၂၀၂၁ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ပညာရေးအကောင်းဆုံးနိုင်ငံများစာရင်းမှာဆိုရင် ဩစတေးလျနိုင်ငံဟာ အဆင့် (၈) လောက်မှာ ရပ်တည်နေပြီး နိုင်ငံတကာ ကျောင်းသားတွေအနေနဲ့ US, UK တို့ပြီးရင် Australia ကိုသွားပြီး ပညာသင်ယူဖို့ကို စိတ်ဝင်စားလာကြပါတယ်။ ဆိုတော့ ဩစတေးလျနိုင်ငံကို သွားရောက်ပညာသင်ယူ လိုတဲ့ မြန်မာကျောင်းသားတွေအတွက် အခမဲ့ သွားရောက် ပညာသင်ယူနိုင်ဖို့ကို ဩစတေးလျအစိုးရ ကပေးတဲ့ ပညာသင်ဆုအကြောင်းကို ဝေမျှပေးလိုက်ပါတယ်။
Australian Government Scholarship ကိုတော့ ဩစတေးလျနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေမှာ Bachelor, Master နဲ့ PhD Degree programs တွေ သွားရောက်သင်ယူနိုင်ဖို့ကို ထောက်ပံ့ပေးတဲ့ fully funded scholarship အမျိုးအစားတစ်ခုဖြစ်ပါတယ်။ သို့ပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ မြန်မာ ကျောင်းသားတွေ အတွက်ကိုတော့ Master program အတွက်ပဲ ဒီပညာသင်ဆုကို ထောက်ပံ့ပေးတာဖြစ်ပါတယ်။
အထူးသဖြင့် Education, Human resource development, Trade and private sector development, Gender equality, Social inclusion and human rights, Regional stability, Environment and natural resources and Public Health စတဲ့ နယ်ပယ်တွေထဲက ဘာသာရပ်တွေကို အဓိကထား ထောက်ပံ့ပေးတဲ့ ပညာသင်ဆု ဖြစ်ပါတယ်။
ဒီပညာသင်ဆုကနေ ကျောင်းကျူရှင်စရိတ်၊ နေထိုင်စရိတ်၊ ကျောင်းသွား တက်ဖို့ရန် ခရီးအသွားအပြန်စရိတ် အပြင် အခြားကျန်းမာရေးအသုံးစရိတ်၊ ကျောင်းအသုံးအဆောင်ကုန်ကျစရိတ်တွေကိုလည်း ထောက်ပံ့ပေးတာဖြစ်ပါတယ်။ အခုပညာသင်ဆုကိုတော့ မြန်မာနိုင်ငံသားတိုင်း လျှောက်ထားနိုင်မှာဖြစ်ပြီး အနည်းဆုံးအသက် (၂၅) နှစ်ပြည့်ပြီးဖြစ်ရပါမယ်။
Bachelor ဘွဲ့တစ်ခုခုရှိရမှာဖြစ်ပြီး၊ အလုပ်အတွေ့အကြုံ အနည်းဆုံး (၂) နှစ်နဲ့အတူ IELTS (6.5) or TOEFL (575) ရှိထား ရမှာဖြစ်ပါတယ်။ လျှောက်ထားလိုတဲ့သူတွေအနေနဲ့ အောက်မှာပေးထားတဲ့ လင့်ကနေမှ တစ်ဆင့် ပညာသင်ဆုပေးတဲ့ကာလအတွင်း သွားရောက်လျှောက်ထားနိုင်ပါတယ်။
https://oasis.dfat.gov.au/
Application periods: 1 February 2021 to 30 April 2021
