MBA တက်ဖို့ တကယ် လိုအပ်နေပီလား?

MBA ဆိုတဲ့ဘွဲ့က ခုခေတ်မှာ အတော်ရေပန်းစားလာသလို စိတ်ဝင်စားသူတွေလည်း အတော်များလာခဲ့ပါတယ်။

မြန်မာပြည်မှာ MBA တက်ရောက်နေတဲ့သူတွေကို လေ့လာကြည့်တဲ့အခါ တချို့ကလည်း MBA ဘွဲ့ရပြီးရင် ရာထူးရချင်လို့ MBA တက်တယ် တချို့ကျတော့လည်း ပေါ်ပင် MBA ဘွဲ့လေးရထားချင်လို့ တချို့ကျတော့လည်း ကိုယ့်လုပ်ငန်းမှာ ပိုပြီးတော့ စီမံခန့်ခွဲမှု တက်လာစေဖို့ တချို့ကျတော့လည်း သူများတက်လို့ ဘာရယ်မဟုတ် ကိုယ်ကလည်း MBA တက်ထားတယ်ဆိုတာမျိုး အားလုံးခြုံပြောရရင် MBA တက်သူတိုင်း စီမံခန့်ခွဲမှုကို စိတ်ဝင်စားလို့ မဟုတ်ဘူး ဆိုတဲ့အချက်ရယ် MBA ဘွဲ့ရမှ စီမံခန့်ခွဲမှုကို လုပ်တတ်မှာ မဟုတ်ဘူးလို့
ယုံကြည်နေတဲ့သူတွေရယ် အမျိုးမျိုး ရှိပါတယ်။

ဒီတော့ MBA မှာ ဘာတွေသင်ပြီး ဘယ်လို Train လုပ်တာလဲ ဆိုတာတွေကတော့ တစ်ကျောင်းနဲ့တစ်ကျောင်း ကွာဟမှု ရှိနိုင်ပါတယ် ဘာသာရပ်အားလုံးကို သင်ဖို့ဆိုတာကလည်း ဖြစ်နိုင်ချေ နည်းပါးပါတယ် အဲတော့ Case Study တွေနဲ့ ချဥ်းကပ်လေ့လာပြီး Business ကို နားလည်လာတောင် လေ့ကျင့်ပေးတာပဲလို့ အကြမ်းအားဖြင့် မှတ်ယူနိုင်ပါတယ်။

မြန်မာပြည်မှာတော့ Theory တွေကို ကျက်မှတ်ကြတာ များပါတယ် တချို့ကျတော့လည်း Assignment တွေ လူငှားရေးကျပြီး ပြီးရင်ပြီးရောဆိုပြီး လုပ်ကြတာတွေလည်း တပုံကြီးပါ အဲဒါကလည်း လုပ်ငန်းခွင်တဘက်နဲ့ MBA တက်ကြရတော့ MBA ဆိုတာဘာလဲ မြည်းစမ်းရင်းနဲ့ တက်ကြတဲ့သဘောပါ။

MBA ဘွဲ့ကို ယုံကြည်လို့ မဟုတ်ပါဘူး နောက်တစ်ချက်က MBA ဝင်ခွင့်ဖြေဆိုတဲ့ကိစ္စပါ MBA သင်တန်းဆိုတာကလည်း လူ ၁၀၀ နီးပါးသာ ခေါ်ဆိုတာကြောင့် လာတိုင်းတက်ခွင့် မရနိုင်တဲ့ကိစ္စပါ တချို့လည်း ဝင်ခွင့် အကြိမ်ကြိမ်ဖြေ အဲ့ဒီထဲမှာ ဘယ်သူတွေ ဆုံးရှုံးသွားလည်းဆိုတော့ တချို့ MBA ကို တကယ်ယုံယုံကြည်ကြည် တက်ရောက်သင်ကြားလိုသူတွေ သင်ကြားခွင့်မရလိုက်တာမျိုးလည်း ရှိတတ်ပြန်ပါတယ်။

MBA သင်တန်းနဲ့ပါတ်လို့ နှစ်သက်တာတစ်ခုတော့ ရှိပါတယ် အဲဒါက MBA မှာ သုတေသန Research လုပ်ရတဲ့ကိစ္စပါ သုတေသနလုပ်ကြည့်တော့မှပဲ ဘာသာရပ်ကို တီးခေါက်မိတဲ့သဘော ဖြစ်သွားပါတော့တယ် Research လုပ်တဲ့အခါမှာလည်း ကိုယ့်ခေါင်းစဥ်က

  • Marketing ဖြစ်ရင်ဖြစ်မယ်
  • HR ဖြစ်ရင်ဖြစ်မယ်
  • Project Management ဖြစ်ရင်ဖြစ်မယ်
  • Finance ဖြစ်ရင်ဖြစ်မယ် စသဖြင့် Supervisor ရဲ့ ကြီးကြပ်မှုအောက်မှာ လုပ်ကြရပါတယ်

ဘာပဲဖြစ်ဖြစ် လုပ်ငန်းတခု ဘာသာရပ်တခုကိုတော့ အနည်းငယ် နားလည်သွားနိုင်ပါတယ် အဲဒီ Research paper ကိုမှ လူးငှား ရေးခိုင်းလို့ကတော့ ဘယ်လိုမှ မတတ်မြောက်နိုင်တော့ပါ MBA ဆိုတာကတော့ ကိုယ်ရယ် ပတ်ဝန်းကျင်ရယ် ကမ္ဘာကြီးရယ်ကို ချိတ်ဆက်ပေးလိုက်တာပါပဲ MBA တက်ရတာက စိတ်ဖိစီးမှုလည်းရှိသလို Social Network တိုးလာတာကြောင့် ပျော်လည်းပျော်ရပါတယ်။

အသိတရားဘက်မှာလည်း စနစ်တကျ တွေးခေါ်တတ်လာပါတယ် လူတိုင်းမှာ ဖြစ်ချင်တဲ့ဆန္ဒ Desire ဆိုတာ ရှိပါတယ် အဲ့ဒီ ဆန္ဒတွေနောက်ကို လိုက်ရင်း ဘဝက မအောင်မြင်တာမျိုးလည်း မဖြစ်ပါစေနဲ့ ဘဝရဲ့အောင်မြင်မှု ဆိုတာကလည်း MBA ဘွဲ့ကြီးပိုက်လာမှ မဟုတ်ပါဘူး MBA မရဘဲ အောင်မြင်နေတဲ့သူတွေလည်း အများကြီးပါ ပေါ်ပင် MBA ဘွဲ့လေးချိတ်ထားချင်ယုံနဲ့တော့ MBA မတက်ကြပါနဲ့။

မြန်မာပြည် မတိုးတက်ရခြင်း အကြောင်းရင်းတစ်ခုက လူငယ်တွေဟာ ကိုယ့်မှာရှိတဲ့ Talent ကို ကိုယ်တိုင်ဖော်ထုတ် အသုံးချဖို့ မကြိုးစားကြပဲ သူများလုပ်တာကိုပဲ လိုက်လုပ်ဖို့ ကြိုးစားတတ်ကြတာလည်း မအောင်မြင်ရခြင်း အကြောင်းတခုလို့ မြင်ပါတယ် ဘဝကို ရဲရင့်စွာ ရင်ဆိုင်ပါ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပါ။

ဘဝ ပြသနာတွေကို အဖြေရှာတဲ့အခါ မရိုးသားတဲ့နည်းတွေကို အသုံးပြုဖို့ မကြိုးစားပါနဲ့ ကိုယ့် Limit ကို ကိုယ်သိပါ နေရာတိုင်းမှာ ထူးချွန်သူဖြစ်ဖို့ မကြိုးစားပါနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ ကိုယ့် ပတ်ဝန်းကျင်ကို တန်ဖိုးထားပါ ကိုယ့် မိတ်ဆွေတွေကို တန်ဖိုးထားပါ ကိုယ်နေတဲ့ ကမ္ဘာကြီးကို ချစ်ပါ ကမ္ဘာကျော် ကွန်ဖူးမင်းသား Bruce Lee ရဲ့ အဆိုအမိန့်တစ်ခုကို မျှဝေလိုပါတယ်။

“Knowing is not enough
We must APPLY.
Willing is not enough
We must DO”

သိထားရုံလောက်နဲ့ မလုံလောက်သေးဘူး
အသုံးချကြည့်ရဦးမယ်
ဆန္ဒရှိရုံလောက်နဲ့လည်း မပြီးသေးဘူး
လုပ်ကြည့်ရဦးမယ်

ကိုယ့်မှာ လိုအပ်တဲ့ အသိတရားတွေကို များနိုင်သမျှ များအောင်လုပ်ပြီးဘဝ အတွက် အသုံးချကြရပါမယ်။

မိမိအနေနဲ့ MBA တက်ဖို့ လိုအပ်နေပီလားဆိုတာ အရင်ဆန်းစစ်ကြည့်ပီးမှ လေ့လာသင်ယူဆို့ အကြံပြုပါရစေ။

© Copyright 2022 | Developed By Impulse International.