IELTS/TOEFL အမှတ်မလိုဘဲ ကျောင်းလျှောက်လို့ရတဲ့ဂျာမန်တက္ကသိုလ်များ

ဥရောပတက္ကသိုလ်တွေထဲမှာ ဂျာမန်တက္ကသိုလ်တွေက အဆင့်မြင့်ပညာရေးနဲ့ပတ်သက်ရင် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေထဲမှာပါသလို နာမည်ကြီးတဲ့ဘာသာရပ်တွေလည်း များပါတယ်။ ဥပမာ ဆေးပညာ၊ စက်မှုအင်ဂျင်နီယာ၊ ဥပဒေ၊ စီးပွားရေး၊ သင်္ချာ ၊ Computer Science နဲ့ စိတ်ပညာ အစရှိတဲ့ဘာသာရပ်တွေနဲ့ပတ်သက်ရင် ဂျာမန်တက္ကသိုလ်တွေကတော်တော်လေးနာမည်ကြီးပါတယ်။

ဒီလိုနာမည်ကျော်ဘာသာရပ်တွေရော၊ ကျောင်းကောင်းတွေရောများတဲ့ ဂျာမန်တက္ကသိုလ်တွေကို ဝင်ခွင့်လျှောက်တဲ့အခါ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဘာသာစကားကျွမ်းကျင်မှုပြစရာ လိုတဲ့တက္ကသိုလ်တွေရှိသလို၊ မလိုတဲ့တက္ကသိုလ်တွေလည်းအများကြီးရှိပါတယ်။ ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ IELTS/TOEFL လက်မှတ်မရှိထားဘဲ ဂျာမန်တက္ကသိုလ်တွေမှာ မာစတာနဲ့ ပါရဂူဘွဲ့လျှောက်ထားချင်တဲ့သူတွေကိုရည်ရွယ်ပြီး IELTS/TOEFL အမှတ်မလိုဘဲ ကျောင်းလျှောက်လို့ရတဲ့ ဂျာမန်တက္ကသိုလ်တွေအကြောင်းကို ပြောပြပေးမှာပါ။

ဒီတော့ IELTS/TOEFL လက်မှတ်ပြစရာမလိုရင် ဘာသာစကားအတွက်ဘယ်လက်မှတ်တွေပြဖို့ လိုလဲမေးစရာရှိမှာပါ။ ဂျာမန်တက္ကသိုလ်တွေက ကျောင်းလျှောက်တဲ့လျှောက်ထားသူကျောင်းသား၊ ကျောင်းသူရဲ့အင်္ဂလိပ်ဘာသာစကားအတွက် သီးသန့်လက်မှတ်မျိုးမဟုတ်ဘဲ ဘာသာစကားကျွမ်းကျင်မှုအထောက်အထားတစ်ခုခု ဒါမှမဟုတ် MOI (Medium of Instruction) ကိုပဲ တောင်းပါတယ်။ ကိုယ်တက်ခဲ့တဲ့တက္ကသိုလ်က အင်္ဂလိပ်ဘာသာစကားနဲ့သင်ကြားခဲ့တဲ့တက္ကသိုလ်ဖြစ်ရင် MOI ကို ဘွဲ့ထောက်ခံစာနဲ့ပဲတင်ပြပေးလို့ရပါတယ်။ ဂျာမနီမှာကျောင်းတက်ချင်တယ်ဆိုရင် နေရေးထိုင်ရေးအဆင်ပြေအောင် ဂျာမန်ဘာသာစကားကျွမ်းကျင်ထားရင်တော့ အကောင်းဆုံးပေါ့။

အခုပြောပြပေးမယ့်တက္ကသိုလ်တွေကတော့ IELTS/TOEFL မလိုဘဲ လျှောက်ထားနိုင်တဲ့ ဂျာမန်တက္ကသိုလ်တွေပဲ ဖြစ်ပါတယ်။
• University of Siegen
• University of Kaiserslautern
• University of Giessen
• Free University of Berlin
• University of Koblenz and Landau
• Esslingen University of Applied Sciences (Hochschule Esslingen)
• Braunschweig University of Technology (TU Braunschweig)
• University of Kiel
• University of Kassel
• The University of Applied Sciences, Ingolstadt (Technische Hochschule Ingolstadt)
• Flensburg University of Applied Sciences
• Anhalt University of Applied Sciences
• Nordhausen University of Applied Sciences
• Frankfurt University of Applied Sciences
• University of Koblenz Landau
• Technische Hochschule Deggendorf
• University of Passau
• University of Hildesheim
• Ruhr University Bochum
• TH Köln
• University of Freiburg
• University of Siegen
• University of Bayreuth
• University of Bonn
• Chemnitz University of Technology
• Hochschule Stralsund
• Mittweida University
(Source: opportunitiescorners)

February 23, 2022
© Copyright 2022 | Developed By Impulse International.