Prospect Burma ဆိုတာ ဘယ်လိုအဖွဲ့အစည်းမျိုးလဲ?
နှစ်(၃၀)နီးပါး မြန်မာနိုင်ငံက စွမ်းရည်မြင့်မားပြီး၊ communities တိုးတက်ဖို့အတွက် ပါဝင်လှုပ်ဆောင်ပေးချင်တဲ့ လူငယ်ကျောင်းသားတွေကို ပညာသင်ဆုအပြင်၊ အခြား program တွေကိုလည်း ထောက်ပံ့လာတဲ့ Prospect Burma ဟာဆိုရင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် Non-profit Organization တစ်ခုဖြစ်ပါတယ်။
Prospect Burma အနေနဲ့ မြန်မာကျောင်းသားတွေအတွက် လက်ရှိမှာဆိုရင် ပရိုဂရမ် (၃)ခုကိုလုပ်ဆောင်နေတာဖြစ်ပါတယ်။
Scholarship ပေးတဲ့ program ကတော့ Prospect Burma ရဲ့ အကြီးဆုံးပရိုဂရမ်တစ်ခုဖြစ်ပြီး၊ Access to learning လို့ခေါ်တဲ့ နိုင်ငံခြားကျောင်းသွားတက်ဖို့ မဖြစ်မနေပြင်ဆင်ရတဲ့ IELTS နဲ့ TOFEL အပြင်၊ computing skills and critical skills စတာတွေကိုလည်း Online ကနေလုပ်ဆောင်သင်တန်းပေးတာတွေလည်းရှိသလို၊ Change in the Community လို့ခေါ်တဲ့ Prospect Burma ပညာသင်ဆုနဲ့ကျောင်းသွားတက်ပြီး မြန်မာပြည် ပြန်ရောက်တဲ့အခါ အလုပ်အကိုင်အခွင့်အလမ်း ရှာပေးတာမျိုးအပြင် အခြားလိုအပ်တဲ့ Networks တွေကိုချိတ်ဆက် ကူညီပေးတာတွေလည်း လုပ်ဆောင်နေပါသေးတယ်။
ဒီ article မှာတော့ Prospect Burma ရဲ့ Scholarship Program အကြောင်းကို အဓိက ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်။
Prospect Burma Scholarship ကနေ ဘယ်လိုအခွင့်အရေး အကျိုးရလဒ်တွေ ရရှိနိုင်မလဲ?
Prospect Burma ကနေ Bachelor, Master, Ph.D level တွေအားလုံးအတွက် စာသင်နှစ်တစ်နှစ်စာ ကျူရှင်ခ၊ နေစရိတ်စားစရိတ်၊ ကျောင်းအသုံးအဆောင်တွေအတွက် ပေါင် (၄,၀၀၀) မြန်မာငွေ သိန်း (၁၀၀) ဝန်းကျင် ထောက်ပံ့တာပဲ ဖြစ်ပါတယ်။
တစ်နှစ်အတွက် ထောက်ပံ့ကြေးရလိုက်တဲ့ ကျောင်းသားအနေနဲ့ နောက်နှစ်တွေအတွက် တစ်နှစ်တစ်ခါ ထပ်မံလျှောက်ထားနိုင်ပါတယ်။ ကိုယ်က လက်ရှိတက္ကသိုလ် တစ်ခုခုမှာ Bachelor, Master, Ph.D တက်ရောက်သင်ကြားနေတဲ့ ကျောင်းသား၊သူ ဆိုရင်လည်း ဒီပညာသင်ဆုကို လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
ဒီပညာသင်ဆုမှာ အကန့်အသတ်တစ်ချို့တော့ ရှိပါတယ်။
ကျူရှင်ခနဲ့ နေစရိတ်၊စားစရိတ်မြင့်တဲ့ (ဉပမာ- Universities in North America, the UK, Europe, Australia, New Zealand, Japan or Korea) စတဲ့နိုင်ငံတွေမှာရှိတဲ့ တက္ကသိုလ်တွေ ဆိုရင်တော့ ဒီပညာသင်ဆုကို လျှောက်ထားလို့ မရနိုင်ပါဘူး။ လျှောက်ထားတဲ့ သူတွေအနေနဲ့ ဟောင်ကောင်နဲ့ အရှေ့တောင်အာရှ နိုင်ငံတွေထဲက ကောလိပ်၊ တက္ကသိုလ်တွေကို သွားတက်ဖို့ ဆိုရင်တော့ Scholarship ရဖို့ အလားအလာ ပိုများပါတယ်။ Prospect Burma Scholarship ကိုတော့ အောက်က မေဂျာတစ်ခုခုကို တက်ရောက်မဲ့ကျောင်းသား၊သူတွေကို အဓိက ရည်ရွယ်တာဖြစ်ပါတယ်။ ကျန်တဲ့မေဂျာ တစ်ခုခုအတွက် လျှောက်ထားလို့ရပေမဲ့ ရဖို့အခွင့်အလမ်း နည်းပါတယ်။
Prospect Burma Scholarship မှာဘယ်လိုဘာသာရပ်တွေ အကျုံး၀င်လျှောက်ထားနိုင်မလဲ?
Prospect Burma Scholarship ရဲ့ အရမ်းကောင်းမွန်တဲ့အချက်ကတော့ တစ်နှစ်ကို မြန်မာကျောင်းသားများအတွက် သီးသန့် ပညာသင်ဆုပေါင်း ၈၀၊ ၉၀ ထိ ပေးအပ်တာဖြစ်ပါတယ်..။ ဒါဟာ တခြားသော ပညာသင်ဆုတွေအထက် အတော်များတဲ့ပမာဏဖြစ်ပါတယ်။ ဒီဆုတွေမှာတော့ ပညာသင်ဆုရရှိတဲ့ကျောင်းသားအသစ်တွေနဲ့ တက်လက်စ ကျောင်းသားတွေအတွက်ဖြစ်ပါတယ်။
Prospect Burma Scholarship ရဲ့ အရမ်းကောင်းမွန်တဲ့အချက်ကတော့ ဘာသာရပ်တော်တော်များများကို လျှောက်ထားရရှိနိုင်တာဖြစ်ပါတယ်။ လျှောက်ထားနိုင်တဲ့ဘာသာရပ်တွေကို ဦးစားပေးနှင့်သာမန်ဘာသာရပ်တွေဆိုမျိုး ၂ မျိုးခွဲထားပေးပါတယ်။
- PRIORITY SUBJECT AREAS
- Information and Digital Technology / Computer Science
- Ecology, Environmental, Water and Sustainability studies, Maritime conservation
- Public Administration, Policy and Governance
- Engineering and Infrastructure
- Law
- Finance, Accounting and Compliance
- Education for disabled people
- Mental Health and Psychology
- History and cultural studies
- Conflict/Peace studies
- Public Health
- Urban Planning and Architecture
- Journalism
- Other Subjects
- Education
- Communications
- HR Management / Organizational Development
- Nursing
- Pharmacy
- Medical Technology / Medical Imaging / Radiology
- Microbiology and Diagnostics
- MBBS (in exceptional circumstances)
- Responsible Tourism
Prospect Burma Scholarship လျှောက်မယ်ဆိုဘာတွေပြင်ထားရမလဲ?
Prospect Burma ပညာသင်ဆုလျှောက်မယ်ဆိုရင်တော့ အဆင့်မြင့်ပညာဆက်သင်ယူဖို့ ဆန္ဒပြင်းပြနေသူဖြစ်ရပြီး၊ ပညာသင်စရိတ်အတွက် မထောက်ပံ့နိုင်တဲ့၊ ငွေကြေးမတတ်နိုင်တဲ့ မိသားစုကနေ ဆင်းသက်လာသူ ဖြစ်ရပါမယ်။ နောက်ဆုံးအနေနဲ့ကတော့ ကိုယ်က ကျောင်းပြီး သွားတဲ့အခါ မြန်မာနိုင်ငံကိုပြန်လာပြီး community development အတွက် အားတက်သရော ပါဝင်နိုင်ဖို့ လိုပါမယ်။ ဒီပညာသင်ဆုလျှောက်ဖို့အတွက်ဆိုရင်တော့ ကိုယ့်မှာ strong academic record or performance ရှိဖို့လိုအပ်ပါမယ်။
ကိုယ်တက်နေတဲ့ (သို့) ပြီးသားတဲ့ ကျောင်း၊တက္ကသိုလ်ရဲ့ အမှတ်စာရင်း Grade transcript (high school and/ or university, GED or equivalent certificates) တစ်ခုခု၊ Master level အတွက် ဆိုရင်တော့ ဘွဲ့လက်မှတ်တစ်ခုခု၊ ကိုယ့်ရဲ့ Academic or professional တွေဆီကနေ recommendation letters နှစ်စောင်လည်း ပြင်ထားရမှာဖြစ်ပါတယ်။ Prospect Burma scholarship ကိုလျှောက်ချင်တဲ့ ကျောင်းသား၊သူတွေအနေနဲ့ ကိုယ်သွားတက်မဲ့ကျောင်းရဲ့ ဝင်ခွင့်ရအောင် အရင်လျှောက်ထားရမှာ ဖြစ်ပါတယ်။
အကယ်၍ဝင်ခွင့်မလျှောက်ရသေးရင်တောင် ဘယ်အချိန်မှာတော့ လျှောက်ဖို့ ပြင်နေပါတယ်၊ ဘယ်တက္ကသိုလ်ကိုလျှောက်မယ် ဆိုတာကို Interview မှာသေချာ ပြောပြနိုင်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ကိုယ့်အနေနဲ့ ကိုယ်သွားတက်မဲ့ တက္ကသိုလ်၊ ကောလိပ်ဝင်ခွင့်အတွက် IELTS (or) TOFEL တစ်ခုခုပြင်ထားတာမျိုးဆိုရင်လည်း ပညာသင်ဆုလျှောက်တဲ့အခါပြဖို့လည်း လိုအပ်ပါမယ်။ ဒီပညာသင်ဆုကိုတော့ လက်ရှိ မြန်မာနိုင်ငံမှာ နေထိုင်ပြီး၊ မြန်မာနိုင်ငံသားဖြစ်နေဖို့တော့ လိုပါမယ်။
ဘယ်လိုလျှောက်လို့ရနိုင်မလဲဆိုရင်တော့ အောက်က ပေးထားတဲ့ လင့်ကနေမှတစ်ဆင့် Website ထဲဝင်ပြီး လာမဲ့ဒီဇင်ဘာ တစ်ရက်နေ့ကစပြီး လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
https://prospectburma.org/students/
Application Periods: 1 December 2021 to 31 January 2022
