IELTS ဆိုတာဘာလဲ?
IELTS ရဲ့ အရှည်ကောက်က International English Language Testing System ဖြစ်ပါတယ်။ IELTS ဟာကမ္ဘာတစ်ဝှမ်းမှ အဖွဲ့အစည်း တစ်သောင်းကျော်ရဲ့ အသိအမှတ်ပြု အင်္ဂလိပ်စာ ကျမ်းကျင်မှုကို စစ်ဆေးတဲ့ စာမေးပွဲတစ်ခုဖြစ်ပါတယ်။
𝐈𝐄𝐋𝐓𝐒 ကို ဘယ်သူတွေ ဖြေသင့်လဲ?
နိုင်ငံခြားကို ကျောင်းလျှောက်တဲ့အခါဖြစ်ဖြစ်၊ အလုပ်လျှောက်တဲ့အခါဖြစ်ဖြစ် IELTS အမှတ်ကို မဖြစ်မနေပြရပါတယ်။ အဲ့အတွက်ကြောင့် အင်္ဂလိပ်ဘာသာစကားအသုံးပြုတဲ့ တက္ကသိုလ် (သို့) အလုပ် လျှောက်ဖို့ ပြင်ဆင်ထားတဲ့သူမှန်သမျှ IELTS ဖြေဆိုထားသင့်ပါတယ်။
IELTS အမျိုးအစား
IELTS မှာ Academic နဲ့ General Training ဆိုပြီးအမျိုးအစား ၂မျိုးရှိပြီး ကိုယ်ဖြေဆိုတဲ့ ရည်ရွယ်ချက်အပေါ် မူတည်ပြီးတော့ ရွေးချယ်ဖြေဆိုရမှာဖြစ်ပါတယ်။
Academic ကတော့ အင်္ဂလိပ်စကား အဓိကအသုံးပြုမယ့် နိုင်ငံနဲ့ အင်္ဂလိပ်ဘာသာရပ်နဲ့ပဲသင်မယ့် နိုင်ငံခြား တက္ကသိုလ်တွေမှာ ကျောင်းတက်လိုသူတွေအတွက် ဖြစ်ပါတယ်။
General Training ကတော့ အင်္ဂလိပ်စကား အဓိက အသုံးပြုတဲ့ နိုင်ငံတွေမှာ အလုပ်လုပ်ကိုင်လိုသူများနဲ့ နိုင်ငံရွှေ့ပြောင်းနေထိုင်လိုသူများ အတွက်ဖြစ်ပါတယ်။
အထက်ပါ Module နှစ်ခုက Test Format တွေမှာ အနည်းငယ် ကွာခြားပါတယ်။ Listening နှင့် Speaking ပိုင်းမှာတော့ တူညီပြီး Reading နှင့် Writing ပိုင်းမှာ အကြောင်းအရာကွဲပြားပါတယ်။
အမှတ်ပေးတဲ့ 𝐒𝐲𝐬𝐭𝐞𝐦
IELTSရဲ့ အမှတ်ပေးတဲ့ System က 9 Band Scale အပေါ် အခြေခံပြီး ကိုယ့်ရဲ့ စုစုပေါင်းအမှတ်က ၁-၉ အတွင်း ရရှိမှာဖြစ်ပါတယ်။ ကိုယ်ဖြေထားတဲ့ Test (၄) ခုအပေါ်မူတည်ပြီးတော့ ပျှမ်းမျှအမှတ် (Band Score) ထုတ်ပေးမှာ ဖြစ်ပါတယ်။
𝐁𝐚𝐧𝐝 𝐒𝐜𝐨𝐫𝐞 ဘယ်လောက်ရဖို့လိုလဲ?
နိုင်ငံခြား တက္ကသိုလ်အများစုကတော့ ကျောင်းလျှောက်တဲ့အခါမှာ အနိမ့်ဆုံး ရရှိရမယ့် Minimum Band Score က 6 – 7 သတ်မှတ်ထားပါတယ်။
တစ်ကျောင်းနဲ့ တစ်ကျောင်း သတ်မှတ်ထားတဲ့ Band Score တွေကတော့ မတူပါဘူး။ ကိုယ်လျှောက်တဲ့ တက္ကသိုလ်ပေါ်မှာ မူတည်ပါတယ်။
𝐈𝐄𝐋𝐓𝐒 က ဘာလို့ အရေးကြီးတာလဲ?
နိုင်ငံခြား တက္ကသိုလ်တွေမှာ Undergraduate နှင့် Postgraduate Program တက်ရောက်လိုသူများအတွက် ကျောင်းလျှောက်တဲ့အခါမှာ ကိုယ့်ရဲ့ IELTS Band Score ကအလွန်အရေးကြီးပါတယ်။
နိုင်ငံခြား သွားရောက် အလုပ်လုပ်ကိုင်လိုသူများ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ကိုင်လိုသူများအတွက်လည်း IELTS ဟာ အလုပ်အခွင့်အလမ်းများစေပြီး career advancement အတွက်လည်း အလွန် အထောက်အကူဖြစ်ပါတယ်။
IELTS ဘယ်ချိန် ဖြေလို့ရလဲ
ပုံမှန်အားဖြင့် မြန်မာနိုင်ငံမှာ IELTS exam ကို၁လ ၂ကြိမ် ပြုလုပ်ပါတယ်။ ကိုယ်အဆင်ပြေတဲ့ Date ကို ရွေးချယ်ပြီး ဖြေဆိုနိုင်ပါတယ်။
IELTS ဘယ်မှာ ဖြေလို့ရလဲ?
မြန်မာနိုငိငံမှာတော့ ရန်ကုန်နဲ့ မန္တလေးမှာပဲ ဖြေလို့ရပါတယ်။
IELTS Result သိရဖို့ဘယ်လောက်ကြာလဲ
Exam ဖြေပြီး နှစ်ပတ်အကြာမှာ ကိုယ့်ရဲ့ Band Score ဘယ်လောက်လဲဆိုတာ ရင်ခုန် လို့ရပါပြီ
IELTS ဘယ်နှခါဖြေလို့ရလဲ
IELTS Exam ဆိုတာ ဘဝမှာ တစ်ခါပဲ ဖြေခွင့်ရတဲ့ exam မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ IELTS ကိုဘယ်နှခါပဲ ဖြေရမယ်လို့ သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဒါကြောင့် ကိုယ်လိုချင်တဲ့ result မရမချင်း ဖြေလို့ရပါတယ်။
စာမေးပွဲကြေးဘယ်လောက်လဲ
အမေရိကန် ဒေါ်လာ 229 USD ဖြစ်ပါတယ်။
IELTS Exam Certificate က တစ်သက်လုံးအသုံးပြုလို့ရလား?
(၂) နှစ်ပဲအတွင်းပဲ အသုံးပြုလို့ရပါတယ်။ (၂) နှစ် ကျော်ရင် သက်တမ်းကုန်ပြီး အသုံးပြုလို့ မရတော့ပါဘူး။ ဥပမာ – ကိုယ်က 8 April, 2021 မှာ ဖြေထားရင် 8 April, 2023 မှာ Expire ဖြစ်ပြီး အသုံးပြုလို့ မရတော့ပါဘူး။
