Interpersonal skill ကောင်းအောင်ဘယ်လိုလုပ်မလဲ?

အလုပ်မှာအောင်မြင်ချင်တယ်ဆိုရင် Interpersonal Skill ကောင်းအောင်လုပ်ထားပါ

Interpersonal skill ဆိုသည်မှာ လူတစ်ဦးတစ်ယောက်၊ အုပ်စုလိုက် အခြားသူများနှင့်ပြောဆိုဆက်ဆံသည့် အခါ နေ့စဉ်အသုံးပြုနေရသည့် life skill တစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်မှာ interpersonal skill ကောင်းကောင်းရှိရင် သူ့ရဲ့ပရော်ဖက်ရှင်နယ်ဘ၀ နဲ့ လူမှုရေးဘ၀ နှစ်ခုလုံးမှာပိုအောင်မြင်ကြပါတယ်။ ဒါကြောင့် interpersonal skill ဟာ လုပ်ငန်းခွင်မှာပါ အရေးပါရုံမက ကျွနု်ပ်တို့ရဲ့လူမှုဘဝမှာအရေးပါပါ တယ်။ Interpersonal skill ကောင်းသူတွေဟာ အခြားသူတွေရဲ့အမြင်မှာ အကောင်းမြင်စိတ်ရှိသူ၊ တည်ငြိမ်သူ၊ ယုံကြည်မှုရှိသူအနေနဲ့အမြင်ရရှိစေပါသည်။ အလုပ်ရှင်များမှလည်း မိမိတို့ဝန်ထမ်းရှာဖွေသည့် အခါ interpersonal skill ကောင်းသူဖြစ်သည့် အဖွဲ့အစည်းနှင့်အတူပူးပေါင်းပြီးအကောင်းဆုံးလုပ်ဆောင်နိုင် သူ၊ မိမိ၏လုပ်ဖော်ကိုင်ဖက်များ၊ ဝယ်သူများ နှင့် ဖောက်သည်များနှင့် ထိရောက်စွာဆက်ဆံပြောဆိုနိုင်သူကို သာခန့်ထားလိုကြပါတယ်။

Interpersonal skill မှာဘာတွေပါသလဲ?

  • ပြောဆိုဆက်ဆံခြင်းစွမ်းရည် (Communication skill)
  • ပြောဆိုဆက်ဆံခြင်းစွမ်းရည် (Communication skill) မှာ အောက်ပါတို့ပါဝင်ပါတယ်။
  • နှုတ်ဖြင့်ပြောဆိုခြင်း (Verbal Communication) – ဘာပြောသလဲ၊ ဘယ်လိုပြောသလဲ။
  • နှုတ်ဖြင့်ပြောဆိုခြင်းမဟုတ်ဘဲ အခြားနည်းပြောဆိုခြင်း (Non-verbal Communication) – စကားလုံးများဖြင့်ပြောဆိုခြင်းမဟုတ်ဘဲ ကိုယ်အမူအရာဖြင့်ပြောဆိုခြင်း၊ စာရေးသားပြောဆိုခြင်း စသည်ဖြင့်။
  • နားထောင်စွမ်းရည် (Listening Skill) – အခြားသူများ နှုတ်ဖြင့်သော်လည်းကောင်း အခြားနည်းဖြင့်ပြောဆိုခြင်းသော်လည်းကောင်းပြောသည့်အကြောင်းအရာများကို နားလည်အောင်လုပ်ဆောင်ခြင်း
  • အဖွဲ့ဖြင့်လုပ်ဆောင်ခြင်း (Team working) – အခြားအသင်းအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း။
  • ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဆွဲဆောင်ခြင်း နှင့် လွှမ်းမိုးနိုင်သည့်စွမ်းရည် (Negotiation, Persuasion and Influencing skills) – အခြားသူများနှင့်လုပ်ကိုင်ရာတွင် နှစ်ဦးသဘောတူ (နှစ်ဦးအကျိူးရှိသည့်) ရလဒ်ကို ရရှိအောင်လုပ်ဆောင်နိုင်ခြင်း။
  • ပဋိပက္ခဖြေရှင်းခြင်း (Conflict Resolution) – အခြားသူများနှင့်ပဋိပက္ခ (သို့မဟုတ်) သဘောထားမတိုက် ဆိုင်မှုဖြစ်သည့်အခါ ကောင်းမွန်သည့်နည်းလမ်းဖြင့်ဖြေရှင်းခြင်း။
    ပြသာနာဖြေရှင်းခြင်း နှင့် ဆုံးဖြတ်ချက်ချခြင်း (Problem-solving and Decision-Making) – ဖြစ်နိုင်သည့် အကောင်းဆုံးနည်းလမ်းများကိုဆုံးဖြတ်ချလုပ်ဆောင်ပြီး ပြသာနာကိုဖြေရှင်းခြင်း။

Interpersonal Skill ကောင်းကိုဘယ်လိုပျိုးထောင်ကြမလဲ?

Interpersonal skill ဟာ ကိုယ့်ရဲ့ပေါင်းသင်းဆက်ဆံရေး၊ လူမူရေးရာနဲ့ ပရော်ဖက်ရှင်နယ်ဘဝတွေမှာ အကျိုးသက်ရောက်မှုအများကြီးတဲ့အတွက် ဒီစွမ်းရည်ကိုကောင်းမွန်အောင်လုပ်ဆောင်ထားမှသာ အထက်ကနယ်ပယ်သုံးခုမှာအောင်မြင်ပျော်ရွှင်ဖွယ်ကောင်းတဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီ Interpersonal skill ကိုအောက်ပါနည်းလမ်းလေးတွေ အသုံးပြုပြီးလေ့ကျင့်ပျိုးထောင်သင့်ပါတယ်။

နားထောင်တတ်အောင်လေ့ကျင့်ပါ

နားထောင်ခြင်းဆိုတာဟာ ကြားရခြင်းနဲ့မတူပါဘူး။ လူတစ်ယောက်စကားပြောတဲ့အခါ သူပြောတဲ့စကားလုံးတွေကိုနားထောင်ရသလို သူ့ရဲ့ကိုယ်အမူအရာကနေလည်းဘာကိုဆိုလိုချင်လဲ ပြောချင်လဲဆိုတာသိအောင် ဂရုတစိုက်နားထောင်သင့်ပါတယ်။

စကားလုံးများကိုရွေးချယ်ပါ

အခြားသူများနဲ့စကားပြောတဲ့အခါ မိမိအသုံးပြုတဲ့စကားလုံးများကိုသတိပြုပါ။ တစ်ခါတစ်ရံမှာ စကားလုံးရွေးချယ်မှုမှားယွင်းသွားတဲ့အတွက် နားလည်မှုလွှဲတာ၊ တစ်ဖက်သူကိုစိတ်ဆိုးစေတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့်ကိုယ်စကားပြောတဲ့အခါ တစ်ဖက်သူကကိုယ်ပြောချင်တဲ့အကြောင်း အရာကို သေချာနားလည်ရဲ့လားဆိုတာမေးခွန်းများမေးခြင်း၊ သင့်တော်သည့်စကားလုံးများ ရွေးချယ်အသုံးပြုခြင်းဖြင့် လုပ်ဆောင်နိုင်ပါတယ်။

Non-verbal communication ၏အရေးပါပုံကိုသတိပြုပါ

တစ်ခါတစ်ရံကျွန်ုပ်တို့ဟာကြောက်ရွွံ့တဲ့အခါမှာ စကားမြန်မြန်ပြောတဲ့အတွက် ရှင်းရှင်းလင်းလင်း တစ်ဖက်သူကိုနားမလည်စေနိုင်ပါဘူး။ ဒါကြောင့် တည်တည်ငြိမ်ငြိမ်နဲ့ တစ်ဖက်လူမျက်လုံးကို ကြည့်ပြီး ပြုံးကာစကားပြောသင့်ပါတယ်။ ဒါမှသင့်ရဲ့မိမိကိုယ်ကိုယ်ယုံကြည်မှုရှိမှုကိုလည်း ပြသရာရောက်ပါတယ်။

Emotional Intelligence ကိုကောင်းအောင်လုပ်ဆောင်ပါ။ အထူးသဖြင့် ကိုယ်ချင်းစာနာစိတ်ပါ။

Emotional Intelligence ဆိုတာ ကိုယ့်ကိုယ်ကိုနားလည်ခြင်းနဲ့ တစ်ဖက်သူရဲု့စိတ်ခံစားချက်တွေ ကိုနားလည်ခြင်းဖြစ်ပြီး ထိုစိတ်ခံစားချက်တွေက အပြုအမူနဲ့စိတ်ထားပေါ်မှာ သက်ရောက်မှုတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ emotional intelligence ကိုကောင်းအောင်လုပ်ဆောင်နိုင်ရင် interpersonal skill တွေမှာလည်း ကောင်းမွန်လာမှာပါ။

ဒါကြောင့် Interpersonal Skill ကောင်းအောင်လုပ်ဆောင်ခြင်းဖြင့် ကိုယ့်ရဲ့လူမူဘဝ၊ လုပ်ငန်းခွင် ဘဝတွေမှာပါ ဆက်ဆံရေးကောင်းမွန်ပြီး အောင်မြင်သူတစ်ယောက်ဖြစ်လာနိုင်မှာပါ။

© Copyright 2022 | Developed By Impulse International.