ဘွဲ့မရသေးသူများ လျှောက်ထားနိုင်တဲ့ ကနေဒါမြေမှ ပညာသင်ဆု

The Lester B. Pearson International Scholarships ဆိုတာ ကနေဒါနိုင်ငံရဲ့ နံပါတ် (၁) တက္ကသိုလ်၊ University of Toronto ကနေ နိုင်ငံတကာကျောင်းသားတွေအတွက် နှစ်စဉ်ပေးအပ်ချီးမြှင့်တဲ့ ပညာသင်ဆုဖြစ်ပါတယ်။

University of Toronto ဟာ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် အဆင့် (၂၉) နေရာမှာ ရပ်တည်နေပြီး ကနေဒါနိုင်ငံမှာတော့ နာမည်အကြီးဆုံး အစိုးရတက္ကသိုလ် ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့အကောင်းဆုံး သုတေသနတက္ကသိုလ်အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့အတွက် နိုင်ငံတကာက ကျောင်းသားတိုင်း တက်ရောက်ချင်တဲ့ Dream University ဖြစ်ပါတယ်။

ဒီပညာသင်ဆုရရင် University of Toronto က Undergraduate Programs တွေကို (၄) နှစ်တာလုံး စရိတ်ငြိမ်း သင်ယူခွင့်ရရှိမှာပါ။

Host Country – Canada

Host University – University of Toronto

Degree – Bachelor

Duration – 4 years

Rewards – Tuition I Books I Incidental Fees I Residence support

ရွေးချယ်လျှောက်ထားနိုင်တဲ့ မေဂျာများ

> https://future.utoronto.ca/academics/undergraduate-programs/

သတ်မှတ်အရည်အချင်းများ

– နိုင်ငံတကာကျောင်းသားဖြစ်ရပါမယ်။

– ကနေဒါနိုင်ငံမှာ ပညာသင်ကြားဖို့ Study Permit ရှိရပါမယ်။

– ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ အထက်တန်းနောက်ဆုံးနှစ် တက်ရောက်နေသူ (သို့) ၂၀၂၅ ခုနှစ်၊ ဇွန်လနောက်ပိုင်းမှ High School ဒီပလိုမာ ရရှိထားသူဖြစ်ရပါမယ်။

– ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအမှီ University of Toronto မှာ ကျောင်းတက်ရောက်နိုင်သူဖြစ်ရပါမယ်။

ပညာသင်ဆုလျှောက်ထားပုံအဆင့်ဆင့်

ဒီပညာသင်ဆု ရရှိဖို့ ဒီအဆင့် (၃) ဆင့်ကို မဖြစ်မနေ လုပ်ဆောင်ရပါမယ်။

ပထမအဆင့် – ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ (၁၀) ရက် နောက်ဆုံးထားပြီး ကိုယ်တက်ရောက်ခဲ့တဲ့ အထက်တန်းကျောင်းမှ Nomination ရထားရပါမယ်။ ကိုယ်တက်ရောက်ခဲ့တဲ့ အထက်တန်းကျောင်းက University of Toronto နဲ့ မချိတ်ဆက်ရသေးဘူးဆိုရင် အောက်ကလင့်ခ်ကနေ လျှောက်နိုင်ပါတယ်။

>> https://apply.adm.utoronto.ca/register/pearson-participate

ဒုတိယအဆင့် – ကိုယ်တက်ရောက်အောင်မြင်ခဲ့တဲ့ အထက်တန်းကျောင်းက Nomination ရသွားပြီဆိုရင် University of Toronto မှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ (၁၇) ရက်နေ့အထိ နှစ်သက်ရာ မေဂျာဝင်ခွင့်ကို လျှောက်ထားလို့ရပါပြီ။

https://www.ouac.on.ca/apply/uoftint/en_CA/user/login

တတိယအဆင့် – ဝင်ခွင့်အောင်မြင်သူတွေကို ကျောင်းဘက်က ပညာသင်ဆုလျှောက်လွှာ Private Link ပေးပို့ပါလိမ့်မယ်။ ပညာသင်ဆုလျှောက်လွှာနဲ့ ကျောင်းဘက်က တောင်းတဲ့ စာရွက်စာတမ်းတွေကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ (၇) ရက်နေ့ နောက်ဆုံးထားပြီး Submit လုပ်လိုက်ရင် ပညာသင်ဆုလျှောက်ထားတဲ့အဆင့် ပြီးပါပြီ။

ကျောင်းဝင်ခွင့်အတွက် လိုအပ်ချက်များ >> https://future.utoronto.ca/apply/requirements/?

အသေးစိတ်ဖတ်ရှုရန် >> https://future.utoronto.ca/pearson/about/?

အီးမေးလ် >> pearson.scholarship@utoronto.ca

စုံစမ်းမေးမြန်းရန် >> https://apply.adm.utoronto.ca/register/pearson-inquiry

July 7, 2025
© Copyright 2022 | Developed By Impulse International.