မြန်မာနိုင်ငံအနေဖြင့် လွန်ခဲ့သည့် ၅နှစ်ခန့်လောက်က စပြီးမှသာ online သင်တန်းများကို ထဲထဲဝင်ဝင် ရင်းနှီးလာတာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေဖြင့် နည်းပညာအနည်းငယ် ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ Internet ရရှိမှု အနည်းငယ်ကျယ်ပြန့်လာပြီး ပညာရပ်အားလုံးနီးပါး အင်တာနက်ပေါ်မှ လေ့လာလို့ရတယ် ဆိုတာကို ယနေ့ခေတ် လူငယ်တွေ လက်လှမ်းမီလာကြတာဖြစ်ပါတယ်။
နည်းပညာဆိုင်ရာ ပညာရပ်များကို ကွန်ပျူတာတို့ အင်တာနက်တို့ စတဲ့ သင်ထောက်ကူ ပစ္စည်းတွေမပါဘဲ စာအုပ်ထဲတွင်သာ သင်ကြားခဲ့ကြရတဲ့ ကျောင်းသူ ကျောင်းသားများ အတွက်တော့ အင်တာနက်ပေါ်ကနေ လေ့လာလို့ရလာတာဟာ ကြီးမားတဲ့ အခွင့်အရေးတွေ ဖြစ်လာခဲ့ပါတယ်။
ယနေ့ခေတ်မှာတော့ online ပညာရေးဟာ မူကြိုအဆင့်မှ စပြီး Professional အဆင့်ထိ အရေးပါလာတာကိုတွေ့ရပါတယ်… ဒါကြောင့် online သင်တန်းအဆင့်တင် မဟုတ်ဘဲ အွန်လိုင်းဘွဲ့လွန် အွန်လိုင်းမာစတာ စတဲ့ Academic ပညာရပ်တွေကိုပါ အင်တာနက် ရှိရုံနဲ့ လေ့လာနိုင်နေပြီဖြစ်ပါတယ်…
Learning House Myanmar ဟာ ဆိုရင်လည်း တစ်ချိန်မှာ သင့်ပညာရေးအတွက် အရေးပါတဲ့ နေရာလေးတစ်နေရာ ဖြစ်လာပါလိမ့်မယ်…
ဒီနေရာလေးကို သင့်ကိုယ်ပိုင်စာကြည့်တိုက်လေးအဖြစ်လည်း အသုံးပြုနိုင်သလို သင့်တက်လမ်း အတွက် လှေခါးထစ်လေးတွေအဖြစ်လည်း အသုံးပြုနိုင်ပါတယ်…
LHM ဟာဆိုရင် Knowledge Based ကနေစပြီး Academic Based အထိ သင့်အတွက် အဆင်သင့်ရှိနေမယ့် နေရာလေးဖြစ်ပါတယ်…
ဒါဆိုရင်… online ပေါ်ကနေ ဘာတွေလေ့လာကြမလဲ?
Knowledge for Training ….. ဒီကဏ္ဍမှာတော့ အသက်အရွယ်အလိုက် နယ်ပယ်အလိုက် အွန်လိုင်းကနေ ဘာသင်တန်းတွေ လေ့လာလို့ရတယ် ဘာသင်တန်းတွေကနေ ဘယ်လို အတတ်ပညာတွေ သင်ယူနိုင်တယ် စသဖြင့် မိမိဝါသနာပါတာ မိမိပတ်ဝန်းကျင်အတွက် လိုအပ်တာ မိမိလုပ်ငန်းခွင်အတွက် လိုအပ်တာ စသဖြင့် မိမိ လက်လှမ်းမီတဲ့ နယ်ပယ်ကနေ မိမိ မသိသေးတဲ့ အသစ်အဆန်း ပညာရပ်တွေထိ လေ့လာပြီး သင့်တော်တဲ့ ပညာရပ်ကို ရွေးချယ် လေ့လာနိုင်ဖို့အတွက် option ပေါင်းမြောက်များစွာနဲ့ သင်တန်းတွေ ပညာရပ်တွေကို လေ့လာနိုင် ဖို့အတွက် သင်တန်းတွေအပြင် အဆိုပါသင်တန်းတွေရဲ့ အကျိုးအကြောင်းတွေကိုပါ တစ်နေရာထဲမှ တွေ့နိုင်မှာဖြစ်ပါတယ်…..
ဘယ်လိုပညာရပ်တွေလေ့လာနိုင်မလဲ?
ဒီနေရာမှာ Training Based နဲ့ Academic Based ဆိုပြီး ၂မျိုး ကွဲပါမယ်…
Training Based သင်တန်းတွေကတော့ Local Instructor တွေကနေ ကျွမ်းကျင်မှု ရှိအောင် သင်ကြားပေးတဲ့ သင်တန်းတွေဘဲ ဖြစ်ပါတယ်….
Academic Based သင်တန်းတွေကတော့ Local Instructor တွေဆီကနေ သင်ယူလေ့လာမယ် ၎င်းတို့ရဲ့ လမ်းညွှန်မှုတွေနဲ့အတူ International Exam တွေကို ဖြေဆိုပြီးတော့ International Certified တွေယူပြီး Professional လုပ်ငန်းခွင်တွေထိ ဆက်လက် တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်….
ဒါဆိုရင်တော့ ရွေးချယ်ရမှာက နယ်ပယ်တွေဖြစ်ပါတယ်…
ယေဘုယျအားဖြင့်တော့
- Language Field
- Management Field
- IT Field
- Vocational Field နဲ့
- Personal Development Field
…စတဲ့ နယ်ပယ်အသီးသီးမှာ မိမိ Specialized လုပ်ပြီး လေ့လာချင်တဲ့ ဘာသာရပ်တွေကို ရွေးချယ် သင်ယူရမှာဖြစ်ပါတယ်… ဆက်လက်ပြီးတော့လည်း ဘယ်နယ်ပယ်မှာ ဘယ်ဘာသာရပ်တွေက မိမိနဲ့ ကိုက်ညီတဲ့ ဘာသာရပ်တွေဖြစ်မလဲဆိုတာကို အသေးစိတ် မျှဝေပေးသွားမှာမို့ LHM ထဲကို လာရောက်လေ့လာကြပါအုံးနော်…
