များသောအားဖြင့် Self-Study လေ့လာသူအများစုဟာ Intermediate Level ဝန်းကျင်မှာရှိနေတတ်လို့ ကျွန်တော် လေ့လာဖူးတဲ့ပုံစံနဲ့ အသုံးဝင်မယ်ထင်တဲ့ resources တွေကိုမျှဝေပေးလိုက်ပါတယ်။
လေ့လာနည်းတွေကတော့ တစ်ဦးနဲ့တစ်ဦး learning environment, background, style စတာတွေမတူတဲ့အတွက် အတိအကျအဆင်ပြေချင်မှပြေပါလိမ့်မယ်။ ကိုယ်နဲ့ကိုက်ညီမယ်ထင်ရင် ဒီနည်းလေးတွေသုံးကြည့်ပါ။
Learning Tips
Informally & Formally လေ့လာကြည့်ပါ။
Informal Learning အတွက်
English Language နဲ့အမြဲထိတွေ့လို့ရမယ့် Environment (Virtual Environment) တည်ဆောက်ပါ။ စိတ်ဝင်စားတဲ့ TED Talk တွေရှာနားထောင်ပါ။ စိတ်ဝင်စားတဲ့ English Movies (e.g. Sherlock Holmes) တွေကြည့်ပါ။
British Council ရဲ့ Learn English Podcast လေးတွေနားထောင်ပါ။ ပထမ နားမလည်ရင် Transcript နဲ့နားထောင်ကြည့်ပါ။
Social Media တွေမှာပဲဖြစ်ဖြစ်၊ Google ကနေပဲဖြစ်ဖြစ် Reader’s digest, Times, Insider စတဲ့ သတင်းဌာနတွေကို Follow လုပ်ပြီးနားလည်သလောက်လေးဖတ်ကြည့်ပါ။
ကျန်တဲ့ ကိုယ်စိတ်ဝင်စားတဲ့၊English Language နဲ့ပတ်သက်တာတွေအကုန်လုပ်ပါ။ ဥပမာ- Novel တွေ၊ Short stories တွေဖတ်တာပဲဖြစ်ဖြစ်။
OALD ကဲ့သို့သော English – English Language Dictionary အမြဲကြည့်ပါ။ နမူနာစာကြောင်းတွေဖတ်ပါ။ အသံထွက်တွေနားထောင်ပြီးလိုက်ပြောကြည့်ပါ။
Self-Study လုပ်မယ်ဆို၊ အခုLevel အရ Intermediate or Upper-Intermediate Level Global Coursebook (ဥပမာ- Interchange, Straightforward စသဖြင့်) တစ်ခုခုကိုရွေးပြီး တစ်နေ့ကို အနည်းဆုံး ၂နာရီခန့်သီးသန့်အချိန်ပေးလေ့လာပါ။ ဖြစ်နိုင်ရင် ကိုယ့်ကို Feedback ကောင်းကောင်းပေးနိုင်မည့် ဆရာ၊ဆရာမဆီမှာ Writing Feedback ရယူပါ။
Learning Resources
အသုံးဝင်မယ့် Sites တွေကို Skill တစ်ခုချင်းစီအလိုက်စုပေးထားပါတယ်။
LISTENING
Listening အတွက်ဆိုရင်တော့
Free Listening (ပေါ့ပေါ့ပါးပါး နားလည်သလောက်ကိုပဲနားထောင်ပါ။) အနေနဲ့ BBC World Service၊ နဲ့ TED talks တွေအမြဲနားထောင်ကြည့်ပါ။
https://play.google.com/store/apps/details?id=com.bbc.sounds
https://play.google.com/store/apps/details…
Focused Listening (အသေးစိတ်နားလည်အောင်နားထောင်ကြည့်ပါ၊ နားမလည်တာတွေကို repeat လုပ်ပြီးနားထောင်ပါ) အနေနဲ့ Learn English Podcast, VoA learning English, BBC Podcast စတာတွေကိုနားထောင်ပါ။ လွတ်သွားတဲ့နေရာလေးတွေထပ်ဖန်တလဲလဲနားထောင်ခြင်းအားဖြင့်လည်း၊ English Language ရဲ့ စကားလုံး link ချိတ်ပုံ၊ အဆုံးသတ်ထွက်ပုံလေးတွေနားလည်လာနိုင်ပါတယ်။
https://play.google.com/store/apps/details…
SPEAKING
Speaking & writing နဲ့ဆိုင်တဲ့ Vocabulary တွေတိုးချင်ရင်တော့ quizlet.com မှာ စိတ်ဝင်စားတဲ့ Topic အလိုက်ပဲဖြစ်ဖြစ်၊ Level အလိုက်ပဲဖြစ်ဖြစ် (e.g. Vocabulary for Intermediate Level) ရိုက်ရှာပြီး လေ့လာလို့ရပါတယ်။
Speaking အတွက်ဆို English Speaking Success ဆိုပြီး YouTube မှာရှာပြီး လေ့လာဖို့လည်း recommend လုပ်ပါတယ်။
Website Link ကတော့ https://keithspeakingacademy.com/
Speaking Skills တိုးတက်အောင် များများပြောချင်တယ်။ အတူတူပြောမယ့်သူလဲမရှိဘူးဆိုသူတွေအတွက် Speaking Partner (Robot) လေးရှိပါတယ်။ သူမေးတာလေးတွေဖြေပြီး ကိုယ့်ရဲ့ Level ကိုလည်းသိနိုင်ပါတယ်။ Software ဖြစ်တာကြောင့် သူပြောတဲ့ level ကိုအတည်ယူလို့တော့မရပါဘူး။
It’s just for practice! ပါ။ ကျွန်တော်တော့ စမ်းကြည့်ပြီး သဘောကျလို့ ပြန်မျှဝေပေးတာပါ။
https://speakandimprove.com/
နောက်တစ်ခုအနေနေ၊ ကိုယ့်ရဲ့ pronunciation ကိုအဓိကတိုးတက်အောင် အနီးကပ် Coach တစ်ယောက်လို အတူလေ့ကျင့်ပေးမယ့် Application ကတော့ ELSA Speak ပါ။ လက်ရှိ Speaking အတွက်အကောင်းဆုံး AI app လို့ပြောလို့ရပါတယ်။
100% Customer Satisfied Review ရထားပါတယ်။ App ဖြစ်လို့သက်ဆိုင်ရာstore တွေကနေ download လုပ်ပြီး သုံးကြည့်ပါ။
အောက်ပါ sites တွေမှာရော Speaking Practice လုပ်လို့ရပါတယ်။
- www.italki.com
- ww.cambly.com
- www.conversationexchange.com
READING
Reading ကောင်းဖို့ဆိုရင်တော့ စာများများဖတ်ဖို့လိုပါတယ်။
စိတ်ဝင်စားတဲ့ Short-stories, Novel, Cartoon စတာတွေအစုံဖတ်ပါ။ အစပိုင်းမှာ Graded Readers၊ Retold Book တွေအရင်ဖတ်ကြည့်ပါ။ Telegram Channel တွေမှာ Free download ရအောင်လုပ်ပေးထားတာတွေရှိပါတယ်။
ဒါ့အပြင် သတင်းစာတွေကိုဖတ်ပါ။ သတင်းတွေဖတ်ထားရင် Discussion လုပ်တဲ့အခါတွေမှာလည်းအသုံးဝင်ပါတယ်။အောက်က သတင်းစာတွေကတော့ နာမည်ကြီးပါတယ်။
- The Independent
- The Guardian
- The New York Times
- The Age
- Reader’s digest
နောက်တစ်ခုကတော့ ကိုယ်က Academic အရေးသားကိုလေ့လာချင်တယ်၊ ဗဟုသုတရချင်တယ်ဆိုရင်တော့ Encyclopedias တွေကိုဖတ်တာပါ။ သူ့မှာဆိုရင် ပါတဲ့အကြောင်းအရာတွေက Academic ဖြစ်တယ်၊ နောက်ပြီးသူ့ရဲ့ difficulty level ကလည်း မလွယ်လွန်း၊ မခက်လွန်းအနေအထားမှာရှိပါတယ်။
https://www.encyclopedia.com ကနေဝင်ပြီး Free ဖတ်လို့ရပါတယ်။
Google ကနေစာတွေဖတ်တဲ့အခါ ဖတ်ထားတဲ့စာတွေကို Highlight လုပ်တာ၊ notes ထုတ်တာ၊ တူရာလေးတွေစုပြီးသိမ်းထားတာ စတာတွေလုပ်လို့ရတဲ့ annotation tool ပါ။
https://www.diigo.com/
WRITING
Writing အတွက်ဆို Cambridge ရဲ့ Free learning tool ဖြစ်တဲ့ www.writeandimprove.com မှာ လေ့ကျင့်လို့ရပါတယ်။ Usage အမှားတွေကို Feedback ပေးပေးပါတယ်။ လေ့ကျင့်စရာ Topic တွေလည်းအစုံပါပါတယ်။
Vocabulary
Vocabulary လေ့လာဖို့အတွက်ဆိုရင် Oxford Dictionary လေးဆောင်ထားစေချင်ပါတယ်။ (OALD) Mobile Application ကို download ချင်ရင် ဒီ link ကနေ download ပါ။ အဲ့ဒီထဲမှာဆိုရင် Favorite Section မှာ သက်ဆိုင်ရာ Topic အလိုက် တူရာ လေးတွေစုပေးထားပါတယ်။ ပြီးရင် အသုံးများတဲ့ စကားလုံးတွေဆိုရင် Collocation လေးေတွပေးထားတဲ့အတွက် တကယ်အဆင်ပြေပါတယ်။ ကျွန်တော် English စာကို self-study လုပ်စအချိန်ကစလို့ ဒီနေ့အချိန်အထိ ကျွန်တော့်ရဲ့ လက်စွဲတော်ပါ။
Link for OALD 10th Edition
https://drive.google.com/…/1bBML…/view
Vocabulary in Use ကိုမှ Level အလိုက် Course book တွေကို လေ့လာချင်တယ်ဆိုလည်း၊ စာအုပ်ဆိုင်တော်တော်များများမှာ အလွယ်ဝယ်ယူလေ့လာလို့ရပါတယ်။
Grammar
Grammar နဲ့ပတ်သက်ရင်တော့ အသေးစိတ်လေ့လာချင်တယ်ဆိုရင်တော့ English Grammar in Use series လေးတွေ recommend လုပ်ပါတယ်။ အသေးစိတ်လေ့လာတာမျိုးမဟုတ်ဘဲ ကိုယ်သိချင်တာလေးကိုပဲ ရွေးပြီးကြည့်ချင်တယ်၊ လိုတဲ့အချိန်မှပဲ သိချင်တာလေး ရှာကြည့်ချင်တယ်၊ ကိုယ်သုံးတာမှားလားမှန်လား Consult လုပ်ချင်တယ်ဆိုရင်တော့ Oxford Practical English Usage (PEU) ကို recommend လုပ်ပါတယ်။ Mobile App အနေနဲ့လိုချင်ရင်တော့ ဒီ link ကနေ download ပါ။
Links for PEU
https://drive.google.com/…/1SGcGynYmiY4sAp9x7LfkMo…/view
or
http://www.mediafire.com/…/Practical+English+Usage+1.0…
နောက်ဆုံးအနေနဲ့ကတော့ Language တစ်ခုကို သင်ယူတဲ့အခါ Commitment ကအရေးကြီးပါတယ်။ နည်းစနစ်မှန်မှန်နဲ့ ရေရှည် စွဲစွဲမြဲမြဲ လေ့လာသူတွေသာ မိမိလိုချင်တဲ့ level တစ်ခုကိုရောက်နိုင်ပါလိမ့်မယ်။ သို့ပေမယ့် ရေရှည်လေ့လာဖို့ဆိုရင်လည်း မိမိအနေနဲ့ လေ့လာနေရတာကို ပျော်နေဖို့၊ လေ့လာနေရတာကြီးကို ငြီးငွေ့စရာတစ်ခုအဖြစ်မမြင်ဖို့လိုပါတယ်။ ဒါကြောင့် လေ့လာတဲ့အခါအမြဲ ကိုယ်စိတ်ပျော်တဲ့အရာကိုလည်းလေ့လာပါ၊ ကိုယ်တကယ်တော်ဖို့လိုတဲ့အရာကိုလည်းလေ့လာပါ။ များများလေ့ကျင့်ရင်း များများတိုးတက်ကြပါစေ။
