ဒီနေ့ Digital ခေတ်ကြီးမှာ Personal Branding တည်ဆောက်ခြင်းက ရွေးချယ်စရာမဟုတ်တော့ဘူးနော် လိုအပ်စရာတစ်ခု ဖြစ်နေပါပီ။ ပညာရှင်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းရှင်ဖြစ်စေ၊ တီထွင်ဖန်တီးသူဖြစ်စေ၊ Personal Branding တည်ဆောက်ထားခြင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမှုရရှိစေပြီး၊ ကိုယ့်အရည်အချင်းကို ပြသစေနိုင်ကာ မှန်ကန်တဲ့အခွင့်အလမ်းတွေကို ဆွဲဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ မိမိကို ထင်ရှားစေမယ့် Personal Branding တည်ဆောက်ဖို့ ဒီအချက်တွေလိုအပ်ပါတယ်။
What is Personal Branding?
Personal Branding ဆိုတာ ကိုယ့်ကို ထူးခြားစေတဲ့အရာတွေကို သတ်မှတ်ပြီး မြှင့်တင်ပေးတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းအား၊ တန်ဖိုးထားမှု၊ ကိုယ်ရည်ကိုယ်သွေးနဲ့ အွန်လိုင်းပေါ်မှာရှိတဲ့ ပုံရိပ်တွေအပေါ် မူတည်ပြီး လူတွေက ကိုယ့်အကြောင်း ဘယ်လိုမျိုး မှတ်မှတ်ရရရှိကြသလဲဆိုတာကို ဖော်ပြတာဖြစ်ပါတယ်။ အားကောင်းတဲ့ Personal Brand တစ်ခုက ပြိုင်ဆိုင်မှုကြီးမားတဲ့ စျေးကွက်ထဲမှာ ကိုယ့်ကို သီးခြားခွဲထွက်စေမှာဖြစ်ပါတယ်။
Personal Branding တည်ဆောက်ရမည့်အဆင့်များ
- ကိုယ့်ရဲ့ ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်များကို သတ်မှတ်ပါ
ကိုယ့်ကိုယ်ကို အောက်ဖော်ပြပါမေးခွန်းတွေမေးပါ
- “ဘာကြောင့် ကိုယ်က နာမည်ရချင်တာလဲ?”
- “ဘယ်သူတွေဆီ ရောက်ရှိချင်တာလဲ?”
- “အနာဂတ်ရည်မှန်းချက်တွေကရော ဘာတွေလဲ?”
ကိုယ်ရဲရည်ရွယ်ချက်ကို ကိုယ်တိုင်နားလည်ခြင်းက အာရုံစူးစိုက်မှုရှိပြီး သဘာဝကျတဲ့ Personal Branding တစ်ခုကို တည်ဆောက်ဖို့ ကူညီပါလိမ့်မယ်။
- ကိုယ့်ရဲ့ ထူးခြားမှု Unique Value Proposition (UVP) ကို ဖော်ထုတ်ပါ
UVP (Unique Value Proposition) ဆိုတာ ကိုယ့်ကို အခြားသူတွေကနေ သီးခြားခွဲထုတ်ပေးတဲ့ အချက်ပါ။ ဒီအချက်တွေကို တွေးပါ
- သင့်ရဲ့ စွမ်းအားနဲ့ ကျွမ်းကျင်မှု
- စိတ်အားထက်သန်မှုနဲ့ ဝါသနာ
- တန်ဖိုးထားမှုနဲ့ ရည်မှန်းချက်
- ကိုယ့်ရဲ့ ပရိသတ်ကို လေ့လာပါ
ကိုယ့်ကို ထိန်းသိမ်းလိုတဲ့ ပရိသတ်နဲ့ လိုက်ဖက်အောင် ကိုယ့် Brand ကို ရေးဆွဲရပါမယ်။
- သူတို့ရဲ့ လိုအပ်ချက်နဲ့ စိန်ခေါ်မှု
- ကြိုက်နှစ်သက်တဲ့ ဆက်သွယ်မှုနဲ့ အကြောင်းအရာ
- သုံးနေတဲ့ ပလက်ဖောင်း
ကိုယ့်ပရိသတ်ရဲ့ အားနည်းချက်နဲ့ ရည်မှန်းချက်ကို ဖြေရှင်းနိုင်အောင် ကိုယ့်ကိုယ်ကိုပြင်ဆင်ပါ။
- အွန်လိုင်းပေါ်မှာ ကိုယ့် Brand က အဆက်မပြတ်ရှိနိုင်အောင်ကြိုးစားပါ
တိကျမှုက Personal Brand ရဲ့ အရေးကြီးဆုံးအရာပါ။ အောက်ပါ Social Media ပလက်ဖောင်းတွေမှာ သင့်ရဲ့ ပရိုဖိုင်၊ အသံ၊ ဓာတ်ပုံတွေကို တူညီအောင် ပြင်ဆင်ပါ
- ကိုယ်ပိုင်ဝက်ဘ်ဆိုက်
- Social Media (ဥပမာ Instagram, Twitter)
ကျွမ်းကျင်မှုကိုပြသတဲ့ Professional ဓာတ်ပုံတွေနဲ့ ပေါင်းစပ်ပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်တီထွင်မှုတွေ ကိုပြသပါ။
- တန်ဖိုးရှိတဲ့အရာတွေကို မျှဝေပါ
ပညာရှင်တစ်ဦးအဖြစ် သင့်ကို ရပ်တည်နိုင်စေမယ့် အကြောင်းအရာတွေကိုသာမျှဝေပါ
- သင့်နယ်ပယ်နဲ့ သက်ဆိုင်တဲ့ Blog ရေးခြင်း
- Social Media မှာ အကြံဉာဏ်တွေ မျှဝေခြင်း
- ဗီဒီယို၊ Podcast တိုင်းထွာခြင်း
ပရိသတ်ကို ဆွဲဆောင်နိုင်တဲ့ တန်ဖိုးရှိတဲ့ အကြောင်းအရာတွေကိုဘဲ တည်ဆောက်ပါ။
- ကိုယ့်ရဲ့ Social Media Network ကိုတည်ဆောက်ပါ
ကိုယ့်ရည်မှန်းချက်နဲ့လိုက်ဖက်တဲ့ လူနဲ့ အဖွဲ့အစည်းတွေကို ဆက်သွယ်ပါ
- စက်မှုလုပ်ငန်းအခမ်းအနား သို့မဟုတ် Webinar တက်ပါ
- Social Media မှာ အခြားသူရဲ့ အကြောင်းအရာနဲ့ တုန့်ပြန်ပါ
- ပရောဂျက်တွေပေါ်မှာ လက်တွဲလုပ်ပါ
Networking က ကိုယ့်ရဲ့နယ်ပယ်ကျယ်ပြန့်မှုနဲ့ ယုံကြည်မှုတည်ဆောက်နိုင်စေပါတယ်။
- သဘာဝကျပြီး တိုးတက်မှုရှိပါစေ
သဘာဝကျမှုဟာ အောင်မြင်တဲ့ Personal Brand ရဲ့ အခြေခံကျဆုံးအချက်ပါ။
ဘာလို့ Personal Branding လိုအပ်တာလဲ?
အားကောင်းတဲ့ Personal Branding က
- ယုံကြည်မှုကို တည်ဆောက်ပေးတယ်
- အခွင့်အလမ်းအသစ်တွေ ဖန်တီးပေးတယ်
- ပြိုင်ဆိုင်မှုကြီးတဲ့ စျေးကွက်ထဲမှာ ထင်ရှားစေတယ်
ကိုယ့်ရဲ့ ကိုယ်ပိုင် Brand အတွက် အချိန်ပေးခြင်းက ကိုယ့်ကိုသာ မြှင့်တင်ပေးခြင်းမဟုတ်ဘဲ၊ ကိုယ့်အမွေအနှစ်ကိုလည်း ဖန်တီးနေတာဖြစ်ပါတယ်။
