မင်္ဂလာပါ Learning House Myanmar ပရိတ်သတ်ကြီးရေ.. ဒီနေ့မှာတော့ အမေရိကန်ဗီဇာကန့်သတ်မှုက မြန်မာကျောင်းသားတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်လဲဆိုတာကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ မကြာသေးမီက အမေရိကန်ပြည်ထောင်စုက ချမှတ်ခဲ့သောဗီဇာကန့်သတ်မှုနဲ့ပတ်သက်ပြီး ပြည်ပထွက်ပြီး ပညာသင်ကြားလိုတဲ့ မြန်မာကျောင်းသားများအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီကန့်သတ်မှုတွေက ဘယ်လိုအကျိုးအပြစ်တွေ ရှိနိုင်လဲ၊ ကျောင်းသားတွေအတွက် ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်လဲဆိုတာကို ဝေမျှပေးသွားပါမယ်။
ဒီမူဝါဒအပြောင်းအလဲကြောင့် ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေကတော့…
- ဗီဇာလျှောက်ထားမှု လုပ်ငန်းစဉ်က ပိုမိုရှုပ်ထွေးလာပြီး အချိန်ကြာမြင့်နိုင်ပါတယ်။ စနစ်တကျ ပြင်ဆင်ဖို့လိုအပ်လာပါတယ်။
- ပြည်ပမှာ ပညာသင်လိုတဲ့ ရည်မှန်းချက်ကြီးမားတဲ့ ကျောင်းသားတွေအနေနဲ့ ဗီဇာအခက်အခဲ တွေကြောင့် စိတ်ဓာတ်ကျဆင်းမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။
- ဗီဇာအတွက် ကုန်ကျစရိတ်၊ လျှောက်လွှာကြေးများနဲ့ အခြားလိုအပ်တဲ့ စာရွက်စာတမ်းတွေအတွက် ကုန်ကျစရိတ်တွေ ပိုမိုများပြားလာနိုင်ပါတယ်။
- အချို့ကျောင်းသားတွေဟာ အမေရိကန်ကို မသွားနိုင်တော့တဲ့အခါ တခြားနိုင်ငံတွေ (ဥပမာ- ကနေဒါ၊ ဩစတြေးလျ၊ ဗြိတိန်၊ စင်ကာပူ) ကို ရွေးချယ်ရတာမျိုး ဖြစ်နိုင်ပါတယ်။
အမေရိကန်မှာ ပညာသင်ကြားဖို့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရရင် ဒီအချက်တွေနဲ့ အခွင့်အလမ်းကို ပြောင်းလဲနိုင်ပါတယ်….
- အခြားရွေးချယ်စရာနိုင်ငံတွေဖြစ်တဲ့ ကနေဒါ၊ ဩစတြေးလျ၊ ဗြိတိန်၊ စင်ကာပူ၊ မလေးရှား စတဲ့ နိုင်ငံများမှာလည်း အရည်အသွေးမြင့် ပညာရေးစနစ်များနဲ့ ပညာသင်ဆုအခွင့်အလမ်းများစွာ ပေးအပ်လျက်ရှိတာကြောင့် မိမိရဲ့ရည်မှန်းချက်နဲ့ကိုက်ညီတဲ့ နိုင်ငံတွေကို ရှာဖွေပြီး အခွင့်အလမ်းကို ပြောင်းလဲအသုံးချပါ။
- ပြည်ပထွက်ဖို့ အခက်အခဲရှိနေတဲ့ ကျောင်းသားများအနေနဲ့လည်း ပြည်တွင်းမှာရှိတဲ့အဆင့်မြင့်ပညာရေး အခွင့်အလမ်းများကို ပိုမိုအာရုံစိုက်ပြီး အရည်အချင်းတွေကို မြှင့်တင်ပါ။
- အမေရိကန်ဗီဇာကို လျှောက်ထားချင်သေးတယ်ဆိုပါကလည်း စာရွက်စာတမ်းအပြည့်အစုံနဲ့ အသေးစိတ်ကျကျ စနစ်တကျပြင်ဆင်ခြင်း၊ လိုအပ်တဲ့အကြံဉာဏ်များ ရယူခြင်းဖြင့် အခွင့်အလမ်းကို တိုးမြှင့်ပါ။ Learning House Myanmar ကလည်း လိုအပ်တဲ့ လမ်းညွှန်မှုတွေ ပေးဖို့ အသင့်ရှိနေပါတယ်။
- မိမိ ပညာသင်ကြားမယ့် နိုင်ငံ၊ တက္ကသိုလ်နဲ့ ဘာသာရပ်ကို သေချာအချိန်ယူ လေ့လာဆန်းစစ်ပြီးမှ ဆုံးဖြတ်ချက်ချပါ။
ဗီဇာကန့်သတ်မှုဟာ စိန်ခေါ်မှုတစ်ခု ဖြစ်ပေမယ့်၊ သင့်ရဲ့ ပညာရေးအိပ်မက်တွေကို လက်လျှော့လိုက်ဖို့ မလိုပါဘူး။ အခြားရွေးချယ်စရာ အခွင့်အလမ်းတွေကို ရှာဖွေပြီး သေချာပြင်ဆင်မယ်ဆိုရင် သင့်ရဲ့ ပညာရေးရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်မှာပါနော်။
Learning House Myanmar အနေဖြင့် ကျောင်းသားများအတွက် အမြဲတမ်း ပံ့ပိုးကူညီပေးနေမှာဖြစ် တာကြောင့် သိလိုတာများကို Comment မှာ မေးမြန်းနိုင်ပါတယ်။
