First Resume ရေးသားရာတွင် သိထားသင့်သည့် အချက်များ

Resume ရေးဖို့ စိုးရိမ်နေပါသလား။ အလုပ်အတွေ့အကြုံ မရှိတာ ဒါမှမဟုတ် နည်းပါးတာအတွက် စိတ်မပူပါနဲ့။ Fresher တွေအတွက် လျှောက်လွှာက အလုပ်အတွေ့အကြုံထက် တခြားအရာတွေကို ပိုအလေးထားဖို့ လိုပါတယ်။

သင့်ရဲ့ ပထမဆုံး Resume ကို စွဲဆောင်မှုရှိပြီး အထင်ကြီးစရာ ဖြစ်အောင် ဘယ်လိုရေးသားရမလဲဆိုတဲ့ အချက်အလက်ကောင်းတွေကို ဝေမျှပေးလိုက်ပါတယ်။

၁။ Keywords ရှာဖွေပါ

အလုပ်လျှောက်လွှာမရေးခင် သင်လျှောက်မယ့် အလုပ်အမျိုးအစား နဲ့ သက်ဆိုင်တဲ့ သော့ချက်စကားလုံး တွေကို စုဆောင်းပါ။

Find out – အွန်လိုင်းအလုပ်ရှာဖွေရေး စာမျက်နှာတွေမှာ သင်စိတ်ဝင်စားတဲ့ ဝင်ခွင့်အဆင့် (Entry-Level) အလုပ်တွေကို ရှာပါ။

Red – အလုပ်ဖော်ပြချက် (Job Description) မှာ ကုမ္ပဏီက တောင်းဆိုထားတဲ့ ကျွမ်းကျင်မှု (Skills) တွေ၊ တာဝန် (Roles) တွေကို ဂရုတစိုက်ဖတ်ပါ။

Choice – အဲဒီထဲကမှ သင့်ရဲ့ အရည်အချင်းတွေနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ စကားလုံးတွေကို ရွေးချယ်ပြီး သင့် Resume မှာ ထည့်သွင်းပါ။

၂။ Standard Format ကို လိုက်နာပါ

အလုပ်လျှောက်လွှာဆိုတာ ပရော်ဖက်ရှင်နယ် (Professional) ဆန်ရပါမယ်။ ဖန်တီးမှု လွန်ကဲတာ၊ ဒါမှမဟုတ် ပျင်းရိစရာကောင်းတာမျိုး မဖြစ်သင့်ပါဘူး။

ရှောင်ရမဲ့အချက် –  ဆန်းပြားတဲ့ ဖောင့် (Fancy Fonts) တွေ၊ အရောင်တွေ အများကြီးသုံးတာကို ရှောင်ပါ။ တစ်မျက်နှာ (One-Page) ထက် မပိုဖို့ အကောင်းဆုံးပါပဲ။

ပါဝင်ရမည့် အစီအစဉ်အလိုက်အချက်အလက်များ

အမည်နှင့် ကိုယ်ရေးအချက်အလက် (Name & Basic Info)

ရည်ရွယ်ချက် (Objective)

ကျွမ်းကျင်မှုများ (Skills)

ပညာရေး နောက်ခံ (Education History)

အောင်မြင်မှုနှင့် ဂုဏ်ပြုဆုများ (Accolades/Achievements)

အလုပ်အတွေ့အကြုံ (ရှိပါက)

၃။ Objective ကို ထည့်သွင်းပါ

သင် ဘာကိုရှာဖွေနေတယ်၊ သင့်ရဲ့ ပရော်ဖက်ရှင်နယ် ရည်မှန်းချက် (Professional Aspirations) က ဘာလဲဆိုတာကို ၃ ကြောင်းထက် မပိုသော စာတိုလေးနဲ့ ဖော်ပြပါ။

အရေးကြီးဆုံး: အင်တာနက်ကနေ ကူးယူတာကို လုံးဝရှောင်ပါ။ သင့်ရဲ့ ရည်မှန်းချက်ကို ထူးခြား (Unique) ပြီး ကိုယ်တိုင်ရေးသားဖော်ပြပါ။

၄။ ကျွမ်းကျင်မှု (Skills) များကို မီးမောင်းထိုးပြပါ

ရည်ရွယ်ချက်ရဲ့ အောက်မှာ သင်ရှာဖွေထားတဲ့ သော့ချက်စကားလုံးများ အပေါ်အခြေခံပြီး သင့်ရဲ့ ကျွမ်းကျင်မှု တွေကို စာရင်းပြုစုပါ။

အဓိကထားပါ –  သင်လျှောက်တဲ့အလုပ်အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကိုပဲ ရွေးပြီး ဦးစားပေး ဖော်ပြပါ။ ဤအပိုင်းသည် အလုပ်ရှင်များ အရင်ဆုံး စစ်ဆေးလေ့ရှိသော အပိုင်းဖြစ်ပါသည်။

၅။ ပညာရေးကို အလေးထားဖော်ပြပါ

ပထမဆုံး အလုပ်ရှာဖွေသူများအတွက် ပညာရေး နောက်ခံ (Education History) သည် သင့်ရဲ့ အကြီးမားဆုံး အားသာချက် (Asset) ဖြစ်ပါသည်။

အစဉ်လိုက်ဖော်ပြပါ –  အမြင့်ဆုံး ဒီဂရီ/ဘွဲ့ကနေ အောက်ကို ဆင်းပြီး ဖော်ပြပါ။

အသေးစိတ် – ကျောင်းအမည်၊ ရရှိခဲ့သော အမှတ်/အဆင့်များ၊ ထင်ရှားသည့် ပညာရပ်ဆိုင်ရာ အောင်မြင်မှုများ ကို မရှက်မကြောက်ဖော်ပြပါ။

၆။ အလုပ်နဲ့သက်ဆိုင်မှုမရှိသောအရာများ ဖော်ပြခြင်းကိုရှောင်ပါ

သင်လျှောက်လွှာတင်တဲ့ အလုပ်နဲ့ သက်ဆိုင်ခြင်းမရှိတဲ့ အတွေ့အကြုံ၊ အလုပ်သင် (Internship) တွေ၊ ဝါသနာတွေကို ထည့်သွင်းခြင်းမှ ရှောင်ကြဉ်ပါ။

ဥပမာ – အရောင်း (Sales Executive) လျှောက်ရင် Web Developer အလုပ်သင် အတွေ့အကြုံက အလေးထားစရာ မဟုတ်ပါဘူး။

၇။ ရိုးသားပြီး အမှားကင်းပါစေ

ရိုးသားပါ –  သင့်ရဲ့ ပညာရေး၊ ကျွမ်းကျင်မှု၊ အောင်မြင်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်တော့မှ မညာပါနဲ့။ နောက်ဆုံးမှာ အမှန်တရားပေါ်လာပါက အလုပ်အကိုင် ဆုံးရှုံးစေနိုင်ပါတယ်။

အမှားကင်းပါစေ – စာလုံးပေါင်းသတ်ပုံ၊ သဒ္ဒါ (Grammar)၊ ပုဒ်ဖြတ်ပုဒ်ရပ် အမှားတွေ လုံးဝမပါအောင် အကြိမ်ကြိမ် စစ်ဆေး (Proofread) ပါ။

အကြံပြုချက် – သင့်ရဲ့ Resume ကို အပြီးသတ် ရေးသားပြီးတဲ့အခါ အတွေ့အကြုံရှိသူများ (မိဘ၊ ဆရာ၊ အလုပ်လုပ်နေသူ မိတ်ဆွေ) တွေကို ဖတ်ခိုင်းပြီး အကြံဉာဏ်ယူပါ။

ယခုဆိုရင် သင်ဟာ စံပြဖြစ်တဲ့ ပထမဆုံး Resume ကို ရေးသားဖို့ လိုအပ်တဲ့ အချက်တွေ အားလုံးကို သိရှိသွားပါပြီ။ အောင်မြင်ပါစေနော်

November 4, 2025
© Copyright 2022 | Developed By Impulse International.