၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်နေ့ကနေ စက်တင်ဘာ (၂၅) ရက်နေ့အတွင်း British Council နဲ့အတူ IELTS စာမေးပွဲဖြေဆိုသူတိုင်း “IELTS Prize 2025” မှာ ပါဝင်ပြီး ဆုကြေးငွေ (၄၅) သိန်းအထိ ဆွတ်ခူးနိုင်ပါပြီ။
British Council က IELTS Prize 2025 ကို ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံမှ IELTS ဖြေဆိုသူတွေရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ စာမေးပွဲအောင်မြင်မှု အတွေ့အကြုံကောင်းတွေကို ဂုဏ်ယူစွာ မျှဝေနိုင်ဖို့ ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။
ပြိုင်ပွဲခေါင်းစဉ်က “My IELTS Journey: Stories of Success” ဖြစ်ပြီး မိမိရဲ့ စာမေးပွဲအတွေ့အကြုံကောင်းတွေနဲ့ ရည်ရွယ်ချက်ကို ပြောပြထားတဲ့ (၂) မိနစ်စာ ဗီဒီယိုကို မိမိနှစ်သက်ရာ ဆိုရှယ်မီဒီယာအကောင့်တစ်ခုခုမှာ Public နဲ့ တင်ပေးရမှာဖြစ်ပါတယ်။
ဆုကြေးငွေများ
Grand Prize Winners (၅) ဦး – တစ်ဦးကို (၄၅) သိန်းကျပ်
Finalists (၅) ဦး – တစ်ဦးကို ကျပ် (၂) သိန်းတန် Gift Voucher
ပြိုင်ပွဲမှာ ပါဝင်ဖို့ လုပ်ဆောင်ရန်အဆင့်ဆင့်
(၁) အောက်ပါမေးခွန်း (၃) ခု ပါဝင်တဲ့ ဗီဒီယိုမှတ်တမ်းကို အင်္ဂလိပ်လို (၂) မိနစ်စာ ရိုက်ကူးရပါမယ်။
- IELTS စာမေးပွဲအောင်မြင်မှုအကြောင်းနဲ့ အဲ့ဒါက သင့်ပုဂ္ဂိုလ်ရေးအရရော ပရော်ဖက်ရှင်နယ်အရရော ဘယ်လို အဓိပ္ပါယ်ရှိလဲ?
- IELTS ခရီးစဉ်မှာ သင်ကြုံတွေ့ရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေက ဘာတွေလဲ? အဲ့ဒါတွေကို ဘယ်လို ကျော်ဖြတ်ခဲ့လဲ?
- သင့် IELTS ပြင်ဆင်မှုလုပ်ငန်းစဉ်ကို မျှဝေနိုင်ပါသလား? IELTS စာမေးပွဲမှာ အောင်မြင်ဖို့ British Council က ဘယ်လိုကူညီပေးခဲ့သလဲ?
(၂) ရိုက်ကူးထားတဲ့ ဗီဒီယိုကို မိမိနှစ်သက်ရာ (Facebook , TikTok , Instagram , YouTube) ဆိုရှယ်မီဒီယာပလပ်ဖောင်းတစ်ခုခုမှာ အောက်က Hashtag (၃) ခု သုံးပြီးPublic နဲ့ တင်ပါ။
- #IELTSPrize2025
- #IELTSJourney
- #BritishCouncilIELTS
(၂) Application Form ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ (၃၀) ရက်နေ့ မြန်မာစံတော်ချိန် ည (၁၁:၅၉) မိနစ်နောက်ဆုံးထားပြီး ဖြည့်သွင်းရပါမယ်။ လျှောက်လွှာဖောင်မှာ –
- ကိုယ်ရေးအချက်အလက်တွေနဲ့ စာမေးပွဲ Reference Number ဖြည့်ပါ။
- စာလုံးအရေအတွက် (၁၅၀) ပါတဲ့ အက်ဆေး (၂) ပုဒ်ကို ဖြေဆိုပါ။ (သင့်အတွက် ဒီဆုကြေးငွေရဖို့ ဘာကြောင့် အရေးကြီးတာလဲ? ဘာလို့ IELTS ဖြေဖို့ British Council ကို ရွေးခဲ့တာလဲ?)
(၃) ဗီဒီယိုလင့်ခ် url ကို ထည့်သွင်းပါ။
ဘယ်သူတွေ လျှောက်ထားလို့ရလဲ?
- မြန်မာနိုင်ငံသားဖြစ်ရပါမယ်။
- အသက် (၁၆) နှစ်အထက် ဖြစ်ရပါမယ်။ (အသက် ၁၈ နှစ်အောက်ဆို မိဘအုပ်ထိန်းသူသဘောတူညီမှုထောက်ခံစာ လိုအပ်ပါတယ်။)
- ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၁) မှ စက်တင်ဘာ (၂၅) ရက်နေ့အတွင်း British Council နဲ့အတူ IELTS (သို့) IELTS for UKVI (Academic / General Training) ဖြေဆိုထားသူ ဖြစ်ရပါမယ်။
- ဖြေဆိုထားတဲ့ IELTS အမှတ်ကတော့ Overall Band Score 4 ရှိရမှာဖြစ်ပြီး Session တစ်ခုချင်းစီမှာလည်း အနည်းဆုံး Band Score 4 ရှိရပါမယ်။
အသေးစိတ်သိရှိလိုပါက British Council Myanmar ရဲ့ ဖုန်းနံပါတ် 09-940,070,099 ကို နေ့စဉ် မနက် (၉) နာရီကနေ ညနေ (၅) နာရီအတွင်း (အများပြည်သူရုံပိတ်ရက်မှအပ) ဖြစ်ဖြစ်၊ zinhtet.aung@britishcouncil.org ကို အီးမေးလ်ပေးပို့ပြီးဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
အသေးစိတ်ဖတ်ရှုရန် >> https://www.britishcouncil.org.mm/IELTS_Prize_2025?
