ယခုခေတ်ကာလနောက်ပိုင်းမှာဆိုရင် လူအများစုကြားမှာ “ ဘယ် အွန်လိုင်း အပလီကေးရှင်း ကတော့ End-to-end encryption (E2EE) ပါလို့ ပိုပြီး လုံခြုံတယ်၊ ဘယ်အပလီကေးရှင်းကတော့ မပါလို့ သိပ်မလုံခြုံဘူး ဆိုပြီး အွန်လိုင်းကနေ အချင်းချင်းစကားပြောကြတဲ့အခါ message တွေကို encryption နဲ့ပို့ ကြပါ ” စသဖြင့် လူပြောများလာကြပါတယ်။
End-to-end Encryption ဆိုတာက ဘာလဲ?
End-to-end Encryption က လွယ်လွယ် ပြောရရင် သင် message တစ်ခုကို ပို့လိုက်တဲ့ အခါမှာ ပေးပို့သူနဲ့ လက်ခံသူကလွဲပြီး တခြားဘယ်သူမှ (အသုံးပြုတဲ့ application server ကတောင်မှ) ဝင်ဖတ်လို့ မရအောင် ပြုလုပ်ပေးထားတဲ့ စနစ် တစ်ခုပါဘဲ။
ဒါဆို End-to-end Encryption က ဘယ်လိုအလုပ်လုပ်တာလဲ?
ဘယ်လို အလုပ်လုပ်လဲဆိုတော့ သင်္ချာနည်းအရ ထုတ်ထားတဲ့ Public Key, Private Key
တွဲတစ်စုံကို အသုံးပြုပြီး လုပ်ဆောင်တာပါ။ E2EE မှာ ပေးပို့သူမှာကော၊ လက်ခံသူမှာကော Public Key တစ်ခု နဲ့ Private Key တစ်ခုရှိပါတယ်။ ဟုတ်ပြီ…..public key တွေ private key တွေက ဘယ်လိုမျိုးလဲ ဆိုရင် နှစ်ခုလုံးက အက္ခရာတွေပါတဲ့ စာတန်းတွေပါဘဲ။ public key
ကတော့ နှစ်ယောက်လုံးမြင်ခွင့်ရှိပြီး private key
ကတော့ ကိုယ့်ဘက်မှာဘဲရှိတာပါ။ ရှင်းအောင်ပြောရမယ်ဆိုရင် public key
ကို သော့ခလောက်တစ်ခုလို့ မြင်လိုက် အဲ့ သော့ခလောက်ကို ဘယ်သူမဆို ယူပြီး ပိတ်လို့ရတယ်။ ဒါပေမယ့် private key ဆိုတဲ့ သော့
နဲ့မှ အဲ့ သော့ခလောက်ကို ပြန်ဖွင့်လို့ရတယ်လို့ ဆိုလိုတာပါ။
End-to-end Encryption မှာ စာပို့ပုံက ဒီလိုပါ။
ကိုယ်ပို့ချင်တဲ့ စာကို လက်ခံမယ့် သူရဲ့ သော့ခလောက် (public key) ကိုယူပြီး အရင် သော့ခတ်လိုက်တယ်။
ပြီးတော့မှ ပို့လိုက်တယ်။ သော့ခတ်ထားလို့ တခြားဘယ်သူမှ ဖတ်လို့ရမှာ မဟုတ်ပါဘူး။ စာက လက်ခံမယ့် လူဆီရောက်တဲ့ခါကျ လက်ခံမယ့် သူက သူ့မှာရှိတဲ့ သော့ (private key)
နဲ့ဖွင့်ပြီး စာဖတ်တယ်။ အဲ့တာကို End-to-end Encryption လို့ခေါ်ပါတယ်။
End to End Encryption ပါ၀င်တဲ့ Communication Apps တွေကို အောက်မှာ အသေးစိတ် လေ့လာကြည့်နော်။
Whatsapp
Android: https://play.google.com/store/apps/details?id=com.whatsapp&hl=en&gl=US
iOS: https://apps.apple.com/us/app/whatsapp-messenger/id310633997
Web: https://www.whatsapp.com/download/?lang=en (web version can be used only if phone application is active)
Signal
Android: https://play.google.com/store/apps/details?id=org.thoughtcrime.securesms&hl=en&gl=US
iOS: https://signal.org/en/download/ios/
Web: https://signal.org/en/download/
Viber
Android: https://play.google.com/store/apps/details?id=com.viber.voip&hl=en&gl=US
iOS: https://apps.apple.com/us/app/viber-messenger-chats-calls/id382617920
Web: https://www.viber.com/en/download/
Telegram (not encrypted by default, only in secret chat)
Android: https://play.google.com/store/apps/details?id=org.telegram.messenger&hl=en&gl=US
iOS: https://apps.apple.com/us/app/telegram-messenger/id686449807
Web: https://desktop.telegram.org/
Wire
Android: https://play.google.com/store/apps/details?id=com.wire&hl=en&gl=US
iOS: https://apps.apple.com/us/app/wire-secure-messenger/id930944768
Web: https://wire.com/en/download/
Silence (SMS app for Android only)
Android: https://m.apkpure.com/silence/org.smssecure.smssecure
iMessage (default app for iOS only)
