Canada မှာကျောင်းတက်ဖို့ရာ အဓိကသိထားသင့်သည့်အချက်လက်များ

Canada ဟာ ကျောင်းစရိတ်သက်သာခြင်း ၊ PR ရနိုင်ခြေများခြင်း နှင့် College ပြီးရုံနှင့် ရရှိနိုင်တဲ့ work permit အပြင် အလုပ်အကိုင် အခွင့်အလမ်းတွေကြောင့် မြန်မာကျောင်းသားအများစု မျက်စိကျတဲ့ နိုင်ငံတွေထဲမှာ ထိပ်ဆုံးကနေပါဝင်နေပါတယ်။

♦️Education System & Academic Requirements

Canada ဟာ Grade 12 (ဆယ့်နှစ်တန်း) ပညာရေးစနစ်ကို ကျင့်သုံးတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့် ဆယ်တန်းပညာရေးအဆင့်သာရှိတဲ့ မြန်မာကျောင်းသားအများစုနှင့် IGCSE O level ကျောင်းသားတွေ အဖို့တော့ admissions requirements မှာ အခက်တွေ့စရာတစ်ချို့တော့ရှိတာအသေချာပါပဲ။

ဒါပေမဲ့ တစ်ချို့ College တွေကတော့ ယခုလို ကျောင်းသားတွေအတွက် Grade 12 level နဲ့ ညီမျှတဲ့ Upgrading skill courses တွေ ထားရှိပေးထားပြီး မိမိတက်ရောက်ချင်တဲ့ diploma course မတက်ရောက်ခင်မှာ သက်ဆိုင်ရာ course entry အလိုက်တောင်းတဲ့ (for example, pre-calculus or Chemistry) courses အတိုလေးတွေ တက် exam ဖြေပြီး ဝင်ခွင့်ရရှိနိုင်ပါတယ်။ တစ်ချို့ကျောင်းသားတွေကလဲ ဆယ်တန်းအပြင် တခြား diploma သင်တန်း တစ်ခုခု တက်ထားတဲ့ လက်မှတ်အခံနဲ့ လျှောက်ပြီး ဝင်ခွင့်ရရှိသွားကြသူတွေလဲရှိပါတယ်။

♦️ IELTS Score

Canada မှာ study visa အတွက်ရော college အတွက်ရော အနည်းဆုံး IELTS Overall score 5.5 မှ 6 or 6.5 အထိ တောင်းသည့်အတွက်ကြောင့် တခြားနိုင်ငံများနှင့်ယှဉ်မည်ဆို English requirements တောင်းတာမြင့်ပါတယ်။ ကျောင်းသားတွေအနေနဲ့ IELTS exam တွေ postpone ဖြစ်နေချိန်မှာ Duolingo နှင့် တခြား internet based English test တွေ ဖြေဆိုလို့ရသလို English requirements လိုအပ်ချက်ရှိသည့် ကျောင်းသားများသည်လည်း Pathway English Program များကို virtually တက်ရောက်ပြင်ဆင်နိုင်ပါတယ်။

♦️ Intake Months သို့မဟုတ် ကျောင်းဖွင့်သောလများ

Canada မှာ “Fall, Winter, Spring” intake 3 မျိုးရှိပြီး “Jan, May, Aug or Sep” မှာဖွင့်လို့ မိမိအဆင်ပြေတဲ့လကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။

အဓိက Major intake ကတော့ Sep ဖြစ်ပြီး ဘယ် course မဆို Sep မှာဖွင့်ပါတယ်။ Jan & May intake တွေမှာတော့ တစ်ချို့ programs တွေသာဖွင့်တဲ့အတွက်ကြောင့် မိမိ တက်ရောက်ချင်တဲ့အချိန်မှာ မိမိတက်ချင်တဲ့ course ဖွင့်မဖွင့်ကို ကြည့်ပြီး ကျောင်းသားတွေအနေနဲ့ college ရွှေးချယ်သင့်ပါတယ်။

♦️ Application timelines

Canada colleges တွေဟာ များသောအားဖြင့် application timeline 6-8 weeks ကနေ ပိုပြီးကြာတတ်သည့်အတွက်ကြောင့် မိမိတက်ရောက်မည့် intake မတိုင်ခင် အနည်းဆုံး ၆လလောက်ကြိုတင်ပြင်ဆင်တာတော့ပိုကောင်းပါတယ်။

♦️ Visa

Canada ဟာ ကျောင်းသားတွေအတွက် Study Visa ခက်တဲ့နိုင်ငံလို့လဲ နာမည်ကြီးပါတယ်။ ဒါကြောင့် ကျောင်းသားတွေအနေနဲ့လဲ Visa requirements တွေကို သေချာနားလည်သဘောပေါက်ပြီး ကြိုတင်ပြင်ဆင်ဖို့လိုပါတယ်။

Visa apply လုပ်ရာတွင် အဓိကလိုအပ်တာကတော့..

  • Offer letter,
  • Valid passport,
  • Bank statement တွေပါပဲ။

မိမိ၏ documents ပြည့်စုံမစုံပေါ်မူတည်ပြီး ၁လမှ ၄လအထိ visa ပြန်ရဖို့ ကြာနိုင်ပါတယ်။

♦️ Financial Proof or Bank Statement

ကျောင်းသားအများစု တွေဝေကြတာကတော့ အဓိက Bank statement ဘယ်လိုပြရမလဲမသိတာပါပဲ။ Bank Statement အတွက် မိမိတက်ရောက်မည့် diploma program ဆို အနည်းဆုံး ကျောင်းတက်မည့် ကျောင်းစရိတ် နှစ်နှစ်စာ tuition fees + တစ်နှစ်စာ living expenses total ကုန်ကျစရိတ်ကို bank ထဲ ၄လ သို့မဟုတ် ၆လ ထည့်ပြလို့ရသော်လည်း ပိုပြီး secure ဖြစ်ချင်ပါက ပိုင်ဆိုင်မှုအနေဖြင့် liquidity assets များကိုပါ ထည့်ပြနိုင်ပါကလည်း strong financial proof အဖြစ်ပြနိုင်မှာပဲဖြစ်ပါတယ်။

February 26, 2022
© Copyright 2022 | Developed By Impulse International.