Leadership Theory တွေထဲက တစ်ခုဖြစ်တဲ့ Johari’s Windows

ပထမဆုံးအနေနဲ့ Leadership ကိုမပြောခင် Organization နဲ့ အလုပ်လုပ်ကြရမယ့် လူတွေအတွက် အခြေခံအကျဆုံး နားလည်ထားရမယ့် theory လေးဖြစ်တဲ့ Johari’s Windows ကို အရင်ပြောပါမယ်။

လူတယောက်ကို အခြေခံအကျဆုံး လေ့လာမယ်ဆိုရင်တော့…. စိတ်ပြတင်းပေါက် (၄) ပေါက်ရှိပါတယ်။

နံပါတ် ၁ က Open Zone ပါ ( known to other & known to self) ဆုံတဲ့နေရာပါ။

ဘာပြောချင်တာလဲဆိုရင် လူတိုင်းသိအောင် ချပြထားတဲ့ မိမိရဲ့ အရည်အသွေးတွေပါ ယျေဘုယျအားဖြင့်တော့ ကိုယ့်ကိုယ်ကို ကောင်းတယ်လို့ ယူဆထားတဲ့ အချက်တွေ ဖြစ်ဖို့များပါတယ်။

နံပါတ်(၂) က Blind Zone ပါ (known to other & not known to self) ဆုံတဲ့နေရာပါ။

လူတိုင်းမှာ မိမိကိုယ်တိုင်က လက်မခံနိုင်တဲ့ မိမိရဲ့ မကောင်းတဲ့ အမူအကျင့်အတွေးအခေါ်လေးတွေရှိတတ်ပါတယ် ဒါကို သိရင်တောင်မှ မသိချင်ယောင်ဆောင်ပြီးနေတာပါ ဒါကို ငါ့မှာမကောင်းတဲ့အကျင့်တွေ ရှိတယ်လို့ ဘယ်သူ့ကိုမှ လိုက်မပြောကြပါဘူး but မိမိမမြင်တဲ့ အချက်တွေကို ဘေးကကြည့်တဲ့သူက မြင်ပါတယ် ကိုယ့်ကိုယ့်ကိုတော့ လက်ခံနိုင်တဲ့အထိ မမြင်ဘူးပေါ့။

ဥပမာ ကျနော်ဆိုရင် မိမိကိုယ်ကိုယ် အထင်ကြီးလွန်းတာမျိုးပေါ့။

နံပါတ်(၃) က Secret Zone ပါ ( not known to other & known to self) ဆုံတဲ့နေရာပါ။

လူတိုင်းမှာ ကိုယ့်ကိုယ်ကို သိပီး သူများကို ချမပြချင်ကြတဲ့ လျုှိ့ဝှက်ထားချင်ကြတဲ့အရာတွေ ရှိတတ်ပါတယ် တခြားသူက မမြင်ပေမယ့် မသိပေမယ့် ကိုယ်ကတော့ 100% သိပီး သူများသိမှာ ကြောက်တဲ့ အချက်တွေဖြစ်ပါတယ် ယျေဘုယျအားဖြစ်သတ်မှတ်ရရင် ကိုယ်လက်ခံနေရတဲ့ မကောင်းတဲ့အချက်တွေ ဖြစ်ဖို့များပါတယ်။

နံပါတ် (၄) က Unknown Zone ပါ ( not known to other & not known to self) ပါ။

မီးခဲပြာဖုံး ဆိုတာမျိုးလေးတွေလို့ပြောရမလား မလုပ်ကြည့်ဘူး မလုပ်ဖူးဘူး လုပ်နိုင်မယ်လို့မထင်ဘူး သူများကလည်း ကိုယ့်အရည်အချင်းကိုမသိဘူး ကိုယ်ကလည်း ကိုယ့်အရည်အချင်းကိုမသိဘူး အဲ့လိုမျိုး အရာတွေပါ လူတိုင်းမှာ ယျေဘုယျအားဖြင့် ရှိတဲ့အချက်တွေပါ

ဒီလေးချက်ကို ပြောရတဲ့အဓိက အချက်က အဖွဲ့အစည်းမှာ အစစ်မှန်ဆုံး အလုပ်ဖြစ်ချင်တယ်ဆိုရင် open zone ကို ချဲ့ရပါမယ် တခြား zone ၃ခုကို ကျဉ်းအောင်လုပ်ရပါမယ်။

ဒီ ၄ချက်ကို ကျမ အနှစ်ချုပ် နားလည်တာက အဖွဲ့အစည်းအတွင်းမှာ အလုပ်လုပ်ကြသူအချင်းအချင်း clear expectation ဖြစ်မှသာ စစ်မှန်တဲ့အဆင်ပြေမှုနဲ့ goals ကို ရောက်မှာဖြစ်ပါတယ် အဲ့လိုဖြစ်ဖို့ဆိုရင် သိသင့်တဲ့အရာအားလုံး ချပြပီး ကိုယ့်ကိုယ်ကို ရှင်းရှင်းလင်းလင်းသိအောင်ကြိုးစားဖို့အတွက် open zone ကို ရနိုင်သလောက် ချဲ့ရပါမယ်။

နောက်တခုက Slide ရဲ့ ညာဘက်ဘေးက characteristics 3ခုပါ leadership လို့ပြောလိုက်ရင် ဒီ characteristics 3ခုတော့ ရှိကို ရှိရပါမယ်။

cognitive skill – မိမိဦးဆောင်မယ့်အဖွဲ့အစည်းနဲ့ မိမိသွားရမယ့် goal အတွက် ဘယ်လောက် ထဲထဲဝင်ဝင်သိလဲ ဆိုတဲ့ အပိုင်းပါ ဒီ skill မှာ process တွေ procedure တွေ job and role description တွေ stakeholder တွေရဲ့ expectation တွေ မိမိမှာရှိတာနဲ့ လိုအပ်နေတာနဲ့ စတာတွေကို ရှင်းရှင်းလင်းလင်း သိနိုင် သုံးသပ်နိုင်မှ မှန်ကန်တဲ့ decision ကို ချနိုင်မှာဖြစ်ပါတယ်။

Personality Traits – လူတိုင်းမှာ မတူညီတဲ့ ကိုယ်ပိုင်အရည်အသွေးတွေရှိကြပါတယ် သဘာဝအရဘဲ ဖြစ်ဖြစ် လေ့ကျင်ယူထားလို့ဘဲဖြစ်ဖြစ် ရှိနေပီးသား အရည်အသွေးကို ဆိုလိုတာဖြစ်ပါတယ် ကိုယ့်မှာရှိတာကို သိပီး ဘယ်လိုအံဝင်ခွင်ကျဖြစ်အောင် အသုံးပြုမလဲဆိုတဲ့အချက်ပါ။

အနီးစပ်ဆုံး ဥပမာ – ကျမဆိုရင် မိုက်ခရိုဖုန်းမလိုအောင် အသံကျယ်ပါတယ် ကျမက စာသင်တာ ဝါသနာပါလို့ ကျမ class ထဲမှာတော့ ကျမရဲ့ အသံကျယ်ခြင်းကို ကောင်းကောင်း သုံးလို့ရပါတယ် but အကြီးအကဲတွေ တံခါးပိတ်အစည်းအဝေးလုပ်နေတဲ့အခန်းထဲမှာ ကျမအသံကို သွားပီး အသုံးချလိုက်မယ်ဆိုရင်တော့ ဘာပြောကောင်းမလဲပေါ့နော်။

လက်တွေ့ လွဲခဲ့ဖူးတာလည်းရှိတယ် ဂျပန်တွေက အော်ကြီးဟစ်ကျယ် ပြောလေ့မရှိဘူး အထူးသဖြင့် စားသောက်ချိန် ဒါကို ကျမက Tokyo က ဟိုတယ် တခုမှာ ကျမအတွက် အရေးကြီးနေတဲ့ကိစ္စပြောဖို့ breakfast ခန်းထဲဝင်သွားပီး professor ကို ဆရာ သမီးက ဆိုပီး ခပ်ကျယ်ကျယ်ထွက်သွားတဲ့အသံမဆုံးခင်မှာဘဲ breakfast စားနေတဲ့ လူတော်တော်များများရဲ့ အထင်သေးတဲ့ မျက်လုံးတွေနဲ့ ရင်ဆိုင်လိုက်ရတယ်လေ ဒါကတော့ ဥပမာပါ ကိုယ့်မှာပင်ကိုရှိနေတာတွေကိုလည်း organization ကလူတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ သတိထားရမယ်လို့ ဆိုလိုချင်တာပါ။

Motive – ဒါကတော့ မိမိကိုယ်ကိုယ်ထက် ကိုယ့် member ရဲ့အခြေအနေကို guess လုပ်နိုင်ဖို့ အများကြီးလိုအပ်ပါတယ် မိမိသွားချင်တဲ့ goals ကို သွားဖို့ main engine အနေနဲ့ လုပ်ဆောင်ပေးမယ့် မိမိရဲ့ member ဟာ 100% တက်ကြွနေဖို့ မိမိမှာ တာဝန်အရှိဆုံးပါ ဒါကတော့ member တွေအားလုံးကို မိမိအနေနဲ့ တက်ကြွနေအောင် လှုံ့ဆော်စည်းရုံးနိုင်တဲ့ skill ပါ။

ဒါကတော့ Individual behavior တွေ organization behavior တွေရဲ့ သဘောတရားတွေ theory တွေကို နားလည်ထားမယ်ဆိုရင် interview ခန်းထဲမှာ တခေါက်ဆုံဖူးရုံနဲ့ ဒီ member ရဲ့ရင်ထဲအထိ ဝင်နိုင်မှာ ဖြစ်ပါတယ် ဒါဆိုရင်တော့ motivate လုပ်ဖို့ သိပ်မခက်ခဲတော့ဘူးပေါ့။

အပေါ်မှာ ကျမပြောနေတာတွေအားလုံးက ပြောဖို့သိပ်လွယ်သလောက် လုပ်ဖို့တော့ ခက်ခဲနေပါလိမ့်မယ် ဒါကြောင့်လည်း စစ်မှန်တဲ့ Leader ဆိုတာ ရှားနေသေးတာပါ။

ဒီ slide မှာဘဲ အဓိကအားဖြင့် မြင်လွယ်တဲ့ Leadership style ၂မျိုးကို လူပုဂ္ဂိုလ် ၂ဦးနဲ့ဖော်ပြထားပါတယ်။

1ဦးကတော့ IBM ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Samuel ဖြစ်ပါတယ်။

နောက် 1ဦးကတော့ Hyundai ကား production ရဲ့ CEO လည်းဖြစ် ဥက္ကဌလည်းဖြစ်တဲ့ O’Neill ဖြစ်ပါတယ်။

သူတို့ ၂ ဦး ရဲ့ leadership style ကို သူတို့ company တွေရဲ့ အဆိုးရွားဆုံးအခြေအနေ ကြုံခဲ့ရတုန်းက ဘယ်လို behave လုပ်ခဲ့ ကြသလဲဆိုတာကို google ကနေ လေ့လာကြည့်လို့ရပါတယ်။

အားလုံးဘဲ ဗဟုသုတရမယ်လို့ မျှော်လင့်ပါတယ်ရှင်။

February 27, 2022
© Copyright 2022 | Developed By Impulse International.