Oxford တက္ကသိုလ် မှာ Bachelor Degree ရနိုင်မယ့် Full Scholarship

အထက်တန်းအောင်ပြီး UK မှာ ကျောင်းသွားတက်ချင်တဲ့ မြန်မာကျောင်းသား/သူတွေအတွက် ကျောင်းစရိတ်အပြင် နေထိုင်စားသောက်စရိတ်ပါ ထောက်ပံ့ပေးသွားမယ့် Ellison Scholars Program 2025 အကြောင်း မျှဝေပေးချင်ပါတယ်။ Scholarship ရွေးချယ်ခံရသူတွေဟာ ကမ္ဘာ့တိတယအဆင့်ရှိ ထိပ်တန်းတက္ကသိုလ် University of Oxford မှာ နှစ်သက်ရာ Undergraduate Course တစ်ခုကို စရိတ်ငြိမ်း သင်ယူခွင့်ရရှိမှာ ဖြစ်ပါတယ်။

Scholarship Organization – Ellison Institute of Technology (EIT)

Financial coverage: Fully Funded

Host Universities – University of Oxford (Course work), Ellison Institute of Technology (Project work)

Program Level: Undergraduate

Duration – 3 or 4 years

Deadline: January 1, 2025

Ellison Institute of Technology (EIT) မှာ အောက်ဖော်ပြပါ ပညာရပ်နယ်ပယ်နဲ့ သက်ဆိုင်တဲ့ ပရောဂျက်တွေကို လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် University of Oxford မှာ မေဂျာရွေးတဲ့အခါ ပရောဂျက်နဲ့ သက်ဆိုင်တဲ့ ဘာသာရပ်တွေကိုပဲ အဓိကလျှောက်ဖို့ အကြံပြုပါတယ်။

– Computer  Science

– Mathematics and Statistics

– Artificial Intelligence

– Robotics

– Machine Learning

– Chemistry and Chemical Engineering

– Plant  Sciences

– Biology and Molecular Biology

– Physics / Nuclear Physics

– Engineering

– Medicine

– Microbiology

Oxford တက္ကသိုလ်ရဲ့ Undergraduate Program များ

>> https://www.ox.ac.uk/admissions/undergraduate/courses/course-listing

Scholarship လျှောက်ထားလိုသူသည် –

– Oxford တက္ကသိုလ်ရဲ့ Undergraduate Course တစ်ခုခုကို လျှောက်ထားရပါမယ်။

– ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာသိပ္ပံ၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် သန့်ရှင်းသောစွမ်းအင်၊ ဆန်းသစ်တီထွင်မှုနှင့် ဉာဏ်ရည်တုတို့ ပါဝင်တဲ့ EIT ရဲ့ ပညာရပ်တွေနဲ့ ကိုက်ညီရပါမယ်။

– နည်းပညာပိုင်းကို သိနားလည်သူဖြစ်ရပါမယ်။

– အထက်တန်းပညာရေးမှာ အမှတ်ကောင်းသူဖြစ်ရပါမယ်။

– English Language Profiency ရှိရပါမယ်။

လိုအပ်တဲ့ စာရွက်စာတမ်းများ –

– CV

– UK အထက်တန်းအဆင့်နဲ့ ညီမျှတဲ့ ပညာရေးအောင်လက်မှတ် (IGSCE, SAT, ACT)

– English Language Certificate (IELTS or TOEFL)

– သက်တမ်းရှိ နိုင်ငံကူးလက်မှတ်

– UK ကို သွားဖို့ လိုအပ်တဲ့ စာရွက်စာတမ်းများ

အကျိုးခံစားခွင့် –

– ကျူရှင်စရိတ်

– နေထိုင်စားသောက်စရိတ်၊ လစဉ်ကြေး

– လေ့လာရေးခရီးစဉ်စရိတ်၊ လေယာဉ်လက်မှတ်ခ

– သင်‌ထောက်ကူပစ္စည်းထောက်ပံ့မှု

Scholarship ကို စိတ်ဝင်စားရင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့ နောက်ဆုံးထားပြီး အောက်ဖော်ပြပါ လင့်ခ်ကနေမှတဆင့် အွန်လိုင်းဖောင် လျှောက်ထားနိုင်ပါတယ်။

>> https://ellisonscholars.eit.org

University of Oxford ကနေ ပညာသင်ခွင့်ကမ်းလှမ်းချက်ကို လက်ခံရရှိသူတွေဟာ Ellison Scholars Program ရဲ့ ဆန်ကာတင်စာရင်းမှာ အလိုအလျောက် ပါဝင်သွားမှာဖြစ်ပြီး နောက်ဆုံးအဆင့်ရွေးချယ်မှုကိုတော့ EIT ဘက်မှ Interview စစ်ဆေးပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလမှာ အပြီးသတ် ဆုံးဖြတ်မှာဖြစ်ပါတယ်။ နောက်ဆုံးအဆင့် ရွေးချယ်ခံရသူတွေကတော့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှစပြီး University of Oxford မှာ လူအများအားကျရတဲ့ Learning Journey တစ်ခုစတင်နိုင်ပြီ ဖြစ်ပါတယ်။

Scholarship အကြောင်း >> https://eit.org/ellisonscholars/undergraduate-apply/

December 9, 2024
© Copyright 2022 | Developed By Impulse International.