မုံရွာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် MBF နှင့် MDevS သင်တန်းတို့ကို အွန်လိုင်းမှ ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် တက်ရောက်လိုသူများအနေဖြင့် အွန်လိုင်းမှတဆင့် ဇူလိုင် (၂၅) ရက်အထိ လျှောက်ထားနိုင်သည်။
ဖွင့်လှစ်မည့် မဟာဘွဲ့သင်တန်းများ
- ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာပညာမဟာဘွဲ့ (MBF) သင်တန်း
- ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ (MDevS) သင်တန်း
သင်တန်းအချိန်စာရင်း
အဆိုပါသင်တန်းများကို အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့တို့တွင် မနက် (၈) နာရီမှ ညနေ (၅) နာရီအထိ တက်ရောက်ရမှာဖြစ်ပြီး သင်တန်းကာလမှာ (၂) နှစ် ဖြစ်သည်။
သတ်မှတ်အရည်အချင်းများ
- အသိအမှတ်ပြုတက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရပြီးသူဖြစ်ရမည်။
- တက္ကသိုလ်တစ်ခုခုတွင် အခြား သင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်စေရ။
- ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းသို့ တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာ ပါရှိရမည်။
- သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်နိုင်သူဖြစ်ပြီး Zoom Application အား ကောင်းစွာ အသုံးပြုနိုင်သူဖြစ်ရမည်။
လျှောက်လွှာထုတ်ယူခြင်းနှင့် တင်သွင်းခြင်း
သင်တန်းနှင့်သက်ဆိုင်သော လျှောက်လွှာပုံစံများကို ဇွန်လ (၈) ရက်နေ့မှ မိမိ လျှောက်ထားလိုသည့် သင်တန်း၏ Email (သို့) Viber မှဖြစ်စေ ရယူပြီး လျှောက်လွှာနှင့်တကွ အောက်ဖော်ပြပါ စာရွက်စာတမ်းများ၏ Original scan copy (မူရင်း scan ဖတ်ထားသော မိတ္တူ) ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရပါမည်။
- ဘွဲ့လက်မှတ် (သို့) ယာယီဘွဲ့ထောက်ခံစာ
- နိုင်ငံသားစိစစ်ရေးကတ်
- ပညာအရည်အချင်း ထောက်ခံချက်နှင့် လုပ်ငန်းအတွေ့အကြုံ ထောက်ခံချက် (လျှောက်လွှာဖောင်တွင် ဖြည့်ရမည့်ပုံစံ ပါဝင်ပြီးသားဖြစ်သည်။)
- ပတ်စ်ပို့ဓာတ်ပုံ(၃)ပုံ
လျှောက်လွှာပုံစံကို နမူနာကြည့်လိုပါက > https://www.facebook.com/profile.php?
ဆက်သွယ်ရန်ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာ
- MBF – 09-757712395, 4muembf@gmail.com
- MDevS – 09-754598281, devs.mue@gmail.com
ဝင်ခွင့်စာမေးပွဲ
ဝင်ခွင့်ရေးဖြေစာမေးပွဲကို ဇူလိုင်လ (၂၇) ရက်၊ တနင်္ဂနွေနေ့တွင် အွန်လိုင်းမှ ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေအောင်စာရင်းနှင့် လူတွေ့ အချိန်စာရင်းကို ဩဂုတ်လ (၂) ရက်၊ စနေနေ့တွင် ထုတ်ပြန်ကြေညာပေးပါမည်။
သင်တန်းနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက မုံရွာစီးပွားရေးတက္ကသိုလ်၊ သင်တန်းရေးရာဌာန၊ ဖုန်း-၀၉-၄၀၀၄၁၃၀၈၁၊ ၀၉-၂၅၉၁၄၄၇၄ဝ တို့ကို ဆက်သွယ်၍ဖြစ်စေ၊ academicaffairsmue@gmail.com သို့ အီးမေးလ်ပေးပို့၍ဖြစ်စေ စုံစမ်းမေးမြန်းနိုင်သည်။
