IELTS Listening Exam မှာ အပိုင်း ၄ ပိုင်း ဖြေဆိုရမှာဖြစ်ပြီး အပိုင်း ၁ ပိုင်းစီအတွက် တစ်ကြိမ်သာ နားထောင်ခွင့်ရမှာ ဖြစ်ပါတယ်။ စုစုပေါင်းမေးခွန်း ၄၀ ရှိမှာဖြစ်ပြီး အပိုင်း ၁ ပိုင်းစီ အကူးအပြောင်းမှာ မေးခွန်းတွေကို ဖတ်ဖို့ အချိန်အနည်းငယ်ရတာ ဖြစ်တာကြောင့် ရတဲ့ အချိန်မှာ မေးခွန်းကို နားလည်အောင် ကြိုးစားဖတ်ပြီး Key Words များကိုအထူးသတိထားကာနားထောင်ပေးရမှာဖြစ်ပါတယ်။ အများအားဖြင့် အလားတူစာလုံးများ (Synonyms)ကို Listening Text ထဲမှာကြားနိုင်ပါတယ်။
မေးခွန်းပုံစံအရ နောက်ပိုင်းရောက်လာလေလေ မေးခွန်းက ပိုခက်လေလေ ဖြစ်တတ်တာကြောင့် သေချာ အာရုံစိုက်ပြီး ဖြေဖို့ လိုအပ်ပါတယ်။ Paper Based Test ကိုဖြေမယ်ဆိုရင်တော့ Listening Text ရဲ့အဆုံးမှာအဖြေများကို Transfer လုပ်ရန် အချိန် ၁၀ မိနစ်ရရှိမည်ဖြစ်ပါသည်။
Listening Test ရဲ့ ပထမ section နှစ်ခုဟာ General နဲ့ Social Nature အကြောင်း ပါဝင်မှာ ဖြစ်ပါတယ်။ လူနှစ်ယောက်စကားပြောတဲ့ conversation တွေ ၊ များသောအားဖြင့် Monologue တွေ Interview ပုံစံတွေနဲ့ လာတာ များပါတယ်။ နောက်ပိုင်း Section နှစ်ခုမှာတော့ Educational နဲ့ Training Nature အကြောင်း ပါဝင်တတ်ပါတယ်။
ဒီ section တွေမှာ ဆိုရင်တော့ ပြောဆိုသူ ၄ ယောက်လောက်နဲ့ စကားပြောခန်းတွေ General Academic နှင့်ဆက်စပ်သည့် Talk တွေ Lecture ပေးတဲ့ ပုံစံတွေနဲ့ လာတတ်ပါတယ်။
မေးခွန်းပုံစံတွေက..
- multiple-choice questions,
- sentence completion,
- short answer questions,
- completion of tables, charts, summaries, notes,
- labelling a diagram and
- matching စသဖြင့် ပုံစံ အမျိုးမျိုးနဲ့လာနိုင်ပါတယ်။
The role of prediction and key words
အပိုင်း ၁ ပိုင်းစီ Listening စ နားမထောင်ခင် မေးခွန်းကိုအရင် ကြိုဖတ်ထားပြီး ဖြစ်နိုင်တဲ့ အဖြေတွေကို ကြိုတင် ခန့်မှန်းတတ်နိုင်ဖို့ကလည်း Exam အတွက် အရေးကြီးပါတယ်။ ဒါမှသာ listening စ နားထောင်တဲ့အခါ key words ကို ပိုင်ပိုင်နိုင်နိုင်သိနိုင်ပြီး multiple choice question တွေ gap-fill sentence တွေမှာအဖြေကို အနီးစပ်ဆုံး ရှာဖွေနိုင်မှာပါ။
The role of paraphrasing and synonyms
မေးခွန်းမှာ ပေးထားတဲ့ Key Words တွေ Phrases တွေကို Listening နားထောင်တဲ့အခါ ပြန်အသုံးပြုမယ်ထင်ပြီး အဲ့ဒီ့ words တွေ phrases တွေသာ Listening မှာပါလာမယ်လို့မသတ်မှတ်လိုက်ပါနဲ့။ များသောအားဖြင့် မေးခွန်းမှာ ပေးထားတာနဲ့ တကယ် နားထောင်ရတဲ့အခါ အသွင်တူ စကားတွေနဲ့ Paraphrase လုပ်တတ်တာမို့ Key words တွေကို စဥ်းစားရင် Paraphrasing လုပ်ထားနိုင်တာကိုလည်း ထည့်သွင်း စဥ်းစားထားပါ။
စကားပြောခန်းတွေနားထောင်တဲ့အခါ ကိုယ်ပထမဆုံးကြားရတဲ့ key words တွေက တကယ့်အဖြေဟုတ်မဟုတ်ကိုလည်း သေချာ ဂရုတစိုက် နားထောင်ပါ။ တစ်ခါတစ်လေ Speaker က အစပိုင်းမှာ ပေးထားတဲ့ Information တွေ မဟုတ်တော့ပဲ နောက်ပိုင်းမှာ စိတ်ပြောင်းပြီး မတူတဲ့ Information တွေ ပေးတတ်တာ သတိရပါ။
Dealing with multiple choice questions in the listening
Multiple choice question တွေ ဖြေရတဲ့အခါ မဖြစ်မနေသိထားရမယ့် Strategy ကတော့ Paraphrasing ကောင်းကောင်းလုပ်တတ်ဖို့ပါပဲ။ အများအားဖြင့်မေးခွန်းမှာပါတဲ့ Key words များဟာ Listening ထဲမှာ paraphrase သို့မဟုတ် Synonyms များသုံးမှာဖြစ်လို့ Paraphrasing ကိုအထူးလေ့ကျင့်ပေးဖို့လိုပါတယ်။ Multiple choice question တွေ ဖြေဆိုတဲ့အခါ အဖြေတွေဟာ တစ်ခုနဲ့တစ်ခု ဆင်တူတာတွေ ပေးတတ်တာမို့ ပေးထားတဲ့ details တွေကို သေချာစဥ်းစားပြီးမှ အဖြေကို ဆုံးဖြတ်ချက်ချပါ။
Short-answer questions
Short-answer questions တွေ ဖြေဆိုတဲ့အခါ သတိထားရမယ့်အချက်ကတော့ မိမိအဖြေမှာ စကားလုံးအရေအတွက် ဘယ်လောက်သုံး သုံးခွင့်ရိှလဲဆိုတာသတိထားဖို့ပါပဲ။ ကိုယ်စာလုံးရေ ဘယ်လောက်ပဲဖြေရမယ်ဆိုတာကို မေးခွန်းမှာ ဖော်ပြထားတဲ့အတွက် အဲ့ limit ထက် မကျော်အောင် သတိထားပြီး ဖြေဆိုပါ။
Table completion
ဒီပုံစံကို ဖြေဆိုရာမှာတော့ သတိပြုရမှာကစာလုံးရေသပ်မှတ်ချက်ရိှတာမို့ဥပမာအဖြေကိုစာလုံးရေနှစ်လုံး သို့မဟုတ် နံပါတ်တစ်ခု ထက်ပို၍ မဖြေဆိုဖို့ဆိုတာပါဝင်ပါမယ်။ခေါင်းစဉ်မှာမှာ ကိုယ်အဓိက သတိထားကြည့်ရမယ့် information တွေအကြောင်း ပြောပြထားမှာဖြစ်လို့ အဖြေကိုလည်း သေချာဂရုစိုက်ရွေးချယ်ပြီး တိုတိုတုတ်တုတ်ဖြေပါ။ Listening မစခင်ကတည်းက Table မှာပါတဲ့ Information တွေကို အရင်ဖတ်ကြည့်ပြီး underline/highlight လုပ်ထားရင် Listening နားထောင်တဲ့အခါ keywords ကို ဖမ်းမိလွယ်ပါတယ်။
IELTS Listening Exam မှာ score ကောင်းကောင်းလိုချင်တယ်ဆိုရင်တော့ တကယ်အလိုအပ်ဆုံးက Practice ပါပဲ။ မေးခွန်းတွေကို ထပ်ခါထပ်ခါ ပုံစံအမျိုးမျိုးကို ကျွမ်းကျင်အောင် လေ့ကျင့်ထားမှသာ band score မြင့်မြင့်ဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။
Recent Posts
Archives
- March 2026
- February 2026
- December 2025
- November 2025
- October 2025
- July 2025
- June 2025
- May 2025
- March 2025
- February 2025
- January 2025
- December 2024
- July 2024
- June 2024
- May 2024
- April 2024
- March 2024
- February 2024
- January 2024
- December 2023
- November 2023
- February 2022
- January 2022
- December 2021
- February 2016
