နိုင်ငံခြားပညာတော်သင်လျှောက်ထားဖို့ စဉ်းစားနေတဲ့ မြန်မာကျောင်းသားအားလုံးနီးပါး သိပြီးဖြစ်တဲ့ Fulbright Scholarship ဟာဆိုရင် အမေရိကန်အစိုးရကနေ မြန်မာကျောင်းသား တွေကို နှစ်စဉ်သီးသန့်ပေးတဲ့ ပညာသင်ဆုတစ်ခုဖြစ်ပါတယ်။
ဒီပညာသင်ဆုကိုတော့ Master program အတွက် အမေရိကတက္ကသိုလ်တွေမှာသွားရောက် ပညာသင်ယူလိုတဲ့ မြန်မာကျောင်းသားတွေ အထူးလျှောက်သင့်တဲ့ အစိုးရပညာသင်ဆု တစ်ခုဖြစ်ပါတယ်။
ဘာတွေထောက်ပံ့ပေးတာလဲဆိုတော့ Full scholarship တစ်ခုဖြစ်တဲ့အတွက် Master program ပညာသင်နှစ်ဆုံးသည်အထိ ကျောင်းကျူရှင်စရိတ်၊ နေစရိတ်၊ ခရီးအသွားအပြန် စရိတ်အပြင် ကျန်းမာရေးနဲ့အခြားကျောင်းသုံး အသုံးအဆောင်တွေအတွက်ကုန်ကျစရိတ် အားလုံးကို ထောက်ပံ့ပေးတဲ့ ပညာသင်ဆုတစ်ခုဖြစ်ပါတယ်။
ဒီပညာသင်ဆုကို လျှောက်ထားဖို့ဆိုရင် မြန်မာနိုင်ငံသားဖြစ်ရပါမယ်။ Master scholarship program ဖြစ်တဲ့အတွက် Bachelor Degree တစ်ခုခုအနည်းဆုံးရှိထားရမှာဖြစ်ပြီး၊ paper-based TOEFL အမှတ်အနည်းဆုံး (575) မှတ်ရှိထားရမှာ ဖြစ်ပါတယ်။
ကိုယ်လျှောက်ထားချင်တဲ့ ဘာသာရပ်နဲ့ ပတ်သက်တဲ့ဘွဲ့၊ အလုပ်အတွေ့အကြုံရှိထားရမှာဖြစ်ပြီး၊ အရင်က အမေရိကန်နိုင်ငံကို လုံးဝမရောက်ဖူးတဲ့သူ (သို့) ခနလောက်ပဲအလည်အပတ် ရောက်ဖူးတဲ့သူ ဖြစ်ဖို့လိုအပ်ပါတယ်။
ဒီပညာသင်ဆုအနေနဲ့ ဘယ်တက္ကသိုလ်၊ ဘယ်မေဂျာလို့ သတ်မှတ် ထားတာမျိုးမရှိတဲ့အတွက် မိမိကြိုက်နှစ်သက်တဲ့ အမေရိကန်နိုင်ငံ တက္ကသိုလ်နဲ့ဘာသာရပ်အတွက် ပညာသင်ဆု လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
နှစ်စဉ် ဖေဖော်ဝါရီလကနေ အောက်တိုဘာလအတွင်း လျှောက်ထားနိုင်တဲ့ ပညာသင်ဆုဖြစ်ပြီး (၂၀၂၂ – ၂၀၂၃ ) ပညာသင်နှစ်အတွက်တော့ deadline ကျော်သွားပြီဖြစ်တဲ့ အတွက် ( ၂၀၂၃ – ၂၀၂၄ ) ပညာသင်နှစ်အတွက် လျှောက်ထားနိုင်ဖို့ကို ကြိုတင်ပြင်ဆင်ထား နိုင်ပါတယ်။
အသေးစိတ်ကိုတော့ အောက်ကလင့်ကနေမှတစ်ဆင့် သွားရောက်စုံစမ်းဖို့ကို အကြံပေးချင်ပါတယ်။
Application periods: February to October
https://mm.usembassy.gov/education…/scholarship-programs/
