Teaching English Southeast Asia နဲ့ British Council တို့မှ ပူးပေါင်းပြီး အင်္ဂလိပ်စာ ဆရာ၊ ဆရာမတွေအတွက် သင်တန်းကြေး ထောက်ပံ့ပေးသွားမယ့် ပညာသင်ဆုအကြောင်း မျှဝေပေးချင်ပါတယ်။ မိမိသင်ကြားရေးစွမ်းရည်နဲ့ ခေါင်းဆောင်မှုစွမ်းရည်တို့ကို မြှင့်တင်လိုတဲ့သူတိုင်း Community of Practice (CoP) ပရိုဂရမ်ကို အွန်လိုင်းကနေ အခမဲ့ တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
Community of Practice (CoP) ဆိုတာဘာလဲ?
Community of Practice (CoP) Leader Support ဆိုတာ အရှေ့တောင်အာရှတစ်ဝှမ်းက အင်္ဂလိပ်စာ ဆရာ၊ ဆရာမတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေကို ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ရည်ရွယ်ပြီး သင်ကြားပေးတဲ့ အစီအစဉ် ဖြစ်ပါတယ်။
အင်္ဂလိပ်စာ သင်ကြားရေး အသက်မွေးဝမ်းကြောင်းကို နောက်ထပ် Level တစ်ခုထပ်မြှင့်ချင်တဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ လုံး၀ လက်လွှတ်မခံဘဲ တက်ရောက်သင့်ပါတယ်။
သတ်မှတ်အရည်အချင်း
- မြန်မာနိုင်ငံသားဖြစ်ရပါမယ်။
- အင်္ဂလိပ်စာ သင်ကြားရေး အတွေ့အကြုံ ရှိရပါမယ်။ (အင်္ဂလိပ်စာ သင်ကြားရေး အောင်လက်မှတ်လည်း ရှိရပါမယ်)
- အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု အနည်းဆုံး B2 (သို့) IELTS 6.5 ရှိရပါမယ်။
- သင်တန်းအတွက် တစ်ပတ်ကို (၄-၅) နာရီ အချိန်ပေးနိုင်ရပါမယ်။
- အွန်လိုင်းသင်ကြားရေးဖြစ်တဲ့အတွက် Internet နဲ့ အခြေခံ Digital Skills ရှိရပါမယ်။
- အွန်လိုင်း ပရော်ဖက်ရှင်နယ် အသိုက်အဝန်း တည်ဆောက်ဖို့ စိတ်ပါဝင်စားသူ ဖြစ်ရပါမယ်။
သင်တန်းကာလ
သင်တန်းကို တစ်ပတ် (၄-၅) နာရီ တက်ရောက်ရမှာဖြစ်ပြီး စုစုပေါင်း နာရီ (၄၀) နဲ့ အနည်းဆုံး (၈) ပတ် ၊အများဆုံး (၁၀) ပတ် ကြာမြင့်ပါမယ်။
သင်ကြားရမယ့်ပုံစံ
Self-paced learning နဲ့ Live online sessions ကို ပေါင်းပြီး Hybrid သင်ကြားနည်းနဲ့ သင်ကြားရပါမယ်။
သင်ကြားရမယ့်ခေါင်းစဉ်များ
- Building and leading communities of practice
- Mastering online facilitation techniques
- Motivating and engaging your community
- Measuring the impact of your community
- Harnessing digital tools for professional growth
အကျိုးခံစားခွင့်များ
- သင်တန်းကို အခမဲ့ တက်ရောက်ခွင့်
- သင်တန်းပြီးဆုံးကြောင်း အောင်လက်မှတ်
- ကျွမ်းကျင်သူတွေရဲ့ အကြံပြုချက်နဲ့ လမ်းညွှန်ချက်
- British Council ရဲ့ Teaching English မှ သင်ထောက်ကူ အရင်းအမြစ်တွေ ရရှိနိုင်ခြင်း
- ASEAN Online Conference Platform ကို Join နိုင်ခြင်း
- သင့်ကိုယ်ပိုင် အွန်လိုင်းသင်ကြားရေး အသိုက်အဝန်းကို စတင်ဖို့ မတည်ငွေ £2,000
- အရှေ့တောင်အာရှနိုင်ငံတစ်ခုမှာ သုံးရက်ကြာ သင်တန်း တက်ရောက်ခွင့်
လျှောက်ထားရမယ့်ပုံစံ
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၂၃) ရက် နောက်ဆုံးထားပြီး အွန်လိုင်းလျှောက်လွှာ ဖြည့်စွက်ရမှာဖြစ်သလို လိုအပ်တဲ့ စာရွက်စာတမ်းတွေကိုလည်း teachingenglishasia@britishcouncil.org ကို အီးမေးလ် ပို့ပေးရမှာဖြစ်ပါတယ်။
> https://www.britishcouncil.or.th
လိုအပ်တဲ့ စာရွက်စာတမ်းများ
- CV
- English proficiency qualification
- Motivation letter
ပထမအဆင့် ရွေးချယ်ခံရသူတွေက အင်တာဗျူး ဖြေဆိုရမှာဖြစ်ပြီး နောက်ဆုံးအဆင့် ရွေးချယ်ခံရသူတွေကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းစတင်မယ့်ရက်ကတော့ ဇန်နဝါရီလ (၂၇) ရက်နေ့မှာဖြစ်ပြီး မတ်လ (၂၁) ရက်နေ့မှာ သင်တန်းပြီးဆုံးမှာ ဖြစ်ပါတယ်။
