Academic Writing and General Writing

Academic Writing ဆိုတာ ဘာလဲ? တခြား General Writing တွေနဲ့ဘယ်လိုကွာခြားသလဲ?

IELTS မှာဖြေရတဲ့ Essay တွေဟာ Academic Essay Type ဖြစ်တဲ့အတွက် ကျောင်းသားများအနေနဲ့ ဒီအချက်ဟာ မသိမဖြစ် သိရမယ့် အချက်ဖြစ်ပြီး၊ Academic Writing Style တွေကို မလွဲမသွေ လေ့လာထားဖို့ လိုအပ်ပါတယ်။

Academic Essays တွေဟာ တခြား “A Visit to A Village” တို့ “A Memorable Day in My Life” တို့နဲ့ ဘယ်လိုကွာခြားသလဲ?

ဘယ်လို Features တွေ ပါဝင်သလဲ?

Academic Writing မှာ Formal Structure နဲ့ Relevant Terms လို့ခေါ်တဲ့ ကိုယ်ရေးနေတဲ့ အကြောင်းအရာနှင့် လိုက်ဖက်၊ သက်ဆိုင်မှုရှိတဲ့ အသုံးအနှုန်းနဲ့ဝေါဟာရတွေကို အသုံးပြုပြီး ကိုယ့်ရဲ့ Argument ကို ခိုင်မာအောင် တည်ဆောက်ရပါတယ်။ ဒီလိုတည်ဆောက်ရာမှာ အရေးကြီးတာက Topic အပေါ်မူတည်ပြီး၊ ကိုယ့်ရဲ့

  • ရပ်တည်ချက်
  • ထင်မြင်ယူဆချက်
  • နှိုင်းယှဉ် ချိန်ဆချက်
  • ကျိုးကြောင်းဆက်စပ်မှု

စတဲ့ အချက်တွေကို ပေါ်လွင်အောင် ရေးသားပေးရပါမယ်။

Academic Writing မှာ အဓိက ပါဝင်ရမယ့် Features တွေက Objectivity ကိုယ့်ရဲ့ ပုဂ္ဂလိက စိတ်ခံစားမှု၊ အထင်အမြင် ကိုဖော်ပြတာ မဟုတ်ပဲ၊ လေ့လာတွေ့ရှိချက်၊ အထောက်အထားတွေကို ပြန်လည်ဖော်ပြသည့်ပုံစံဖြင့် ရေးသားခြင်းပါ။

ဥပမာ။ ။ You can demonstrate that climate change is really happening by looking at the changes in Antarctic ice layers.
ဆိုတဲ့စာကြောင်းကို..
1. Alterations in Antarctic ice layers demonstrate that climate change is a real phenomenon.
ဆိုပြီး ကိုယ်ပြောနေတဲ့ အကြောင်းအရာကို Subject အနေနဲ့ ထားပြီး ရေးရင် Academic ပိုဆန်ပါတယ်။ ဒါ တစ်နည်းပါ။
(Changes ကို Alteration/ really happening ကို a real phenomenon ဆိုပြီး ပြောင်းထားတာ သတိထားမိပါလိမ့်မယ်.. ဒါကို ဒုတိယ Feature ဖြစ်တဲ့ “Formality” မှာ ထပ်ပြောပါမယ်)

2. The reality of climate change can be demonstrated by studying alterations in Antarctic ice layers.
ဆိုပြီး Passive Voice နဲ့ ပြန်ရေး ရင်လည်း ရပါတယ်။ (looking at အစား studying ပြန်သုံးထားပါတယ်)

3. It can be demonstrated that climate change is a real phenomenon by studying alterations in Antarctic ice layers.
ဆိုပြီး “It” ကို အစားထိုး Subject အနေနဲ့လည်း သုံးလို့ရပါတယ်။

ဒီနည်းတွေဟာ Objectivity လို့ခေါ်တဲ့ ဓမ္မဓိဌာန်ကျကျ ရေးသားနည်းတစ်ချို့ပါ။
Formality အရေးအသား တည်ကြည်၊ ခန့်ထည် မှုရှိခြင်း

Formal Writing မျိုးဖြစ်အောင် ရေးဖို့ နမူနာနည်းလမ်းတွေက..
– informal words (going, good, tell, though, really) စတဲ့ ရေလဲသုံး စကားလုံတွေကိုရှောင်တာ။ အပေါ်မှာ ဥပမာ ပေးခဲ့သလိုမျိုး၊ ပိုပြီး သင့်တော်မယ့် words တွေနဲ့ သုံးတာ

  • How good…, What if… , What about.. စတဲ့ rhetorical questions တွေကို ရှောင်တာ
  • ‘s, ‘re လိုမျိုး Contraction တွေကို ရှောင်တာ
  • vague categories လို့ခေါ်တဲ့ etc.., so on.. စတာတွေကို ရှောင်တာ
  • Colloquial လို့ခေါ်တဲ့ ဒေသသုံး စကားတွေကိုရှောင်တာ

ဥပမာ။ ။ The investigation has been going for four years. How good has it been?
At this stage, researchers can’t tell, because they still need to check out the data to account for different age, gender, income, etc. Once the work is done, though, information will be really first-class.
ဆိုတဲ့ စာပိုဒ်ကို ခုလိုမျိုး Formal ဖြစ်အောင်ပြန်ရေးလို့ရပါတယ်။

The investigation has been underway for four years. Researchers cannot yet determine the effectiveness of the project because it is necessary to first analyze the data to control for age, gender, socio-economic status and other demographic variables. Despite this, the information collected is expected to be highly valuable for future studies.

ခြားနားချက်တွေကို လေ့လာကြည့်ပါ။

Precision နောက် Feature တစ်ခုက တိကျမှုပါ။
ဥပမာ။ ။ Many people did not like changing trains on the way to work, but they still thought it was better than taking a bus.
ဆိုတဲ့ စာကြောင်းမှာ.. လူများများဆိုတာ ဘယ်လောက်များများလဲ?
ရထားပြောင်းစီးရတာကို ဘယ်လောက်တောင် မကြိုက်တာလဲ?

မကြိုက်ပေမယ့် ဘာ့ကြောင့် ဘတ်(စ) ကားစီးရတာထက် ပိုကောင်းတယ်လို့ ထင်သလဲ???
ဒီအချက်တွေပါရပါမယ်။

ပြန်ပြောင်းရေးရင်…
While the majority of the commuters indicated their intense dislike of changing trains on their commute to work, they preferred taking two trains to taking one bus, which they perceived would be slower and less comfortable, or both.
စသဖြင့် ရေးရင် Academic Format ထဲ ဝင်ပါတယ်။

Hedging ငါ့စကား နွားရ၊ ကိုယ်ပြောတာမှ အမှန် ဆိုတဲ့ သဘောမျိုး မရေးမိအောင် ရှောင်ကျဉ်တာပါ။
အဲလို ရှောင်နိုင်ဖို့ Academic Writing မှာ Hedging တွေကို မကြာခဏ သုံးလေ့ရှိပါတယ်။
Hedging နမူနာတွေက…

1. Introductory Verbs :
seems, tend to, look like, appear to be, believe, doubt, indicate, suggest…
2. Certain modal verbs :
will, may, might, would, must, could…
3. Modal Adverbs :
certainly, definitely, clearly, possibly, perhaps…
4. Modal Adjectives :
certain, definite, possible…
5. Modal Nouns:
Assumption, Possibility, Probability…
6. That Clauses :
It could be assumed that..
It might be suggested that…
There is every hope that…
7. It (is) + Adjective + to infinitive
It may be possible to obtain…
It is important to develop…
It is useful to study…

ဥပမာ။ ။ Leading a sedentary lifestyle causes chronic health condition.
လို့ရေးရင် ဒါဟာ မပြောင်းမလဲ အမြဲမှန်တဲ့ အချက်ဖြစ်တယ်ဆိုပြီး ကိုယ်ပြောတာပဲ အမှန်လို့ ဆုပ်ကိုင် ပြောရာကျပါတယ်..
အဲဒီအစား..

It has been proved that leading a sedentary lifestyle causes chronic health condition.
There are certain cases where a sedentary lifestyle causes chronic health condition.
Leading a sedentary lifestyle can contribute to a range of chronic health conditions.
စသဖြင့် မိမိရဲ့ Sentence ကို Hedging လုပ်လို့ ရပါတယ်။
အခုပြောခဲ့တာတွေဟာ Academic Writing မှာ သတိထားလေ့လာ သင့်တဲ့ အချက်တွေဖြစ်ပြီး နောက်ထပ် အသေးစိပ် လေ့လာပြီး မိမိရဲ့ Writing Skill ကို မြှင့်တင်နိုင်မယ့် အချက်များစွာ ရှိပါသေးတယ်။

အားလုံးပဲ အင်္ဂလိပ်စာ အရည်အသွေး တိုးတက်ကြပါစေ။

January 17, 2022
© Copyright 2022 | Developed By Impulse International.