How to Study Smarter: Memorization vs. Understanding

ဒီနေ့မှာတော့ ပိုပီးတော့ ထက်မြက်ထူးချွန်တဲ့သူလေးတွေဖြစ်အောင် စာတွေကို ဘယ်လို ကျက်မှတ်ရမလဲ ဘယ်လိုနားလည်အောင် လုပ်ရမလဲ ဆိုတဲ့ အချက်လေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

စာကျက်နည်းလို့ပြောလိုက်လို့ရှိရင် မူလတန်းကျောင်းကို ပြန်သွားပြီး အချိန်ဇယားတွေကို အလွတ်ကျက်ခဲ့ရတာတွေကို အမှတ်ရကြမယ်ထင်ပါတယ်။ ကိုး သုံးလီ နှစ်ဆယ့်ခုနှစ်၊ ကိုး လေးလီ သုံးဆယ့်ခြောက် စသဖြင့်ပေါ့…

စာလုံးပေါင်းတွေကိုလည်း အလွတ်ကျက်ခဲ့ရတယ်။ pioneer days  တွေအကြောင်းလည်း အလွတ်ကျက်ခဲ့ရတယ်။ အလယ်တန်းရောက်တော့ သင်ယူရတဲ့ပုံစံက ပြောင်းသွားပြီ။ အလွတ်ကျက်ပြီး အာဂုံဆောင်နိုင်ရုံးနဲ့ မပီးတော့ဘူး… Critical Thinking ဘက်ကို focus လုပ်လာရတယ်။ ကျမတို့အနေနဲ့ ပုံသေနည်းတွေကို အလွတ်ကျက်ရုံသာမကဘဲ အဲ့ဒါတွေကို ပြသနာတွေဖြေရှင်းတဲ့နေရာမှာပါ အသုံးချလာရတယ်။ သမိုင်းထဲမှာ ပါတဲ့ ခုနှစ်တွေ နေ့ရက်တွေကို အလွတ်ကျက်ရုံမကဘဲ အဲ့ဒီအဖြစ်အပျက်တွေက

ဘာ့ကြောင့်အရေးကြီးတာလဲဆိုတာကိုပါ ဆွေးနွေးကြရတယ်။ ဘယ်လိုသင်ယူရမယ်၊ ဘယ်လိုတွေးခေါ်ရမယ်ဆိုတာကို သေချာအာရုံစိုက်ရတယ်။ ကမ္ဘာမှာဆိုရင် မတူညီတဲ့ အခြားနိုင်ငံတွေက ဘယ်လို ချည်းကပ်ကြလဲဆိုတာ တွေ့မြင်နိုင်ပါတယ်။  ဥပမာအားဖြင့် တရုတ်နိုင်ငံမှာဆိုရင် သင်ယူတဲ့နေရာမှာ နားလည်လွယ်တဲ့ အဓိကအချက်တွေဖြစ်တဲ့ အလွတ်ကျက်မှတ်ခြင်း၊ ဘာသာဗေဒနှင့် စံပြုစမ်းသပ်ခြင်းတွေကို အလေးထားဆောင်ရွက်ကြတယ်။

အဲ့ဒီလိုဘဲ ဖင်လန်နိုင်ငံမှာကျတော့ class တွေအများကြီးခွဲပြီးတော့ ကျောင်းသားအနည်းငယ်ပါတဲ့ အတန်းခွဲလေးတွေကို အတန်းတစ်ခုချင်းဆီမှာ သင်ကြားသူ ကြီးကြပ်သူ စသဖြင့် guidelines ပေးနိုင်တဲ့သူတွေအများကြီးနဲ့ သင်ယူစေတာကြောင့် ဆရာ ဆရာမတွေက ကလေးတစ်ဦးချင်းစီကို ဘယ်လိုသင်ယူရမယ်ဆိုတာကို အနီးကပ် သင်ကြားပေးနိုင်တယ်။ စာမေးပွဲဖြေတာတွေ test စစ်တာတွေကိုတော့ သင်ပေးလေ့မရှိဘူး။

ဒါကြောင့် အောင်မြင်ဖို့အတွက် အလွတ်ကျက်အာဂုံဆောင်မှုနဲ့ နားလည်မှုကို ပေါင်းစပ် အသုံးချဖို့ လိုပါတယ်။

ဒါဆိုရင်… စာမေးပွဲတွေ ဖြေဆိုတဲ့နေရာမှာ အလွတ်ကျက်မှတ်မှုနဲ့ နားလည်မှုကို ဘယ်လိုပေါင်းစပ်ပီး‌ ဘယ်လိုကောင်းမွန်စွာ သင်ယူလေ့လာရမလဲ ဆိုတဲ့အချက်တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ကဲ ကြည့်လိုက်ကြရအောင်..

နံပါတ် (၁) အချက်ကတော

Go to your professor’s office hours

ကိုယ့်ရဲ့ ပါမောက္ခ ဒါမှမဟုတ် ဆရာ/ဆရာမဆီကို ကျောင်းချိန်မှာ သွားပါ။

သင်ယူရမယ့်သင်ရိုးနဲ့ပတ်သက်ပီး နားလည်ဖို့ခက်ခဲနေမယ်ဆိုရင် ကိုယ့်ရဲ့ ပါမောက္ခ ဒါမှမဟုတ် ဆရာ/ဆရာမ နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေပြုလုပ်တာက အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ ပြီးတော့ အဲ့လို ဆွေးနွေးတဲ့အခါမှာ ကိုယ့်ရဲ့ ပါမောက္ခ ဒါမှမဟုတ် ဆရာ/ဆရာမ ကို ကြောက်ရွံ့နေတာမျိုး မဖြစ်ပါနဲ့ ပါမောက္ခအများစုက တပည့်တွေကို ကူညီဖို့ စိတ်အားထက်သန်ကြတာများပါတယ်။

When it comes to formulas, remember them right away

နောက်ထပ် နံပါတ် ၂ အချက်ကတော့ ပုံသေနည်းတွေနဲ့ ပတ်သက်ရင် ချက်ချင်း မှတ်မိနေအောင် ကြိုးစားပါ။

တကယ်လို သင်္ချာပါမောက္ခက ပုံသေနည်းတစ်ခု သင်ပေးမယ်ဆိုရင် အဲ့ဒါကို ချက်ချင်းဘဲ အမြန်ဆုံး အလွတ်ကျက်ပါ။ အလွတ်ကျက်ဖို့အတွက် စာမေးပွဲမဖြေခင် တစ်ရက်အလိုထိ စောင့်နေရင်တော့ ဒါကို သေသေချာချာ နားလည်ဖို့ လုံလုံလောက်လောက် အချိန်ယူပီး လေ့ကျင့်နိုင်တော့မှာ မဟုတ်ပါဘူး။ နေ့စဉ် သင်္ချာတွက်ရင်း အချိန်ကုန်ဆုံးစေတဲ့အကျင့်ကို လုပ်ပါ။ အဲ့ဒါက သဘောတရားတွေ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ သီအိုရီတွေ နဲ့ အကျွမ်းတဝင်ဖြစ်စေဖို့ ကူညီပေးပါလိမ့်မယ် Math requires practice, practice, practice. ပါနော်

Refer to past tests

ယခင်စာမေးပွဲတွေ မေးခွန်းဟောင်းတွေကို ကိုးကားပါ

တက္ကသိုလ်အများစုမှာ ကျောင်းသားတွေအနေနဲ့ သင်ရိုးတော်တော်များများအတွက် မေးခွန်းဟောင်းလိုမျိုး ယခင်ဖြေဆိုခဲ့တဲ့ စာမေးပွဲတွေကို ကြည့်ရှုနိုင်ပါတယ်။ ပါမောက္ခတွေဟာ မေးခွန်းဟောင်းတွေကို ပြန်အသုံးမပြုပေမယ့်လည်း ယခင် စစ်ဆေးခဲ့တာတွေထဲကနေပီးတော့ multiple choice တွေ long questions တွေကိုတော့ နမူနာ ယူလေ့ရှိကြပါတယ်။ အချက်အလက်တွေ အဖြေမှန်တွေကို ခေါင်းထဲမှာ ထပ်ခါထပ်ခါ မှတ်မိနေရင် အဲ့ဒီအချက်တွေကို စာမေးပွဲမှာ ဘယ်လို ပြန်အသုံးချရမလဲဆိုတာကိုတော့ တိတိကျကျ တွက်ချက်လို့ မရပါဘူး။ ဒါပေမယ့် ယခင် စာမေးပွဲတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေ မေးခွန်းဟောင်းတွေက စာမေးပွဲမဖြေခင်မှာ လေ့ကျင့်ဖို့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခု ဖြစ်ပါတယ်။

Remember names, not dates

ရက်စွဲတွေမဟုတ်ဘဲ နာမည်တွေကို မှတ်သားထားပါ။

တက္ကသိုလ်တွေမှာ အင်္ဂလိပ်စာ နဲ့ သမိုင်းဘာသာရပ်တစ်ချို့ကို သင်ယူရတာမို့ စာမေးပွဲအတွက် ပြင်ဆင်ဖို့ သမိုင်းဝင် ပုဂ္ဂိုလ်တွေရဲ့ နာမည်တွေနဲ့ စာပေ အက္ခရာတွေနဲ့ နာမည်တွေကို မကြာခဏ လေ့လာရပါတယ်။ ကျမဆိုရင် ကျမရဲ့ မှတ်စုစာအုပ်မှာ ရက်စွဲတွေနဲ့ ပြည့်နေတတ်ပါတယ်။ သမိုင်းဝင်ဖြစ်ရပ်တွေရဲ့ ရက်စွဲတွေ ထုတ်ဝေတဲ့ ခုနှစ်တွေကို ချရေးမိနေတတ်ပါတယ်။ ဒါပေမယ့် ကျမဆန္ဒကတော့ ရက်စွဲတွေကို မမေးဖို့ဘဲ ဆုတောင်းမိတယ်။

ဒါပေမယ့် စာမေးပွဲဖြေလာတဲ့ သက်တမ်းတစ်လျှောက်မှာတော့ ရက်စွဲတွေကို ဘယ်တော့မှာ မမေးသလောက်ပါဘဲ။ သေချာတာပေါ့ ပျက်သုဉ်းပီးသွားတဲ့ ဆယ်စုနှစ် ဒါမဟုတ် ခေတ် တွေကို သိပေမယ့် ပျက်သုဉ်းပီးသွားတဲ့ နေ့တွေ လတွေ နှစ်တွေကို သိဖို့ဆိုတာရှားပါတယ်။ ဒါကြောင့်မို့လို့ အရေးကြီးပီး သိသာထင်ရှားတဲ့ နာမည်တွေကိုမှတ်သားထားဖို့က ပိုပီးအရေးကြီးပါတယ်။

စာမေးပွဲ Writing တွေ ဖြေတဲ့အခါ ရက်စွဲတွေက အရေးမကြီးပေမယ့် နာမည်တွေကတော့ အရေးကြီးပါတယ်။ သင်ရိုးညွှန်းတမ်းမှာပါတဲ့ အကြောင်းအရာတွေကို မှတ်မိကြောင်း ပြသနိုင်ဖို့က အရေးကြီးပါတယ်။

Remember why you’re at college/university in the first place

သင်ဟာ ဘာကြောင့် ပထမနေရာမှာရှိတဲ့တက္ကသိုလ်မှာ တက်ရောက်နေရတာလဲဆိုတာ သတိရပါ။

အထက်တန်းကျောင်းတွေက စျေးကြီးတယ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ပါဘူး။ ကနေဒါနိုင်ငံမှာ ၂၀၁၇ခုနှစ် စစ်တမ်းအရ ကျောင်းသားတစ်ယောက်မှာ အကြွေး ၂၂၀၈၄ ဒေါ်လာ ရှိပါတယ်တဲ့။ တက္ကသိုလ်တက်နေစဉ်မှာ သင်ကိုယ်ပိုင် ဝင်ငွေကို အသုံးချလိုပါသလား။ ဒါဆိုရင်တော့ စာမေးပွဲပြီးတာနဲ့ အချက်အလက်တွေကို ပြန်လည်စုစည်းဖို့ မမေ့ပါနဲ့ လေ့လာသင်ယူနေတဲ့ အကြောင်းအရာတွေနဲ့ အသက်မွေးဝမ်းကြောင်းမှာ ဘယ်လိုအသုံးချနိုင်မလဲဆိုတာကို လေးလေးနက်နက် တွေးတောဖို့ အချိန်ပေးပါ။

© Copyright 2022 | Developed By Impulse International.