Myanmar Motor Corporation မှ ဖွင့်လှစ်သော MMC Automotive Mechanic Training သင်တန်းကို တစ်နှစ်လျှင် (၂) ကြိမ်သာ ဖွင့်လှစ်လျက်ရှိပါသည်။ ယခု သင်တန်းအပတ်စဉ် (၂) အတွက် သင်တန်းသားများ စတင်ခေါ်ယူနေပြီး သင်တန်းသား (၂၄) ဦးကို ပညာသင်စရိတ်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။
သင်တန်းအကြောင်း
မော်တော်ကားစက်ပြင်သင်တန်း (Automotive Mechanic Training) တွင် သင်တန်းသား (၄၀) ဦး လက်ခံသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ (၆) လကြာမြင့်ပါမည်။ သင်တန်းကြေးမှာ (၆) လကို အပြီးအစီး ကျပ် (၁၈) သိန်းဖြစ်ပြီး လစဉ် အရစ်ကျဖြင့် ငွေပေးသွင်းနိုင်ပါသည်။
သင်တန်းစတင်ဖွင့်လှစ်မည့်ရက်မှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့၊ တနင်္လာနေ့ဖြစ်ပါသည်။ သင်တန်းကြေး (၁၈) သိန်းဖြင့် သင်တန်းသား (၁၆) ဦးအား လက်ခံသင်ကြားပေးသွားမည်ဖြစ်ပြီး ကျန်ရှိနေသည့် သင်တန်းသား (၂၄) ဦးကိုတော့ Scholarship ပေးအပ်သွားမည်ဖြစ်သည်။
ပညာသင်ထောက်ပံ့ပေးခြင်းအစီအစဉ်
လျှောက်လွှာတင်ထားသော သင်တန်းသားများအား လူတွေ့စစ်ဆေးပြီးပါက သင်တန်းသား (၂၄) ဦးကို ရွေးချယ်ကာ PTTEP International Limited (ဇောတိကနှင့် ရတနာစီမံကိန်း) မှ သင်တန်းကြေးထောက်ပံ့ပေးမည်ဖြစ်သည်။ သင်တန်းသား (Scholarship) အရေအတွက် (၂၄) ဦး မပြည့်ပါက ကျန်လျှောက်ထားသူများအား တက်ရောက်ခွင့်ပြုမည်ဖြစ်ပါသည်။
Scholarship လျှောက်ထားသူများသည်
၁။ ကိုယ်လက်အင်္ဂါ ပြည့်စုံပြီး ကျန်းမာရေးညီညွတ်သူဖြစ်ရပါမည်(ကူးစက်ရောဂါမရှိသူဖြစ်ရပါမည်)
၂။ ပညာအရည်အချင်း အနိမ့်ဆုံးအဆင့် အလယ်တန်းပညာ ပြီးမြောက်အောင်မြင်သူဖြစ်ရပါမည်၊ ပညာအရည်အချင်း ပို၍ မြင့်မားသူများကို ဦးစားပေးပါမည်။
၃။ အောက်ဖော်ပြပါ မိသားစုအခက်အခဲရှိသူများကို ဦးစားပေးမည်။
(က) မိဖမဲ့
(ခ) မိ/ဖ-မစုံခြင်းနှင့် နာတာရှည်ကျန်းမာရေး ချွတ်ယွင်းနေခြင်း၊
(ဂ) ငွေကြေးမပြည့်စုံခြင်း၊ မိသားစုများပြားခြင်းနှင့် လက်လုပ်လက်စား အလုပ်ဖြင့် မိသားစု ရပ်တည်နေရခြင်း၊
(ဃ) လစာနည်း အစိုးရဝန်ထမ်းနှင့် ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်း မိသားစုမှမွေးဖွားသူ၊
(င) စိုက်ပျိုးရေး/ တောင်ယာ/လယ်လုပ်မိသားစုမှ မွေးဖွားသူ (စိုက်ပျိုးမြေ/တောင်ယာ/လယ်ပိုင်ရှင် ငွေကြေးတတ်နိုင်သူများမပါ)
(စ) လူလတ်တန်းစားမိသားစုဖြစ်ပါက မိသားစုများခြင်း၊ နာတာရှည်လူမမာရှိခြင်း၊ အိုမင်းမစွန်း မိဘများဖြစ်ခြင်း၊ အိမ်ငှားနေထိုင်ရခြင်း စသည်တို့ကြောင့် သင်တန်းကြေးပေးသွင်းရန် ငွေကြေးမတတ်နိုင်ခြင်း
(ဆ) ဝေးလံခေါင်ပါးသော ဒေသများမှ တက်ရောက်လိုသူများ
အထက်ပါအဆင့်သတ်မှတ်ချက်များအား ဦးစားပေး၍ ရွေးချယ်ရေးဘုတ်အဖွဲ့မှ လူတွေ့ခေါ်စစ်ဆေးမည်ဖြစ်ပြီး နယ်ဝေးသမားများအတွက် Video Call ဖြင့် လက်ခံစစ်ဆေးပေးပါလိမ့်မည်။
Scholarship လျှောက်သူများ လိုက်နာရမည့် စည်းကမ်းချက်များ
ဤအဖွဲ့အစည်းမှ အခမဲ့သင်တန်းတစ်ခုခုတွင် တက်ရောက်ဖူးသူမဖြစ်ရပါ။
ကျောင်းသင်တန်းတက်ရောက်ချိန် 75% ပြည့်မီရပါမည်။
သင်တန်းမှန်မှန်တက်ရောက်ပြီး အပတ်စဉ်၊ လစဉ် စစ်ဆေးသော စာတွေ၊ လက်တွေ့ စာမေးပွဲများကို အောင်မြင်ရမည်။
အရည်အချင်းမပြည့်မှီသော သင်တန်းသားများအား မည်သည့်ထောက်ခံချက်မှ ထုတ်ပေးမည်မဟုတ်ပါ။
