Freelancer တစ်ယောက်အဖြစ်ရပ်တည်ချင်တယ်ဆိုရင်. ဘာတွေပြင်ဆင်ထားသင့်လဲ။

အခုခေတ်မှာ နည်းပညာတိုးတက်လာတာနဲ့အမျှ အလုပ်အကိုင်အခွင့်အလမ်းတွေဟာလည်း ပေါများလာပါတယ်။ အထူးသဖြင့် နည်းပညာကိုလိုက်မီအောင် ကြိုးစားထားမယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းမှာလည်း သူများထက်ကို ခေါင်းတစ်လုံးသာပြီးသားဖြစ်စေမှာပါ။ အဲဒါအပြင် နည်းပညာကို လက်လှမ်းမီတဲ့အခါ ပင်တိုင်ဝင်ငွေတစ်ခုအပြင် အခြားအပိုဝင်ငွေရအောင်လည်း ကြိုးစားနိုင်ပါသေးတယ်။ အဲဒါကြောင့် အပြင်ဝင်ငွေ ပိုမိုတိုးပွားအောင် လုပ်နိုင်လာတဲ့အခါ ပုံမှန်ဝင်ငွေတစ်ခုထဲ ရပ်တည်တဲ့လူထက် အချိန်ကုန်လည်းသက်သာ အလုပ်လည်းတွင်၊ ဝင်ငွေလည်းတိုးစေပြီး Freelancer အဖြစ်အသက်မွေးဖို့လည်း အဆင်ပြေလာစေပါတယ်။ အဲဒါကြောင့် Freelancer အဖြစ် အသက်မွေးချင်တယ်ဆိုရင် လုပ်သင့်တဲ့အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

၁) ကိုယ့်ရဲ့စိတ်ပါဝင်စားတဲ့အရာကို သေချာသိအောင်လုပ်ပါ။
အဲဒီလိုသိအောင်လုပ်ပြီးတဲ့အခါ ကိုယ်နဲ့လည်း တကယ်အပ်စပ်တယ်၊ မတတ်သေးပေမယ့်ကြိုးစားမယ်ဆိုရင်လည်း ရနိုင်တယ်ဆိုတဲ့ ပညာတစ်ခုခုမှ အခြားသူထက်ကို ကျွမ်းကျင်အောင် ကြိုးစားလေ့လာသင်ယူဖို့လိုပါတယ်။ အဲဒီလို တခုခုမှ တဖက်ကမ်းခတ်ကျွမ်းကျင်တတ်မြောက်မှာသာ Freelancer အဖြစ် အသက်မွေးနိုင်ဖို့ရာ အထောက်အကူဖြစ်မှာပါ။ ဘယ်သူကမှ သာမန်တော်တန်ရုံအခြားသူတတ်သလောက်တတ်တဲ့လူကို ငွေတွေအများကြီးပုံပေးပြီး Freelancer အဖြစ်လုပ်တဲ့အထိ လာမငှားပါဘူးနော်။ ကိုယ်က အခြားသူထက်ကို သာနေမှသာ ကိုယ့်အရည်အချင်းကြောင့် ငွေကနောက်ကလိုက်လာပြီး ကိုယ့်ပညာကို အလေးထားမှာဖြစ်ပါတယ်။၃) Freelancer အဖြစ်မရပ်တည်နိုင်ချိန်မှာ ပုံမှန်ဝင်ငွေရမယ့်အလုပ်တစ်ခုခုနှင့်
တွဲပြီး လေ့လာသင်ယူပါ။
ပန်းတိမ်မတတ်ခင်ရွှေအခိုးမသင်နဲ့ဆိုတာ ကြားဖူးမှာပါ။ လူတိုင်းဟာ သူ့တို့ရဲ့တဖက်ကမ်းခတ်ကျွမ်းကျင်တဲ့အတတ်ပညာမရှိဘဲ ဘယ်သူကမှ အသေရရအရှင်ရရ ငွေတွေပုံပေးပြီး ပညာကိုလိုချင်မှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့မတောက်တခေါက်ပညာလေးနဲ့ ငွေတွေအများကြီးကို မျှော်လင့်လို့မရသလို၊ တဖက်ကမ်းခတ်အောင် ကျွမ်းကျင်သွားတဲ့အခါမှာတော့ Freelancer အဖြစ်နဲ့လည်း အသက်မွေးလို့ရသွားနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ပညာကို တဖက်ကမ်းခတ်ထူးချွန်အောင် ကြိုးစားသင်ယူနေတုန်းမှာ တဖက်ကလည်း ဝင်ငွေအတည်တကျရနေတဲ့အလုပ်တစ်ခုနဲ့အတူ ကြိုးစားသင်ယူပါ။

၄) ကိုယ်ပိုင် Page တစ်ခု ကိုယ့်အရည်အသွေးကိုချပြပါ။
အခုလို နည်းပညာတိုးတက်လာတဲ့ခေတ်မှာ ကိုယ့်ရဲ့နည်းပညာကို ကောင်းကောင်းအသုံးချတတ်ရင်၊ ကိုယ်ပိုင် Page တစ်ခုဖါင့်ပြီး ကိုယ့်ရဲ့အရည်အခငျ်းမှန်သမျှကို ချပြလို့ရပါတယ်။ အဲဒီမှာ လက်ရည်သွေးပြီး ကိုယ့်ရဲ့ Skill ကိုမြင့်လို့ရပါတယ်။ အဲဒီ့ကနေတဆင့်လည်း လူမြင်၊ လူသိပိုများလာနိုင်ပါတယ်။

၅) သက်ဆိုင်ရာနယ်ပယ်ကို သေချာလေ့လာပါ။
ကိုယ်သွားချင်တဲ့နယ်ပယ်ကိုသေချာလေ့လာသင်ယူသင့်ပါတယ်။ အဲဒါမှာအရင် ကိုယ့်ထက်ခက်ခဲတဲ့အခက်အခဲတွေကိုမြင်လာမယ်၊ သိလာမဘ်၊ ကြိုတင်ပြင်ဆင်နိုင်ပါလိမ့်မယ်။

၆) စီနီယာတွေကို အတုယူပါ။
ဒါလည်းအလားတူပါပဲ။ ကိုယ့်ရဲံစီနိယာတွေက ဘယ်လိုမျိုး Freelancer ဘဝကို တဆင့်တက်လာသလဲဆိုတာမျိုးလည်း လေ့လာစပ်စုပြီး ကိုယ်က သင်ခန်းစာယူနိုင်ပါတယ်။ ကိုယ့်ရဲ့အတွေ့အကြုံနဲ့ပေါင်းစပ်ပြီး ကြိုးစားနိုင်ပါတယ်။

July 11, 2025
© Copyright 2022 | Developed By Impulse International.