Bachelor အတွက် ကျောင်းလျှောက်ဖို့ တက္ကသိုလ် (၂၃၅) ကျောင်း ရွေးချယ်စရာရှိပြီး Job Career အတွက်ပါ စိတ်ချချင်တယ်ဆိုရင် ASEAN Secretariat နဲ့ Maybank Foundation တို့မှ ပူးတွဲပေးအပ်တဲ့ ASEAN-Maybank Scholarship ကို စတင်လျှောက်ထားလို့ ရနေပါပြီ။
ဒီပညာသင်ဆုက မြန်မာနိုင်ငံသားတွေ အရများပြီး အာဆီယံနိုင်ငံတွေမှာ ထောက်ပံ့ကြေး အပြည့်အစုံနဲ့ တက္ကသိုလ် တက်ရောက်နိုင်မယ့် အခွင့်အရေးမို့ ဘွဲ့ကြိုကျောင်းသားတိုင်း လက်လွှတ်မခံဘဲ လျှောက်ထားသင့်ပါတယ်။
Degree Level – Bachelor
Scholarship Type – Fully Funded
Host Universities – AUN Member Universities
Deadline – 2 March 2025
ရွေးချယ်တက်ရောက်နိုင်မယ့် AUN တက္ကသိုလ်များ
> https://www.maybankfoundation.com
ရွေးချယ်သင်ကြားနိုင်မယ့် ပညာရပ်နယ်ပယ်များ
- Arts and Design
- Accounting
- Actuarial Science
- Business Management
- Data Science
- Economics
- Entrepreneurship
- Finance
- Information Technology
- Computer Science
- International Business
- Engineering and Technology
- Environmental Science
- Mathematics
- Political Science
- Risk Management
- Social Work
- Artificial Intelligence (AI) and Machine Learning
- Future Ready Related Course (For Example: Computer Programming, Web Development, Software Development, Mobile Application Development, UI / UX Design, Data Science, etc.)
အကျိုးခံစားခွင့်များ
- Laptop
- Fully Tuition Fees
- Allowance for Monthly Expenses and Accommodation
- Books Allowance Paid Every Semester
- Settling-In Allowance (One-off)
- University Admission Fees + Students VISA
- Insurance Coverage
- Return Economy Class Air Passage
အရည်အချင်း သတ်မှတ်ချက်များ
- အာဆီယံနိုင်ငံသား ဖြစ်ရပါမယ်။
- (၁၂) တန်းပညာရေး အောင်မြင်ပြီးသူ (သို့) တက္ကသိုလ် ပထမနှစ် တက်ရောက်နေဆဲ ကျောင်းသားဖြစ်ရပါမယ်။
- အသက် (၂၂) နှစ်ထက် ကြီးသူ မဖြစ်ရပါ။
- AUN အဖွဲ့ဝင် တက္ကသိုလ်တစ်ခုခုမှ ဝင်ခွင့် ရရှိထားရပါမယ်။ (သို့) အဲ့တက္ကသိုလ်တစ်ခုခုမှာ ပထမနှစ် တက်ရောက်နေသူ ဖြစ်ရပါမယ်။
- CGPA အမှတ် အနည်းဆုံး (3.00) ရှိထားရပါမယ်။
- ပညာရေးထူးချွန်မှုအပြင် ကျောင်းတွင်းပြင်ပ လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ထားသူဖြစ်ရပါမယ်။
အလုပ်သင် အခွင့်အရေး
- ကျောင်းပိတ်ရက်တွေမှာ ဒေသတွင်းက ASEAN Secretariat ၊ ASEAN Foundation (သို့) Maybank တို့မှာ အလုပ်သင် ဆင်းရပါမယ်။
- Maybank နဲ့ Maybank Foundation ရဲ့ Flagship program တွေမှာ လုပ်အားပေး ပါဝင်ရပါမယ်။
- Programming ၊ Coding ၊ Design thinking နဲ့ Scrum တို့လို Skills တွေကိုလည်း ရရှိနိုင်ပါမယ်။
အလုပ်အကိုင် အခွင့်အလမ်း
ဘွဲ့ရပြီးတာနဲ့ ASEAN Secretariat ၊ ASEAN Foundation ၊ Maybank တို့မှာ (၃) နှစ် စာချုပ်နဲ့ မဖြစ်မနေ အလုပ်ဝင်လုပ်ရမှာ ဖြစ်ပါတယ်။
ပညာသင်ဆုကို စိတ်ဝင်စားလို့ လျှောက်ချင်တယ်ဆိုရင်တော့ အောက်ကလင့်ခ်ကနေတဆင့် ၂၀၂၅ ခုနှစ်၊ မတ်လ (၂) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရပါမယ်။
>> https://docs.google.com/forms/
အသေးစိတ်ဖတ်ရှုရန်
