ဒီတစ်ပတ်မှာတော့ Singapore အစိုးရကနေ မြန်မာနိုင်ငံက အထက်တန်းကျောင်းသား/သူတွေအတွက် သီးသန့် ပေးအပ်တဲ့ “ASEAN Scholarship for Myanmar” ဆိုတဲ့ ၁၀၀% ထောက်ပံ့ကြေးရမယ့် ပညာသင်ဆုအကြောင်း မျှဝေပေးလိုက်ပါတယ်။
ပေးအပ်တဲ့ အဖွဲ့အစည်း – Ministry of Education Singapore
တက်ရောက်ရမယ့် ပညာတော်သင်ဆုအမျိုးအစား – ASEAN Scholarship for Myanmar
တက်ရောက်ရမယ့် ကာလ – (၄) နှစ်
ရရှိမယ့် ဘွဲ့အမျိုးအစား – Singapore-Cambridge GCE A-Level Certificate
နောက်ဆုံးလျှောက်ထားရန်ရက် – 30 May 2024
တက်ရောက်ရမယ့်ကျောင်း – Singapore Secondary Schools
ဒီစကော်လာရှစ်ကို ဘယ်သူတွေ လျှောက်ထားနိုင်လဲ?
- မြန်မာနိုင်ငံသား ဖြစ်ရပါမယ်။
- 2 Jan 2008 ကနေ 1 Jan 2011 ကြား မွေးဖွားသူ ဖြစ်ရပါမယ်။
- ကျောင်းစာမေးပွဲတွေမှာ အမှတ်ကောင်းသူ ဖြစ်ရပါမယ်။
- အနည်းဆုံး Grade 9 အောင်မြင်ပြီးသားဖြစ်ရပါမယ်။
- ကျောင်းစာပြင်ပ Activities တွေမှာလည်း တက်ကြွစွာ ပါဝင်နိုင်သူဖြစ်ရပါမယ်။
စကော်လာရှစ် စာသင်နှစ်?
စကော်လာရှစ်ကာလက (၄) နှစ်ဖြစ်ပြီး သင်ရိုးညွှန်းတမ်းကတော့ Secondary 3 ကနေ Pre-University 2 အထိ သတ်မှတ်ထားပါတယ်။ ဒါပြီးရင် GCE A-Level Certificate ကို ရရှိမှာ ဖြစ်ပါတယ်။
ပညာသင်ဆုမှာ ဘာတွေ ပေးမှာလဲ?
- နေစရိတ်
- စားစရိတ်
- လေယာဉ်စရိတ် (အပြန်တစ်ကြောင်း)
- ကျောင်းစရိတ်
- GCE O-Level နဲ့ A-Level ရဲ့ စာမေးပွဲကြေး (တစ်ကြိမ်အတွက်သာ)
- ဆေးဝါးစရိတ်နဲ့ အာမခံစရိတ်
ဘယ်လိုလျှောက်ထားရမလဲ?
လောလောဆယ်တော့ Application Form မဖွင့်သေးပါဘူး။ Application Form ကို အောက်ကလင့်ခ်ကနေတဆင့် ဝင်ကြည့်လို့ ရပါတယ်။
ဖောင်လျှောက်ရမယ့်ရက်ကတော့ 1 Apr ကနေစပြီး 30 May အထိ ဖြစ်ပါတယ်။ July 2024 မှာ ရွေးချယ်ခံရတဲ့ စကော်လာရသူတွေကို Selection Tests ဖြေခိုင်းပြီး Sep 2024 မှာတော့ အင်တာဗျူး ဖြေဆိုရဦးမှာပါ။ နောက်ဆုံးအဆင့်အနေနဲ့ အင်တာဗျူးအောင်တဲ့သူတွေကိုတော့ အီးမေးလ်ကနေတဆင့် အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။
