ဒီတခါပြောချင်တဲ့ risk management ကတော့safety နဲ့ပတ်သက်တဲ့ risk ကိုပြောချင်တာဖြစ်ပါတယ်၊၊ Risk ဆိုတာ constructionရှေ့မှာစာလုံးအကြီးကြီးနဲ့ Safety First ဆိုပြီးကပ်ထားရုံနဲ့တော့ ပျောက်သွားမယ့် အရာမျိုးတော့မဟုတ်ပါဘူး၊သေချာ manage လုပ်မှာသာ မဖြစ်ပွားအောင်ကာကွယ်နိုင်မှာပါ၊ ဖြစ်ပွားရင်လဲ ပျက်စီးမှုနည်းအောင်ကာကွယ်နိုင်မှာဖြစ်ပါတယ်၊၊ Risk management ကို safety officer ပဲဖြစ်ဖြစ်၊ engineer တွေပဲဖြစ်ဖြစ်များသောအားဖြင့်တာဝန်ယူရပါတယ်၊ Safety risk ဟာ engineering ၊factory၊ marine မှာကော အရေးကြီးပါတယ်၊ဒါကိုပေါ့ဆရင်တော့ လူ့အသက်များစွာ ဆုံးရှုံးနိုင်ပါတယ်၊၊ အဲ့လိုတွေမဖြစ်အောင်process လေးခု နဲ့ management လုပ်နိုင်ပါတယ်၊၊ ဒါတွေကတော့
(1) Identify Risks (Hazard)
ဒီအဆင့် မှာလုပ်ရမှာက hazardတွေဖြစ်နိုင်မယ့်အရာတွေကို ပထမဦးဆုံးရှာဖွေဖော်ထုပ်ရမှာဖြစ်ပါတယ်၊၊ ဥပမာ site ထဲမှာဓာတ်လှေခါးအပေါက်တွေကိုသေချာ ကာမထားတာတွေ၊siteထဲမှာ သံတွေ ဟိုနားတစ်ခေါင်း ဒီနား တစ်ချောင်းပြန့်ကျဲနေတာတွေ၊ ဂဟေဆော်တဲ့အခါတစ်ယောက်တည်းလုပ်နေတာတွေ၊ မြေတူးထားတာ ၆ပေ ထက်ကျော်ပြီးဘေးကမြေနရံတွေကို သေချာမကာရံထားချင်းစတဲ့ risk ဖြစ်နိုင်တဲ့ sourcesတွေကို ရှာပြီးချရေးရမှာ ဖြစ်ပါတယ်၊၊ ဒါပြီးရင်တော့
(2) Risk Assessment
ဒီအဆင့်မှာတော့ပထမအဆင့် ကရှာထားတဲ့ riskတွေကိုသေချာတစ်ခုချင်းစီလေ့လာ သုံးသပ်တာဖြစ်ပါတယ်၊၊ ဒီ riskတွေကို ဘာနဲ့ assessmentလုပ်လဲဆို့တော့ risk တစ်ခုဟာဖြစ်နိုင်ချေဘယ်လောက်ရှိလဲဥပမာ တစ်ပတ်တခါလောက်ဖြစ်နိုင်တာလား၊ တစ်လမှလား၊ တစ်နှစ်မှလားစသဖြင့်အတွေ့အကြုံပေါ်မူတည်ပြီး low၊ middle၊ High ဆိုပြီးခွဲထားရမှာဖြစ်ပါတယ်၊ ဖြစ်ခဲ့ရင်ကော ဘယ်လောက်ထိ ကြီးကြီးမားမားဖြစ်နိုင်လဲ ပွန်းပဲရုံ လောက်လား၊ လက်ကျိုးခြေကျိုးလား၊ လက်ပြတ်ခြေပြတ်ထိလား၊ အသက်သေဆုံးတဲ့အထိလား စသဖြင့် သူလည်းပဲ low၊ Middle၊ High ဆိုပြီးခွဲရမှာ ဖြစ်ပါတယ်၊၊ ဒီလိုခွဲပြီးရင်တော့အောက်မှာပြထားတဲ့ X၊ Y ဇယားမှာ နေရာချရမှာဖြစ်ပါတယ်၊၊ ဒီအဆင့်ပြီးရင်တော့နောက်တစ်ဆင့်ဖြစ်တဲ့
(3) Risk Response
ဒီအဆင့်ရောက်ရင်တော့ ဘယ် risk တွေကဖြစ်နိုင်ချေများတယ်၊ ဖြစ်ရင်လည်းဘယ်လောက်အတိုင်းအတာထိ ဖြစ်နိုင်တယ်ဆိုတာ ကွဲကွဲပြားပြားသိနေပါပြီ၊ ဒီတော့ riskတွေကို response လုပ်တဲ့နေရာမှာ(1) avoid ဆိုတဲ့ risk ကိုမယူတော့ဘဲရှောင်ရှားလို့ရရင်ရှောင်ရှားတာမျိုး၊ Transfer လို့ခေါ်တဲ့ risk ကိုတခြား third party ကို ယူခိုင်းတာ မျိုး၊ Reduce လို့ခေါ်တဲ့လျော့ချတာမျိုး၊ နောက်ဆုံးကတော့ accept လို့ခေါ်တဲ့လက်ခံရတာ မျိုးတွေရှိပါတယ်၊၊ ဥပမာပြောရရင် site ထဲမှာခေါင်းပေါ်ကို အုတ်ခဲတွေပါတွေကျလာနိုင်တယ်၊ သံစူမိနိုင်တာမျိုးဆိုရင် PPE(Personal Protective Equipmenet) လို့ခေါ်တဲ့safetyဦးထုပ်တွေ၊ဖိနပ်တွေကို ဝတ်ဆင်ခြင်းဖြင့်လျှောချရမှာဖြစ်ပါတယ်ဒီလို ဝတ်ဆင်အောင်လည်း လူတိုင်းကို engineer ကပဲဖြစ်ဖြစ်စီစစ်ရမှာဖြစ်ပါတယ်၊၊ ဂဟေဆော်တဲ့နေရာမှာလဲ အနည်းဆုံးလူ၃ယောက်ရှိရပါမယ်၊တစ်ယောက်ဆော်နေမယ်၊ဘေးကတစ်ယောက်ရှိမယ်၊ ဂဟေစက်ရဲ့ ပါဝါပလပ် ပေါက်နားတစ်ယောက်ရှိရပါမယ်၊ မတော်တဆဆော်တဲ့သူက ဓာတ်လိုက်ရင် ဘေးကတစ်ယောက်က ပလပ်ပေါက် နားက သူကိုအော်ပြောရပါမယ် သူကိုယ်တိုင်ပလပ်ပေါက်သွားဖြုတ်ရင် ဓာတ်လိုက်တဲ့သူကို မမှီတော့ပါဘူး၊၊ နောက်ဆုံးကတော့
(4) Monitoring and Control
ဒီအဆင့်မှာriskတွေကိုသေချာစောင့်ကြည့်ရပါမယ် ကိုယ်လုပ်တာတွေမှန်မမှန် သေချာစောင့်ကြည့်ပြီး အခြေအနေ အရလုပ်ဆောင်ရပါမယ်၊၊
နောက်ဆုံးပြောချင်တာကတော့ safety ဆိုအဓိကကိုယ်ကိုတိုင်လိုက်နာရမယ်အရေးအကြီးဆုံးအရာဖြစ်ပါတယ်
