ထိုင်ဝမ်အစိုးရကပေးတဲ့ fully-funded scholarship
ဒီတစ်ခါမှာတော့ ဇွန်လထဲလျှောက်လို့ရနိုင်မဲ့ ပညာသင်ဆုတစ်ခုအနေနဲ့ ထိုင်ဝမ်အစိုးရကပေးတဲ့ fully-funded scholarship အကြောင်းကိုဝေမျှပေးချင်ပါတယ်။ Fully-funded လို့ဆိုထားသော်ငြားလည်း လစဉ်ထောက်ပံ့ကြေးအနေနဲ့ NTD 30,000 ဝန်းကျင်(အမေရိကန်ဒေါ်လာ – ၁၀၀၀) ဝန်းကျင်နဲ့အတူ ကျောင်းကျူရှင်စရိတ်အဖြစ် Semester တစ်ခုကို NTD 40,000 ဝန်းကျင်(အမေရိကန်ဒေါ်လာ – ၁၅၀၀၀) ဝန်းကျင် ကိုပဲထောက်ပံ့ပြီး မလောက်တာဆိုရင် ကျောင်းသားဘက်က ကုန်ကျရမှာ ဖြစ်ပါတယ်။
ဒီပညာသင်ဆုဟာဆိုရင် Undergraduate, Master နဲ့ PhD level တွေအတွက် နှစ်စဉ် ကျောင်းသားပေါင်း (၂၀၀၀) ကျော်ကို ပေးတဲ့ပညာသင်ဆု တစ်ခုဖြစ်ပါတယ်။ ဘယ်တက္ကသိုလ်၊ ဘယ်ဘာသာကိုပဲ လျှောက်ရမယ်ဆိုပြီးကန့်သတ်ထားတာ မျိုးမရှိတဲ့အတွက် ထိုင်ဝမ်ကို ကျောင်းသွားတက်ချင်တဲ့ ကျောင်းသားတွေအတွက် အများကြီး အဆင်ပြေတဲ့ပညာသင်ဆု တစ်ခုဖြစ်ပါတယ်။
ဒီပညာသင်ဆုကိုလျှောက်ထားဖို့ရန် လိုအပ်ချက်တွေအနေနဲ့ကတော့ application form နဲ့အတူ Bachelor လျှောက်မဲ့သူအနေနဲ့ High school Diploma ၊ Master လျှောက်မဲ့သူအတွက် Bachelor Degree စတာတွေလိုအပ်မှာဖြစ်ပြီး၊ recommendation letter (၂) ခုလည်းလိုအပ်ပါတယ်။
Language proficiency transcript အနေနဲ့ English or Chinese တစ်ခုခုပြနိုင်ဖို့လည်း လိုတဲ့အပြင် Financial certificate လည်းလိုအပ်မှာဖြစ်ပြီး အနည်းဆုံး ကိုယ့်ဘဏ်အကောင့်ထဲမှာ အမေရိကန်ဒေါ်လာ (၄၀၀၀) ရှိကြောင်းပြသဖို့ လိုအပ်ပါသေးတယ်။ ဒီပညာသင်ဆုကို လျှောက်ဖို့ဆိုရင် application fee လည်း ဌာနတစ်ခုကိုလျှောက်ဖို့အတွက် (USD – 72) ဒေါ်လာကုန်ကျမှာဖြစ်ပါတယ်။
ဆိုတော့ လျှောက်ထားချင်တဲ့သူတွေအနေနဲ့ အသေးစိတ်အချက်အလက်ကိုသိဖို့နဲ့ application form အတွက် အောက်ကလင့်ကနေမှတစ်ဆင့် သွားရောက်လျှောက်ထားနိုင်ပါတယ်။
Application periods: February 1 to March 31
https://forigen.com/taiwan-government-scholarships/
