GED အောင်လက်မှတ်အတွက် Scholarship Program

နိုင်ငံတကာပညာရေးကို ဆက်လက်လျှောက်လှမ်းချင်တဲ့သူတွေအတွက် GED လို အထက်တန်းပညာရေး အောင်လက်မှတ်က မဖြစ်မနေ လိုအပ်ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု အထက်တန်းအောင်လက်မှတ်ဖြစ်တဲ့အတွက် GED ဖြေဖို့အတွက်ဆို ကုန်ကျစရိတ်ကလည်း မနည်းပါဘူး။ ဒီလိုအချိန်မှာ ငွေကြေးခက်ခဲနေလို့ အိမ်မက်တွေကို ရပ်တန့်လိုက်ရတာမျိုး မဖြစ်ရအောင် Scholarship Program တစ်ခုအကြောင်း မျှဝေပေးချင်ပါတယ်။

Salween Academy (သံလွင်အကယ်ဒမီ) ကနေမှ GED တက်ချင်ပေမဲ့ ငွေကြေးအခက်အခဲရှိတဲ့ ကျောင်းသား/သူ အယောက် (၂၀) ကို ရွေးချယ်ပြီး GED Preparation Course ကနေစပြီး Real Test ဖြေတဲ့အထိ ကုန်ကျစရိတ် အစအဆုံး တာဝန်ယူပေးသွားမယ့် Scholarship Program တစ်ခုကို စီစဉ်ထားပါတယ်။

Related Article : GED ကို Self-Study လေ့လာနိုင်သည့် Youtube Channel (၅) ခု

>> https://www.edge.com.mm/article/ged-self-study-youtube-channel.html?

ဘယ်လိုလူတွေ လျှောက်လို့ရလဲ?

– နိုင်ငံခြားသွားပြီး ပညာသင်ချင်သူ

– GED Course တက်ရောက်ချင်သူ

– အင်္ဂလိပ်စာအရည်အချင်း Pre intermediate နှင့် အထက်ရှိသူ

– ပညာအရည်အချင်း အထက်တန်းအဆင့်နှင့် အထက်ရှိသူ

– အသက် ၁၆ နှစ်နှင့် အထက်ရှိသူ

– စာသင်နှစ်တစ်လျှောက် အတန်းမှန်‌မှန်တက်နိုင်သူ

ပညာသင်ဆုရရှိသူတွေ ရနိုင်မယ့် ခံစားခွင့်တွေကတော့ –

– GED စာမေးပွဲအတွက် ပြင်ဆင်နိုင်ရန်အတွက် ဆရာ/ဆရာမများ

– Ready test (၄) ဘာသာအတွက် ကုန်ကျငွေ (တစ်ကြိမ်သာ)

– Real test (၄) ဘာသာအတွက် ကုန်ကျ‌ငွေ (တစ်ကြိမ်သာ)

လိုအပ်တဲ့ ကျောင်းသားတွေအတွက် အင်တာနက်ဖိုးနဲ့ နယ်ဝေးကျောင်းသားတွေအတွက် စာမေးပွဲဖြေဆိုရန် ခရီးစရိတ်နဲ့ နေထိုင်စရိတ်တို့ကို လိုအပ်သလို ပံ့ပိုးပေးပါတယ်။

လျှောက်ထားပုံအဆင့်ဆင့်

လျှောက်လွှာတွေကို (ဩဂုတ်လ ၂၀ ရက်နေ့၊ ၂၀၂၄) မြန်မာစံတော်ချိန် ၁၁ နာရီ ၅၉ မိနစ် နောက်ဆုံးထားပြီး လျှောက်ထားပေးရမှာဖြစ်ပါတယ်။ လျှောက်ထားသူတွေအနေနဲ့ အဆင့် ၃ ဆင့် ဖြတ်ကျော်ရမှာဖြစ်ပါတယ်။

ပထမ အဆင့်အနေနဲ့ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ လျှောက်လွှာတင်ရမှာဖြစ်ပြီး လျှောက်ထားသူတွေအနေနဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှုအဆင့် အထောက်အထားကိုပါ ထည့်သွင်းလျှောက်ထားရမှာဖြစ်ပါတယ်။ (British Council English Score Test Application ကို အသုံးပြုလို့ရသလို အခြားသော အင်္ဂလိပ် အရည်အချင်း အထောက်အထားများကိုလည်း လက်ခံပါတယ်။)

ဒုတိယအဆင့်အနေနဲ့ လျှောက်ထားသူများမှ အရည်အချင်းစီစစ်အကဲဖြတ် စာမေးပွဲကို Zoom Meeting မှတစ်ဆင့် ဖြေဆိုရမှာဖြစ်ပြီး Language Arts၊ Mathematical Reasoning၊ Sciences နဲ့ Social Studies စတဲ့ ဘာသာရပ်တွေကို Entrance Level ဖြေဆိုရမှာဖြစ်ပါတယ်။

နောက်ဆုံးအဆင့်အနေနဲ့ စီစစ်ရွေးချယ်ရေးအဖွဲ့မှ အင်တာဗျူးအတွက် ရွေးချယ်ခံရသူများကို Email မှတစ်ဆင့် ဆက်သွယ်အကြောင်းကြားပေးမှာဖြစ်တဲ့ အတွက် လျှောက်ထားသူများအနေနဲ့ အမြဲအသုံးပြုနေပြီး မှန်ကန်တဲ့ Email ကိုထည့်သွင်းပေးဖို့ အရေးကြီးပါတယ်။

ပညာသင်ဆု ကျောင်းသား အယောက် (၂၀) ကို ရွေးချယ်သွားမှာ ဖြစ်ပြီး Ready test နဲ့ Real test အတွက် ကုန်ကျငွေကို Preparation Course အတွင်း ကျောင်းသားတွေရဲ့ လုပ်ဆောင်မှုအပေါ် စစ်ဆေးအကဲဖြတ်ပြီး ပေးအပ်သွားမှာပါ။ ဒါကြောင့် စကော်လားရှစ်တက်နေစဉ်ကာလအတွင်း အတန်းမှန်မှန်တက်ပြီး စာကြိုးစာဖို့လည်း လိုအပ်ပါတယ်။

ပညာသင်ဆုလျှောက်ရန်: https://forms.gle/DiRmxCLADtSo2frf9

December 9, 2024
© Copyright 2022 | Developed By Impulse International.