စီးပွားရေးနယ်ပယ်က ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကို ကြည့်လိုက်ရင် သူတို့ရဲ့ကြိုးစားအားထုတ်မှုတွေ၊ အလုပ်ပေါ်ရူးသွပ်မှုတွေသာမကပဲ MBA ကရခဲ့တဲ့အတွေ့အကြုံတွေကလည်း အောင်မြင်စေဖို့အတွက် တခန်းတကဏ္ဍ ကနေ ပါ၀င်နေခဲ့ပါတယ်။
စီးပွားရေးသင်တန်းကျောင်းတွေက သူတို့ရဲ့ပင်ကိုယ်စွမ်းရည်နဲ့ တီထွင်ဖန်တီးမှုတွေကို အရောင်တင်ပေးပြီး အောင်မြင်မှုလမ်းကြောင်းကို တွန်းပို့ပေးနိုင်ခဲ့ပါတယ်။
ဒါကြောင့် ဒီနေ့မှာ MBA ဘွဲ့ယူပြီး အလုပ်အကိုင်လမ်းကြောင်းခရီး တိုးတက်လာခဲ့တဲ့ ပုဂ္ဂိုလ်သုံးဦးအကြောင်းကို ပြောပြသွားပါမယ်။
Mary Barra
ကမ္ဘာ့ကားဈေးကွက်မှာ ပထမဆုံး အမျိုးသမီး CEO ဖြစ်တဲ့ Mary Barra က General Motors Company ရဲ့ CEO အဖြစ် တာ၀န်ထမ်းဆောင်ခဲ့တာပါ။
Mary Barra က အဲ့ဒီကုမ္ပဏီမှာ အလုပ်စ၀င်တဲ့အချိန်က University Co-op Student ( နယ်ပယ်တူလုပ်ငန်းခွင်ထဲ အလုပ်၀င်ခွင့်ရတဲ့ ကျောင်းသူ ) ပဲရှိပါသေးတယ်။ ဇိမ်ခံကားလိုင်းတွေ၊ လျှပ်စစ်ကားတွေထုတ်လုပ်ပြီး ကားဈေးကွက်ကို ထိုးဖောက်ဖို့က သူ့ရဲ့အိပ်မက်ပါ။ Stanford University မှာ MBA ဘွဲ့ရပြီးနောက်မှာတော့ အကြီးတန်းရာထူးကို ပြောင်းရွှေ့ခွင့်ရခဲ့တာဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ CEO ရာထူးထိရောက်ခဲ့သလို သူ့ရဲ့အိပ်မက်တွေ အကောင်အထည်ဖော်ခွင့်လည်းရခဲ့တာဖြစ်ပါတယ်။
Mary Barra တို့ MBA ပြီးခဲ့တဲ့နောက်နှစ်မှာတော့ MBA ဘွဲ့ရတွေက တနှစ်လုံးစာအတွက် 2% ကနေ 31% အထိ တိုးလာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီခေတ်မှာ Mary Barra က အအောင်မြင်ဆုံး အမျိုးသမီး MBA ဘွဲ့ရတဦးဖြစ်ကြောင်း စီးပွားရေးဈေးကွက်မှာ ပြောစမှတ်တွင်ခဲ့ပါတယ်။
Tim Cook
Tim Cook ဟာဆိုရင် သူ့ရဲ့ Bachelor ဘွဲ့က စက်မှုအင်ဂျင်နီယာနယ်ပယ်ကပါ။ အမေရိကန်စီးပွားရေးကျောင်းတခုဖြစ်တဲ့ Duke University’s Fuqua School of Business မှာ MBA ဘွဲ့ယူပြီးတဲ့အချိန်ကစလို့ သူ့ရဲ့ Career ခရီးစဉ်ကို စခဲ့တာဖြစ်ပါတယ်။
နည်းပညာနယ်ပယ်မှာ ကုမ္ပဏီနှစ်ခုပြောင်းပြီးနောက်ပိုင်းမှာ Tim Cook က ကမ္ဘာ့အကြီးဆုံးနည်းပညာကုမ္ပဏီထဲကတစ်ခုအပါအ၀င်ဖြစ်တဲ့ Apple ကိုရောက်လာခဲ့ပါတယ်။ Apple က Tim Cook လက်ထက်မတိုင်ခင်မှာ ကုမ္ပဏီရဲ့ရောင်းအားတွေဆက်တိုက်ကျနေခဲ့တာပါ။ ဒီလိုနဲ့ အလုပ်လုပ်ပြီး တနှစ်မပြည့်ခင်မှာပဲ ဒုဥက္ကဌဖြစ်လာပြီး၊ Tim Cook ရဲ့ စီမံခန့်ခွဲနိုင်မှုလက်အောက်မှာတော့ ယခင်နှစ်က ဘဏ္ဍာရေးထက် အမြတ်ငွေ ဒေါ်လာ ၁ ဘီလီယံကျော်လောက်ကို တိုးတက်သွားခဲ့တာဖြစ်ပါတယ်။
CEO ရာထူးမရောက်ခင်မှာလည်း Apple အတွက်ကို ကမ္ဘာတဝှမ်းက အရောင်း၊ ဈေးကွက်ရှာဖွေတဲ့နေရာ၊ လုပ်ငန်းလည်ပတ်မှုစတာတွေကို စီမံခန့်ခွဲနိုင်မှု စတာတွေလုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Saya Nadella
Microsoft ရဲ့ CEO, အိန္ဒိယလူမျိုး Saya Nadella ကလည်း Electrical Engineering ဘွဲ့ယူခဲ့ပြီး Chicago စီးပွားရေးကျောင်းမှာ MBA ဘွဲ့ယူခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့လက်ဦးဆရာတယောက်ဖြစ်ခဲ့တဲ့ Steven Kaplan ဆိုရင် “ Saya Nadella ကနည်းပညာနဲ့ စီးပွားရေးအပေါ်မှာ Passionate ဖြစ်တဲ့အပြင်၊ စီးပွားရေးအခွင့်အလမ်းတွေကို ကောင်းကောင်းရှာဖွေတတ်ပြီး၊ ပေါ်လာတဲ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ CEO တစ်ယောက်ရဲ့အရည်အချင်းတွေ သူ့ဆီမှာရှိတယ်” ဆိုပြီး ချီးမွမ်းထားပါသေးတယ်။
MBA ဘွဲ့တခုရထားခြင်းက Career ခရီးမှာ နောက်တဆင့်တက်လှမ်းဖို့အတွက်ကို အထောက်အကူပြုတာကြောင့် စီးပွားရေးနယ်ပယ်ကို ဝင်ရောက်မယ့်သူတွေအနေနဲ့ လေ့လာထားသင့်တဲ့ ဘာသာရပ်ဆိုတာ အကြံပြုပါရစေနော်
Recent Posts
- Community ကို အကျိုးပြုလိုတဲ့ လူငယ်တွေအတွက် သိန်း (၈၀) အထိ ထောက်ပံ့ပေးမယ့် ပရိုဂရမ်
- ထိုင်းမှာ ပညာသင်ဆုအပြည့်နဲ့ ဘွဲ့ကြိုတက်ရောက်နိုင်မယ့် Royal Scholarship
- အလုပ်အကိုင်စျေးကွက်အရ တက်ရောက်မှုများလာတဲ့ မေဂျာဘာသာရပ်များ
- ဟောင်ကောင်မှာ ဘွဲ့ကြိုတက်ရောက်လိုသူတွေအတွက် Belt and Road Scholarship
- ဗီယက်နမ်နိုင်ငံက ပညာသင်ဆုကို စိတ်ဝင်စားရင် Join လို့ရပါ
