Business တစ်ခုရဲ့စီမံခန့်ခွဲမှုမှာ အခြေခံအကျဆုံး အချက် (5)ချက်

အောင်မြင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်တည်လာဖို့အတွက် ကောင်းမွန်တဲ့ စီးပွားရေးစီမံခန့်ခွဲမှုက မရှိမဖြစ် လိုအပ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတေ့ စီးပွားရေးကို Manage လုပ်ရတဲ့အခါ အခြေခံကျတဲ့အကြောင်းအရင်း 5 ချက်ကို lhm က မျှဝေပေးလိုက်ပါတယ်နော်။, hrH

လူ့စွမ်းအားအရင်းအမြစ် (Human Resources)

ဖောက်သည် Customer တွေက လုပ်ငန်းမှာ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ လူအများစုက ယူဆကြပေမယ့် လက်တွေ့မှာ လုပ်ငန်းအတွင်း Human Resource တွေကလည်း အရေးပါနေပါတယ်။

ဒါကြောင့် လုပ်ငန်းအတွက် အကျိုးဖြစ်ထွန်းစေတဲ့ ဝန်ထမ်း‌တွေနဲ့ ဝန်းရံထားဖို့ အရေးကြီးပါတယ်။ အောင်မြင်တဲ့ စီးပွားရေးအင်ပါယာကို တည်ဆောက်ဖို့၊ ကောင်းမွန်တဲ့ Community ကို ထိန်းသိမ်းထားဖို့အတွက် Human Resource Management ကို ဦးစွာထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

ဘဏ္ဍာရေးစီမံခန့်ခွဲမှု (Financing)

သင့်လုပ်ငန်းရဲ့ တိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုက သင့်ရဲ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစွမ်းရည်အပေါ် မူတည်ပါတယ်။ လုပ်ငန်းကို ကြီးပွားတိုးတက်ဖို့ဆိုရင် သင့်ဝင်ငွေနဲ့ အသုံးစရိတ်တွေကို အချိန်တိုင်းမှာ ထည့်သွင်းတွက်ချက်ပြီး ငွေကြေးဗျူဟာတွေ ကြိုတင်ရေးဆွဲထားဖို့ လိုပါလိမ့်မယ်။

လုပ်ငန်းပိုင်းဆိုင်ရာ ကုန်ကျစရိတ်၊ ရင်းနှီးမြှုပ်နှံမှု၊ အမြတ်ငွေ စတာတွေမှာ ထိရောက်တဲ့ ငွေကြေးစီမံမှုတွေ ရှိရမှာ ဖြစ်ပါတယ်။
ဈေးကွက်ရှာဖွေမှု (Marketing) လုပ်ငန်းတစ်ခု လည်ပတ်နိုင်သရွေ့ မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်တဲ့ Marketing က ကြော်ငြာတာ၊ ပရိုမိုးရှင်းပေးတာတွေထက်ပိုပါတယ်။

Audience တွေကလည်း သင့်လုပ်ငန်းက ဘာလဲဆိုတာသိဖို့ လိုအပ်တဲ့အတွက် Brand Awareness လည်းရအောင်၊ Knowledge တွေ၊ Value တွေပေးနိုင်တဲ့ Marketing မျိုးဖြစ်နေမှ ‌ဈေးကွက်မှာ နေရာတစ်ခုရောက်မှာ ဖြစ်ပါတယ်။

လုပ်ငန်းလည်ပတ်မှု (Operations)

စီမံခန့်ခွဲမှုအမျိုးအစားတွေထဲမှာ Operation Management က ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပေမယ့် လုပ်ငန်းတိုင်းအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါ ပါတယ်။

‌လုပ်ငန်းကြီးဖြစ်စေ၊ အသေးစားလုပ်ငန်းဖြစ်စေ ထုတ်လုပ်လိုက်တဲ့အရာတိုင်းက ဈေးကွက်မှာ တောင်းဆိုမှုရှိနေတဲ့ ထုတ်ကုန်ဖြစ်ဖို့ လိုအပ်တာကြောင့် Productivity Analysis, Capacity Panning စတာတွေလုပ်ဆောင်ရမှာ ဖြစ်မှာပါတယ်။ ဒီအခြေခံသဘောတရားတွေကို နားလည်သဘောပေါက်ထားရင် Brand ရဲ့အောင်မြင်မှုကို ရရှိတယ်လို့ ဆိုရမှာပါ။

ဗျူဟာချမှတ်ခြင်း (Strategizing)

အမြဲပြောင်းလဲနေတဲ့ စီးပွားရေး၀န်းကျင်မှု လိုက်ရောညီထွေဖြစ်ပြီး၊ ကိုယ့်ရဲ့ လုပ်ငန်းကြီးထွားဖို့၊ Target Goal ကို ပြည့်မီဖို့ ၊ Mission , Vision တွေချိတ်မိစေဖို့ စတဲ့အကြောင်းအရာမျိုးစုံ ဆန်းသစ်ပြီး ထိရောက်ကောင်းမွန်တဲ့ Strategy တွေချမှတ်ဖို့ လိုအပ်ပါတယ်။
ဗျူဟာချမှတ်ခြင်းကလည်း လုပ်ငန်းအတွင်း၊ ပြင်ပနှစ်ခုစလုံးရဲ့ ကဏ္ဍအသီးသီးမှာ ထည့်သွင်းစဥ်းစားပြီး အသုံးချရမယ့် အချက်တစ်ချက်ပါ။

သင့်အနေနဲ့ အခြေခံကျတဲ့ စီမံခန့်ခွဲမှုအကြောင်းသိသွားပြီဆိုရင် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်ရှင်။

January 23, 2022
© Copyright 2022 | Developed By Impulse International.