Cloud Computing အခြေခံ အကြောင်းအရာများ

Cloud ဆိုတာဘာလဲ?

Cloud ဆိုတဲ့ အခေါ်အဝေါ် ကတော့ Network သို့မဟုတ် အင်တာနက် ကိုရည်ညွှန်းပါတယ်။
Cloud ကို public network က သာမက private network တွေကပါ ရယူ အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။
ဥပမာ-

  • WAN ( Wireless Access Network ) ကြိုးမဲ့ ချိတ်ဆက်မှု
  • LAN ( Local Access Network ) ဒေသတွင်း ချိတ်ဆက်မှု
  • VPN ( Virtual Private Network ) လုပ်ငန်းတစ်ခုချင်းစီက သီးခြား ချိတ်ဆက်မှု တို့က တစ်ဆင့် Application မျိုးစုံကို ရယူ အသုံး ပြုနိုင်အောင် စီစဉ်ပေးထားခြင်း ဖြစ်ပါတယ်။

Application အမျိုးအစားတွေထဲမှာတော့ e-mail ဝန်ဆောင်မှု ၊ Web Conferencing ( အင်တာနက်ဆိုင်ရာ အစည်းအဝေး ပွဲများ ပြုလုပ်ခြင်း ) တို့ အပြင် Customer Relationship Management ( CRM ) ( သုံးစွဲသူဆိုင်ရာ အချက်အလက် စီမံခန့်ခွဲမှု ) တို့အထိ ပါဝင်မှာ ဖြစ်ပါတယ်။

Cloud Computing ဆိုတာဘာလဲ?

Cloud Computing ဆိုတာကတော့ အင်တာနက် ကနေ တစ်ဆင့် ကိုယ်အသုံးပြုမယ့် applications တွေကို ရယူအသုံးပြုနိုင်တဲ့ နည်းလမ်း တစ်ခု ဖြစ်ပါတယ်။

ကိုယ်တိုင် Application တွေကို Online ပေါ်မှာ ဖန်တီး လို့ရနိုင်သလို ၊ ပြန်လည်မျှဝေသုံးစွဲနိုင်ဖို့ နဲ့ စိတ်ကြိုက်ပြင်ဆင်နိုင်ဖို့ အထိ ခွင့်ပြုပေးထားပါတယ်။

Cloud Computing ပိုင်းမှာ အဓိက အားဖြင့် Online Data Storage ( အွန်လိုင်းပေါ်တွင် အချက်အလက် သိမ်းဆည်းခြင်း၊ Infrastructures ( အခြေခံအဆောက်အဦးများ ) နှင့် application ပိုင်းတို့ကို အဓိက ထား စဉ်းစား ထားတာ တွေ့ရမှာ ဖြစ်ပါတယ်။

အနာဂါတ်မှာ ကိုယ်ပိုင် Laptop တွေ ၊ Personal Computer တွေပေါ်မှာ မည်သည့် Software မှ ထည့်သွင်းထားခြင်း မရှိခဲ့ရင်တောင် Cloud Computing အကူအညီနဲ့ application မျိုးစုံကို အသုံးပြုနိုင်ခြင်း ၊ အချက်အလက် သိမ်းဆည်းခြင်း များကို အဆင်ပြေပြေ လုပ်ဆောင်လာနိုင်တော့မှာ ဖြစ်ပါတယ်။

Basic Concepts ( အခြေခံ အယူအဆများ )

  • Cloud Computing ရဲ့ နောက်ကွယ်မှာ Model နှစ်မျိုးကို အခြေခံထားပါတယ်။
  • Deployment Models
  • Service Models တို့ ဖြစ်ပါတယ်။

Deployment Models ဆိုတာဘာလဲ?

Deployment Models ဆိုတာကတော့ Cloud ရဲ့ တည်နေရာ သတ်မှတ်တာကို ဆိုလိုပါတယ်။ ဒီလို သတ်မှတ်တဲ့ အပိုင်းမှာ တော့ သာမန်အားဖြင့် (၄) မျိုး ပိုင်းခြား သတ်မှတ်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

  • Public Cloud
  • Private Cloud
  • Hybrid Cloud
  • Community Cloud တို့ ဖြစ်ပါတယ်။

Public Cloud

Public Cloud ရဲ့  ရည်ရွယ်ချက်ကတော့ Systems ( စနစ်များ ) နဲ့ Services ( ဝန်ဆောင်မှုများ ) အများအသုံးပြုနိုင်ဖို့ အတွက် ရည်ရွယ်ပေးထားတာ ဖြစ်ပါတယ်။ အများသုံး ဖြစ်တဲ့ အတွက်လဲ အင်တာနက် အချက်အလက်ပိုင်းဆိုင်ရာ လုံခြုံရေး အားနည်းချက်တွေ ရှိနိုင်ပါတယ်။ ဥပမာ email သဘောမျိုး ဖြစ်ပါတယ်။

Private Cloud

Private Cloud ရဲ့ ရည်ရွယ်ချက်ကတော့ Systems ( စနစ်များ ) နှင့် Services ( ဝန်ဆောင်မှုများ ) ကိုအဖွဲ့အစည်းတခုအတွင်းမှာသာ ရယူ အသုံးပြုနိုင်စေဖို့ ရည်ရွယ်ထားပါတယ်။ Private Cloud ကတော့ အင်တာနက် အချက်အလက်ပိုင်းဆိုင်ရာ လုံခြုံရေး အတွက် တိုးမြှင့် ပြင်ဆင်ထားတာ တွေ့ရပါတယ်။

Hybrid Cloud

Hybrid Cloud ကတော့ Public Cloud နဲ့ Private Cloud ကို ပေါင်းစပ် ထားခြင်း ဖြစ်ပါတယ်။ အများအသုံးပြုမယ့် အချက်အလက်ပိုင်းဆိုင်ရာတွေမှာ Public Cloud ကို အသုံးပြုသွားမှာ ဖြစ်ပြီး၊ အရေးကြီးတဲ့ အချက်အလက်ပိုင်းဆိုင်ရာတွေမှာ Private Cloud ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။

Community Cloud

Community Cloud ကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အစုအဖွဲ့အလိုက် အချက်အလက်တွေ မျှဝေ သုံးစွဲဖို့ ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

Service Models ဆိုတာ ဘာလဲ ?

Service model ကတော့ Cloud Computing ကို အခြေခံထားတဲ့ Reference Models တွေကို ဆိုလိုတာ ဖြစ်ပါတယ်။
Reference Models တွေထဲက အခြေခံ Models ၃ မျိုးကို ဖေါ်ပြပါမယ်။

  • Infrastructure as a Service (IaaS)
  • Platform as a Service (PaaS)
  • Software as a Service (SaaS) တို့ ဖြစ်ပါတယ်။

ဒီ Reference Models ၃ မျိုး ကတော့ Application ပိုင်း ၊ Platform ပိုင်း နဲ့ Infrastructure ပိုင်း စသည်ဖြင့် သက်ဆိုင်ရာ အပိုင်းလိုက် လုပ်ဆောင် ကြပါတယ်။

December 30, 2021
© Copyright 2022 | Developed By Impulse International.