စီးပွားရေးစီမံခန့်ခွဲမှု ဒီပလိုမာကို ဘာလို့တက်ရောက်သင့်တာလဲ ?
စီးပွားရေးစီမံခန့်ခွဲမှုဆိုတာ လုပ်ငန်းတစ်ခုကို စီမံခန့်ခွဲတာထက်ပိုပါတယ်။
Management Career မှာ လုပ်ကိုင်လိုသူပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းလုပ်ကိုင်လိုသူပဲ ဖြစ်ဖြစ် အရင်ဦးဆုံး ကိုယ့်ကိုယ်ကိုယ်စီမံခန့်ခွဲရပါတယ်။
ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး စီမံခန့်ခွဲနိုင်မှပဲ နောက်တဆင့်အနေနဲ့ အလုပ်ကို အကောင်းဆုံး စီမံခန့်ခွဲနိုင်မှာပါ။
ဒီလို စီမံခန့်ခွဲနိုင်ဖို့ စီးပွားရေးစီမံခန့်ခွဲမှု ဒီပလိုမာကို တက်ရောက်ထားခြင်းဟာ
၁။ စီမံခန့်ခွဲမှု အရည်အချင်း တိုးတက်စေတယ်။
Business Management ဘာသာရပ်မှာ သင်ယူရတဲ့ အ, ခြေခံအချက်တွေ ဖြစ်တဲ့ SWOT Analysis တို့၊ POLC Framework တို့ဆိုတာ လုပ်ငန်းခွင်မှာသာမက ကိုယ့်ရဲ့ နေ့စဥ်ဘဝမှာပါ စီမံခန့်ခွဲနိုင်စေပါတယ်။
၂။ အနာဂတ်ကို ကြိုတွက်ဆတတ်လာတယ်။
Management ဘာသာရပ်တွေမှာ မဖြစ်မနေ သင်ရတဲ့ PEST Analysis တို့၊ Porter’s Five Forces Analysis တို့ဟာ ကိုယ့်ရဲ့ လုပ်ငန်းခွင်အခြေအနေကို ဆန်းစစ်သုံးသပ်နိုင်ဖို့ သင်ကြားပေးရုံသာမကဘဲ နေ့စဥ်ဘဝမှာပါ အသုံးချနိုင်တဲ့ ပညာတွေဖြစ်ပါတယ်။
၃။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာစေတယ်။
စီမံခန့်ခွဲမှု အရည်အချင်းတိုးတက်လာတာနဲ့အမျှ ကိုယ့်ရဲ့ လုပ်ဆောင်မှုတွေဟာ ပိုပြီး ထိရောက်မှုရှိလာပါတယ်။ ဒီအခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်ဖို့ အထောက်အကူပြုပါတယ်။
၄။ ဘယ်နယ်ပယ်မှာဖြစ်ဖြစ် အလုပ်ကိုပိုပြီး စနစ်တကျ လုပ်ကိုင်တတ်စေတယ်။
ပညာရေးနယ်ပယ်မှာပဲဖြစ်ဖြစ်၊ နည်းပညာနယ်ပယ်မှာပဲ ဖြစ်ဖြစ်၊ ကျန်းမာရေးနယ်ပယ်မှာပဲဖြစ်ဖြစ် စီမံခန့်ခွဲမှုဆိုတာ လိုအပ်ပါတယ်။ အရင် ပြိုင်ဆိုင်မှုတွေ နည်းပါးတဲ့အချိန်တုန်းက မသိသာပေမယ့် အခုလို ယှဥ်ပြိုင်မှု ပြင်းထန်တဲ့ခေတ်မှာ အလုပ်တစ်ခုကို စနစ်တကျ စီမံခန့်ခွဲနိုင်မှသာ အားလုံးရဲ့ ရှေ့ကို ရောက်နိုင်မှာပါ။
၅။ စီးပွားရေးနယ်ပယ်က မိတ်ဆွေတွေရစေတယ်။
ဒါကတော့ နောက်ဆုံးအချက်ဖြစ်ပေမယ့် အရေးကြီးပါတယ်။
စီးပွားရေးလုပ်ငန်းတစ်ခုလုပ်တဲ့အခါ Network ဆိုတာ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ အသိမိတ်ဆွေတွေဟာ လုပ်ငန်းတစ်ခုလုပ်တဲ့အခါ အများကြီး အထောက်အကူပေးနိုင်ပါတယ်။ စီးပွားရေးစီမံခန့်ခွဲမှု ဒီပလိုမာကို တက်ရောက်ဖြစ်တဲ့အခါ ရည်ရွယ်ချက်တူတဲ့ အသိမိတ်ဆွေတွေ ရလာနိုင်ပါတယ်။
ဒီအချက် ၅ ချက်ကတော့ စီးပွာရေးစီမံခန့်ခွဲမှု ဒီပလိုမာတစ်ခုကို ဘာလို့တက်ရောက်ထားသင့်လဲဆိုတဲ့ အချက်တွေပါ။
