Sim Card Cloning ( ဆင်းကဒ် ပွားခြင်း )

Sim Card ကို Clone တဲ့နေရာမှာ
Real sim and Virtual Sim ဆိုပြီး နှစ်မျိုးရှိပါတယ် ။ Real sim ပြုလုပ်ရင်
ဒီနံပါတ်အတိုင်းပဲ Sim ပွားလိုက်တာမျိုးဖြစ်ပြီး ဒီလိုလုပ်ခြင်းက ငွေကုန်ကြေးကျများမယ် နောက်ပြီး Risks ပိုများပါတယ်။
ဒါကြောင့်မို့ Virtual Sim ကိုပဲ လုပ်ကြတာများပါတယ်
သူက Footprint မကျန်နိုင်လို့ပါ။
Virtual Sim ကိုဘယ်လိုလုပ်ကြတာလဲ ?
Virtual Sim လုပ်တဲ့နေရာမှာ ကိုယ်တိုင် လုပ်မလား ဒါမှမဟုတ် လုပ်ပေးသူကို အပ်မလား ကိုယ်တိုင်လုပ်ဖို့ဆိုရင်မလွယ်ကူပါဘူးဒါကြောင့် တခြားသူကိုလုပ်ခိုင်းကြတာများပါတယ်
ကုန်ကျစရိတ်ကလည်း ဒေါ်လာ $1000 အထက်ရှိပါတယ်
Virtual Sim ကဒ်လုပ်ပေးနိုင်တဲ့ Website တွေရှိပါတယ် ဒီလိုတွေလုပ်တာကတော့ Cyber လောကမှာကောကျွမ်းကျင်ပြီး ပေါက်ကရတွေကလိတက်ကြတဲ့နေရာမှာပါ တစ်ဖက်ကမ်းခတ်နေကြတဲ့ India made Website တွေမှာပါ ကိုယ်တွေ့ဖူးတဲ့ Website တစ်ခုရှိပါတယ်
မဖော်ပြပေးတော့ပါဘူး
အဲ့ website မှာ Clone ပေးနိုင်တဲ့ Sim တွေကတော့
(Vodafone Idea (Vi) , Airtel , Jio , BSNL , Ooredoo , Telenor ) ထူးဆန်းတာက Ooredoo Sim ပါနေတာပါ …( အခုဖြစ်နေတာကလည်း Ooredoo Sim နဲ့ဆိုင်နေတာဆိုတော့ ဆက်ဆက်ပြီးတွေးမိလို့ပါ ) Website ထဲ ၀င်လိုက်တာနဲ့ အကောင့်ဖွင့်ရပါမယ် ပြီးရင်တော့ကျွန်တော်တို့ကို Payment တစ်ခုနဲ့ ငွေလွှဲဖို့ပြောပါလိမ့်မယ် Visa,…အစရှိသ၍ပေါ့ ငွေပမာဏက ( $1000 မှ $1500 ) ကြားရှိပါတယ် မြန်မာငွေနဲ့တွက်ရင်တော့ နည်းတဲ့ပမာဏမဟုတ်ပါဘူး ။ သူတောင်းတဲ့ငွေအမောင့်အတိုင်းလွှဲပေးရမှာဖြစ်ပြီး ခဗျားက ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဘယ်သူမှသိမှာမဟုတ်သလို သူတို့ဘက်က ဘယ်သူတွေဘယ်ဝါတွေဆိုတာလဲ ခင်ဗျားသိရမှာမဟုတ်ပါဘူး Transaction ကိစ္စ ပြီးရင်တော့ ပြေစာတောင်းခံလာပါလိမ့်မယ် ပြေစာပေးပို့ပြီးတာနဲ့ ၈ နာရီအတွင်း သူတို့ဘက်ကနေ ခင်ဗျားရဲ့ Email လိပ်စာထဲကို private Link တစ်ခုရယ် Username and Password ရယ်ပေးပို့လာမှာဖြစ်ပါတယ် ဒီ Link ကို၀င်ပြီး username နဲ့ password ထည့်လိုက်တာနဲ့
ခဗျားက Virtual Sim တစ်ခုကိုပိုင်ဆိုင်လိုက်ပါပြီ Real Sim ထဲ၀င်သမျှ SMS မှန်သမျှက ခဗျားရဲ့ Virtual Sim web page ထဲရောက်လာကြမှာဖြစ်ပါတယ် ဒီလိုနည်းနဲ့ပဲ
KBZ PAY APP ကနေ OTP Request လုပ်ကြတယ် Virtual Sim ထဲကိုတော့ OTP ရောက်လာမယ် ဒီ OTP နဲ့ပဲ ခဗျားရဲ့ KBZ အကောင့်ထဲ၀င်ကြမယ် ပြီးရင် ခင်ဗျားရဲ့ Pay ထဲက ငွေသားတွေကို တခြားအကောင့်တွေကို ရွှေ့ပြောင်းကြတယ်…. ( Digital Payment System Burglary )
ဒါက KBZ Pay App ရဲ့ Security Weak မဟုတ်ပဲ Sim Card ကို Clone လုပ်လို့ရနေတဲ့အချက်ကြောင့်လို့ တက်အက်ပြောလို့ရနိုင်ပါတယ်
( Hack တယ်ဆိုတိုင်းလည်း နည်းပညာတွေတအားကျွမ်းကျင်နေလို့လို့ မထင်ကြစေချင်ဘူး ၊ ပိုက်ဆံနည်းနည်းလေးများရှိရင် ကိုယ်မထင်ထားတာတွေတောင်ဖြစ်လို့ရတယ် )
January 6, 2025
© Copyright 2022 | Developed By Impulse International.