SUNY Korea ဆိုတာ နယူးယောက်မြို့က The State University of New York (SUNY) ရဲ့ ကျောင်းခွဲဖြစ်ပြီး ကိုရီးယားနိုင်ငံ အင်ချွန်းမြို့မှာ တည်ရှိပါတယ်။ SUNY Korea အောက်မှာ Stony Brook University (SBU) နဲ့ Fashion Institute of Technology (FIT) ဆိုပြီး တက္ကသိုလ်နှစ်ခု ခွဲထားပါတယ်။ ဒီတက္ကသိုလ်နှစ်ခုလုံးမှာ ပညာသင်ဆုတွေ လျှောက်ပြီး အမေရိကန်က ဘွဲ့ကို ကိုရီးယားမှာ စရိတ်သက်သက်သာသာနဲ့ ကျောင်းတက်ရင်း ရရှိနိုင်မှာ ဖြစ်ပါတယ်။
SBU မှာ ရွေးချယ်နိုင်တဲ့ မေဂျာများ
- Applied Mathematics and Statistics
- Business Management
- Computer Science
- Electrical Engineering
- Mechanical Engineering
- Technological Systems Management
FIT မှာ ရွေးချယ်နိုင်တဲ့ မေဂျာများ
- Fashion Business Management
- Fashion Design
ဘယ်သူတွေ လျှောက်ထားလို့ရလဲ?
- Grade (12) (သို့) GED အောင်မြင်ထားသူများ (သို့) ကောလိပ်တက်ရောက်နေသူများ ဖြစ်ရပါမယ်။
- SAT (သို့) ACT (သို့) IBDP (သို့) IGSCE A Level တိုလို့ အောင်လက်မှတ်တွေ ထပ်တင်ပြနိုင်ရင် အခွင့်အရေး ပိုရပါမယ်။
- IELTS (သို့) TOEFL (သို့) Duolingo တို့ ဖြေဆိုထားရပါမယ်။
လိုအပ်တဲ့စာရွက်စာတမ်းများ
- (၉) တန်းမှ (၁၂) တန်းအထိ အမှတ်စာရင်းများ
- GED အမှတ်စာရင်းများ
- SAT (သို့) ACT (သို့) IBDP (သို့) IGSCE A Level အမှတ်စာရင်းများ
- အင်္ဂလိပ်ဘာသာစကားအရည်အချင်းစစ်စာမေးပွဲအမှတ်စာရင်းများ
- Personal Statement
- Optional Essays
- Letter of Recommendation
ကျောင်းက ပေးအပ်တဲ့ ပညာသင်ဆုအမျိုးမျိုး
> https://sunykorea.ac.kr/costaid/html/sub05/05.html
လျှောက်ထားရမယ့်ပုံစံ
သက်ဆိုင်ရာ ကျောင်းဝင်ခွင့်ကို အောက်ကလင့်ခ်ကနေတဆင့် အကောင့်ဖွင့်ပြီး အွန်လိုင်း လျှောက်ထားရမှာပါ။ ဝင်ခွင့်လျှောက်လွှာတင်ရင်း ပညာသင်ဆုအတွက်ပါ တစ်ခါတည်း လိုအပ်တာ ဖြည့်စွက်ရမှာ ဖြစ်ပါတယ်။
SBU – https://apply.sunykorea.ac.kr/apply/
FIT – https://www.sunykorea.ac.kr/adm/html/ (လျှောက်လွှာဖောင် မဖွင့်သေး)
ဝင်ခွင့်လျှောက်ထားပုံအဆင့်ဆင့် > https://www.youtube.com/watch?v=bdYfJ9OlDLY
ရက်သတ်မှတ်ချက်များ
Spring 2026 SBU Application
Application Start: August 4, 2025
1st Priority Deadline: September 25, 2025
2nd Priority Deadline: December 18, 2025
3rd Priority Deadline: January 20, 2026
Fall 2026 FIT Application
Application Start: October 13, 2025
1st Priority Deadline: December 18, 2025
2nd Priority Deadline: March 19, 2026
3rd Priority Deadline: June 25, 2026
***ပညာသင်ဆုအတွက် 1st Priority Deadline မတိုင်မီ လျှောက်ထားဖို့ အကြံပြုပါတယ်***
အသေးစိတ်ဖတ်ရှုရန် > https://www.sunykorea.ac.kr/adm/?
