Master နဲ့ Ph.D ကို Fully Funded နဲ့ China မှာဆက်တက်နိုင်ဖို့ ခြေလှမ်းတစ်ခု

နိုင်ငံခြားက ထိပ်တန်းတက္ကသိုလ်မှာ ပညာဆက်လက်သင်ယူနိုင်ဖို့ကသင့်အိပ်မက်ဆိုရင် အိပ်မက်တွေကိုနီးစပ်အောင်ပုံဖော်ပေးနိုင်မယ့် Scholarships တွေကိုမေ့ထားလို့မရပါဘူး။

ဒီနေ့တော့ အိမ်နီးချင်း တရုတ်နိုင်ငံက နိုင်ငံတကာကျောင်းသားတွေအတွက် Master နဲ့ Ph.d ကို Fully Funded ထောက်ပံ့ပေးမယ့် 𝘈𝘕𝘚𝘖 𝘚𝘤𝘩𝘰𝘭𝘢𝘳𝘴𝘩𝘪𝘱𝘴 𝘧𝘰𝘳 𝘠𝘰𝘶𝘯𝘨 𝘛𝘢𝘭𝘦𝘯𝘵𝘴 2022 အကြောင်းကို Postgraduate, Master ကျောင်းသားများအတွက် ​ပြောပြ​ပေးချင်ပါတယ်။

Host Country : China

[Note: ပထမဆုံး သိထားဖို့ လိုတာက အခု​လော​လောဆယ်မှာ တရုတ်နိုင်ငံက Visa ပိတ်ထား​သေးတာ​ကြောင့် ယခုနှစ်အတွက် scholarship ​လျှောက်ဖို့​တော့ အဆင်မ​ပြေနိုင်​သေးပါဘူး။ ​နောက်နှစ်​တွေ​လျှောက်ဖို့ ပြင်ဆင်​နေသူ​​တွေ​တော့ ထည့်သွင်းစဥ်းစားသင့်တဲ့ scholarship တစ်ခုဖြစ်ပါတယ်။]

Universities : USTC and UCAS

  • Scholarship ရတဲ့ကျောင်းသားတွေက China ရဲ့ Top Prestigious Universities နှစ်ခုဖြစ်တဲ့
  • University of Science and Technology of China (USTC)
  • University of Chinese Academy of Science (UCAS) တို့မှာပညာသင်ကြားခွင့်ရမှာဖြစ်ပါတယ်။
  • Degree Level :Master and Ph.d
  • Master degree အတွက်အယောက် ၂၀၀
  • Ph.d အတွက် အယောက် ၃၀၀ ခေါ်ယူပါတယ်။
  • Eligible Nationality: International
  • Scholarship Coverage : Fully Funded
  • 3 နှစ်တာ Master Program နဲ့ 4 နှစ်တာ Ph.d Program အတွက် ကုန်ကျစားရိတ်အားလုံး၊
  • Tuition Fee, Application Fee, Health Insurance
  • Monthly Stipend: 3000RMB/ month for Master’s and 6000 or 7000 RMB for Phd Degree ( အပေါ်က University နှစ်ခုရဲ့ အရည်အချင်းစစ်စာမေးပွဲရမှတ်ပေါ်မူတည်ပြီး ကွာခြားသည်။)
  • ဒါတွေအပြင် မိမိနိုင်ငံကနေ China ထိ တစ်ယောက်စာ Travel Subsidy ကိုပါစီစဉ်ပေးမှာဖြစ်ပါတယ်။
  • Eligibilities ​တွေအ​နေနဲ့ တရုတ်နိုင်ငံသားမဟုတ်ရပါ
  • Master အတန်းအတွက်လျှောက်ထားသူများသည် Jan 1, 1992 နောက်ပိုင်း​မွေးဖွားသူ
  • Ph.D အတွက် Jan 1, 1987 နောက်ပိုင်း​မွေးဖွားသူ
  • USTC and UCAS Uni နှစ်ခုရဲ့ Criteria ပြည့်စုံသူ
  • English and Chinese ကျွမ်းကျင်စွာရေး၊ ဖတ်၊ ပြောနိုင်သူ

ANSO လျှောက်စဉ် တခြားသော Scholarships များလျှောက်ထားခြင်းမရှိသူနိုင်ငံတကာကျောင်းသားများလျှောက်ထားလို့ရပါတယ်။
Scholarships အတွက်လိုအပ်မယ့် Requirements ​တွေနဲ့ Universty 2 ခုရဲ့ Admission Requirements မတူနိုင်တာမို့ အသေးစိတ်ကို Official Website မှာတစ်ခုချင်းဖတ်ကြည့်လို့ရပါတယ်။

http://www.anso.org.cn/programmes/talent/scholarship/

ဆက်သွယ်လို့ရမယ့် email, ph.no ကအစဖော်ပြထားပါ​သေးတယ်။ နှစ်တိုင်းပေးတဲ့ Scholarships လည်းဖြစ်လို့ အမြဲတမ်းအတွက်ပြင်ဆင်ထားလို့ရပါတယ်။

ယခုနှစ်အတွက် Deadline ကတော့ March 31, 2022 (Beijing Time)
အခု ​လော​လောဆယ်မှာ​တော့ တရုတ်နိုင်ငံ Visa ကပိတ်ထား​သေးတာမို့ ​နောက်နှစ်​တွေမှာသွားဖို့ စဥ်းစား​နေ၊ပြင်ဆင်​နေသူ​တွေအတွက် ထည့်သွင်းစဥ်းစားသင့်တဲ့ scholarship တစ်ခုဖြစ်ပါတယ်။

February 23, 2022
© Copyright 2022 | Developed By Impulse International.