဆုံး ငွေကြေးဖြစ်ပြီး အခိုင်မာဆုံးဟု ယူဆရသော ငွေကြေးများတွင် အပါအဝင်ဖြစ်သည်။ ၎င်းသည် ဥရောပတိုက်တခုလုံး၏ ငွေကြေးမူဝါဒ အတွက် တာဝန်ခံထားသော၊ ဥရောပသမ္မဂ ယူရိုဇုန်အတွက် ငွေကြေးမူဝါဒများ ချမှတ်သော ဥရောပဗဟိုဘဏ် (ECB) သည် အခြားသောဗဟိုဘဏ်များထက် နိုင်ငံပိုင်အစိုးရ၏လွှမ်းမိုးခြင်းမှ ကင်းလွတ်၍ လွပ်လပ်မှုရှိသည်။ ဤအမှီအခိုကင်းမှုသည် ဥရောပယူရို၏ ခိုင်မာမှုကိုပို၍ အားကောင်းစေ သည်။ သို့ရာတွင် ၎င်းသည် ဂရိနှင့် အီတလီကဲ့သို့သော အခြားနိုင်ငံများ၏ စီးပွားရေး လှုံ့ဆော်မှု ဆောင်ရွက်ချက်များ(ဥပမာ- အပိုငွေရိုက်နှိပ်ခြင်း)ကို တားမြစ်ထားသောကြောင့် ဥရောပအစိုးရ၏ ကြွေးမြီ အကြပ်အတည်းနှင့် အလုပ်လက်မဲ့ဦးရေကိုလည်း တိုးပွားစေသည်။ ၎င်းနှင့် အမေရိကန်ဒေါ်လာ ငွေကြေးအတွဲ EUR/USDမှာ ကမ္ဘာ့ Forex စျေးကွက်အတွင်း ရေပန်းအစားဆုံးနှင့် ကုန်သွယ်မှုအများဆုံး ငွေကြေးအတွဲဖြစ်သည်။
ဥရောပယူရိုသည် နိုင်ငံပေါင်း ၁၉ နိုင်ငံ၏ တရားဝင်ငွေကြေးဖြစ်သောကြောင့်၊ ၎င်း၏ တန်ဖိုးအား အဆိုပါနိုင်ငံများ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေများဖြင့် ဆုံးဖြတ်သည်။ အခြေအနေများ ဆိုရာတွင် စတော့စျေးကွက် အခြေအနေ၊ ခန့်မှန်းချက်အမှား/အမှန်များနှင့် ခွဲခြမ်း စိတ်ဖြာမှုများအပါအဝင် ECB၏ တိုင်းတာဆောင်ရွက်ချက်များလည်း ပါဝင်သည်။
1 EUR = 1.08704 USD
ဆွစ်ဖရန့်
ဆွစ်ဖရန့်သည် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေကြေးများတွင် အဆင့် (၈)နေရာ၌ ရပ်တည်နေသော ဆွစ်ဇာလန်နိုင်ငံ၏ တရားဝင်ငွေကြေးဖြစ်သည်။ ဥရောပကြွေးမြီ အကြပ်အတည်းနှင့် အမေရိကန် ငွေကြေးမူဝါဒကြောင့် ဖရန့်သည် ယူရိုနှင့် အမေရိကန်ဒေါ်လာတို့ထက် တန်ဖိုးမြင့်တက်ခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံတော် ဗဟိုဘဏ်သည် ဖရန့်နှင့်ယူရိုငွေ ဆက်လက်ချိတ်ဆက်ထားရန် မဖြစ်နိုင်တော့ပဲ ချိတ်ဆက်ထားမှုအား ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း ၂၀၁၅ ခုနှစ်တွင် ကြေငြာခဲ့သည်။ ဆွစ်ဇာလန်တွင် ယူရိုဖြင့် ငွေပေးချေမှုအား အခါအားလျော်စွာ လက်ခံသော်လည်း ပြန်အမ်းငွေကို ဆွစ်ဇာလန်ငွေဖြင့်သာ လက်ခံရရှိမည်ဖြစ်သည်။ နိုင်ငံခြားငွေကြေးစျေးကွက်၏ လုံခြုံရေးအဆင့်သတ်မှတ်ချက်တွင် ဆွစ်ဇာလန် သည် ထိပ်ဆုံးက ရပ်တည်နေပြီး၊ ငွေကြေးအတွဲများအတွက် အမြဲတမ်းလိုလို ဘေးကင်းသော ခန့်မှန်းချက် တခု ဖြစ်ခဲ့သည်။
၂၀၀၈ ခုနှစ် ဥရောပကြွေးမြီအကျပ်အတည်းကြောင့် ရင်းနှီးမြှုပ်နှံသူ အများအပြားသည် ဆွစ်ဇာလန် ဖရန့်အား အပြောင်းအလဲအဖြစ် ရွေးချယ်ခဲ့ကြသည်။ ဖရန့်ငွေ၏ တည်ငြိမ်မှုကြောင့် ဆွစ်ဇာလန်သည် လူတိုင်းအတွက် ယုံကြည်စိတ်ချရသော ရင်းနှီးမြှုပ်နှံရာနေရာ ဖြစ်လာခဲ့သည်။ ဖရန့်ငွေအား အကျပ်အတည်း ကာလများတွင်ပင် သေချာသောအကျိုးအမြတ်ကို ရရှိစေမည့် ရင်းနှီးမြှုပ်နှံမှုတခုအဖြစ် သတ်မှတ်ထားကြသည်။
0.86874CHF = 1 USD
အမေရိကန်ဒေါ်လာ
အမေရိကန်ဒေါ်လာ (USD)သည် အမေရိကန်ပြည်ထောင်စုမှ တရားဝင်ထုတ်ဝေသော ငွေကြေးဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်မှုအများဆုံး ငွေကြေးဖြစ်သလို အကြီးမားဆုံး အရန်ငွေကြေးများမှ တခုလည်းဖြစ်သည်။ US ဒေါ်လာသည် ကမ္ဘာတဝှမ်း အသုံးအများဆုံးငွေကြေးဖြစ်ပြီး နိုင်ငံတကာစျေးကွက်၏ ငွေလဲလှယ်မှုများ၊ အပြောင်းအလဲများအတွက် စံသတ်မှတ်ထားသော ငွေကြေးယူနစ်လည်း ဖြစ်သည်။ ၎င်းအား အမေရိကန်ပြည်ထောင်စု ပြင်ပရှိ နိုင်ငံအများအပြားတွင် တရားဝင်တင်ဒါအဖြစ်လည်း အသုံးပြုကြပြီး၊ တရားဝင်မဟုတ်သော ကိုယ်ပိုင်ငွေကြေးအဖြစ်လည်း သုံးစွဲလေ့ရှိကြသည်။
အမေရိကန်ဒေါ်လာအား နိုင်ငံတကာကုန်သွယ်ရေး၊ ဘဏ္ဍာရေးကဏ္ဍများအတွက် စီးပွားရေးအုတ်မြစ်တခု၊ ကမ္ဘာ့အရန်ငွေကြေးတခု အဖြစ် ကာလကြာမြင့်စွာကပင် မှတ်ယူခဲ့ကြသည်။ ကမ္ဘာပေါ်တွင် မည်သည့် အခြေအနေများ ဖြစ်ပျက်နေပါစေ၊ စိတ်ချယုံကြည်ရသော ရင်းနှီးမြှုပ်နှံမှုအဖြစ် သတ်မှတ်ထားကြသည်။ စျေးကွက်စိတ်ပညာနှင့် ပထဝီနိုင်ငံရေး စွန့်စားမှု၊ အခြေခံနှင့် နည်းပညာပိုင်းဆိုင်ရာ ပြောင်းလဲမှုများသည် ကမ္ဘာ့စျေးကွက်ရှိ ဒေါ်လာတန်ဖိုးကို လွှမ်းမိုးထားသည်။
ကနေးဒီးယန်းဒေါ်လာ
ကနေဒါ၏ တရားဝင်ငွေကြေးဖြစ်သော ကနေးဒီးယန်းဒေါ်လာသည် ကမ္ဘာ့ကုန်သွယ်မှု အများဆုံး ငွေကြေးများတွင် အဆင့် (၆) ဖြစ်ပြီး၊ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေကြေးများစာရင်းတွင် အဆင့် (၁၀) ဖြစ်သည်။ အလ်ဘာတာဒေသရှိ ကြီးမားသော ရေနံတွင်းများနှင့် ကမ္ဘာ့ဒုတိယအကြီးဆုံး ယူရေနီယမ် ထုတ်လုပ်ရေးတို့ကြောင့် ကနေဒါ၏ သဘာဝအရင်းအမြစ်များသည် ကမ္ဘာပေါ်တွင် တတိယနေရာ၌ ရပ်တည်လျက်ရှိသည်။ ကနေဒါဒေါ်လာတန်ဖိုးသည် ကနေဒါ၏ ကုန်သွယ်မှုအပေါ်တွင် အဓိက အမှီပြုထားသောကြောင့် ၎င်းသည် အမေရိကန်ဒေါ်လာစျေးနှုန်း အတက်၊အကျများကို အထူးခံနိုင်ရည်ရှိသည်။
1.34696 CAD = 1 USD
