ဂျပန်မှာ (၆) လကြာ တက်ရောက်ရမယ့် Fully Funded Research Fellowship

ဂျပန်နိုင်ငံကို ငွေကုန်ကြေးကျမရှိဘဲ Research အတွေ့အကြုံရဖို့ သွားချင်တဲ့သူတွေအတွက် လာမယ့် ဇွန်လ (၁) ရက်နေ့မှ လျှောက်လွှာစဖွင့်မယ့် Fully Funded Research Fellowship Program တစ်ခုအကြောင်း မျှဝေပေးချင်ပါတယ်။

ဒီ Program လေးကတော့ Matsumae International Foundation က လုပ်ဆောင်တဲ့ Research Fellowship ဖြစ်ပါတယ်။ ထောက်ပံ့ကြေးတွေ ရရှိမယ့်အပြင် နိုင်ငံတကာက Professor တွေ၊ Mentor တွေရဲ့ လမ်းညွှန်ပေးမှုကြောင့် Research နဲ့ ပတ်သက်တဲ့ အတွေ့အကြုံကောင်းတွေကိုလည်း ရယူနိုင်ပါတယ်။

Host Institution

မိမိနှစ်သက်ရာ ဂျပန်နိုင်ငံက တက္ကသိုလ်တွေ၊ သုတေသနအဖွဲ့စည်းတွေ၊ ပုဂ္ဂလိကလုပ်ငန်းတွေမှာ လျှောက်ထားနိုင်ပါတယ်။

Program အတွက် အရည်အချင်းသတ်မှတ်ချက်

  • ဂျပန်နိုင်ငံသား မဖြစ်ရပါ။
  • ဂျပန်နိုင်ငံမှာ နေထိုင်ဖူးသူ (သို့) နေထိုင်နေသူ မဖြစ်ရပါ။
  • ကိုယ်လျှောက်ထားတဲ့ Host Institution ကနေ လက်ခံစာ ရရှိထားရပါမယ်။
  •  Ph.D ဘွဲ့ ရရှိထားရပါမယ်။
  • (၄၅) နှစ် (သို့) (၄၅) နှစ်အောက်ငယ်သူ ဖြစ်ရပါမယ်။
  • အင်္ဂလိပ် (သို့) ဂျပန်စကား တတ်ရပါမယ်။
  • ပရိုဂရမ်ပြီးရင် အမိမြေကို ပြန်ပြီး ပြန်လည်အကျိုးပြုနိုင်သူ ဖြစ်ရပါမယ်။

Research Fields

အတိအကျ မကန့်သတ်ထားပေမဲ့ Natural science၊ Engineering နဲ့ Medicine ပိုင်းကို လျှောက်ရင် အခွင့်အရေး ပိုရနိုင်ပါတယ်။

ပရိုဂရမ်ကာလ

၂၀၂၆ ခုနှစ်၊ ဇွန်လမှ ၂၀၂၇ ခုနှစ် မတ်လအတွင်းက (၆) လ သက်တမ်းရှိ သုတေသနပရိုဂရမ် ဖြစ်ရပါမယ်။ (ဥပမာ – ၂၀၂၆ ခုနှစ် စက်တင်ဘာမှ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီအထိ)

ထောက်ပံ့ကြေး

  • လစဉ်ကြေး JPY 220,000
  • အခြေချစရိတ် JPY 120,000
  • လေယာဉ်အသွား/အပြန်စရိတ်
  • ကျန်းမာရေးအာမခံကြေး
  • လေ့လာရေးခရီးစရိတ်

လိုအပ်တဲ့ စာရွက်စာတမ်းများ

  • Application Form
  • Reason for Application
  • Research Plan
  • CV and List of Publications
  • Recommendation Letter
  • PH.D Certificate
  • Letter from Host Profrssor

လျှောက်ထားရမယ့်ပုံစံ

အခုတည်းက ဂျပန်နိုင်ငံက နှစ်သက်ရာ Host Institution တစ်ခု ရွေးပြီး လျှောက်ထားရပါမယ်။ MIF ဘက်က လျှောက်လွှာကိုတော့ ဂျပန်စံတော်ချိန်အရ ၂၀၂၅ ခုနှစ် ဇွန် (၁) ရက်နေ့ကနေစပြီး (၃၀) ရက်နေ့အထိ လျှောက်လို့ရပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို application@mif-japan.org ကို အီးမေးလ်ပေးပို့ တင်ပြရပါမယ်။

ရွေးချယ်မယ့်ပုံစံ

MIF က ရွေးချယ်ခံရတဲ့ ကျောင်းသားတွေကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလနောက်ပိုင်းမှာ ဝက်ဘ်ဆိုက်ဒ်ကတဆင့် ကြေညာပေးသွားမှာ ဖြစ်ပြီး Grant Letter ပေးပို့ပေးမှာ ဖြစ်ပါတယ်။

အသေးစိတ်ဖတ်ရှုရန်
>> https://www.mif-japan.org/en/fellowship/announcement/

May 27, 2025
© Copyright 2022 | Developed By Impulse International.