Social Media ပေါ်မှာ အလုပ်ရှာနည်း

Social Media နဲ့မကင်းကြတဲ့အခုခေတ်ကြီးမှာ တခြားသောအကျိုးမရှိတဲ့အရာတွေနဲ့ Social Media ပေါ်မှာအချိန်ကုန်မယ့်အစား Social Media ကနေတဆင့် ကိုယ့်အတွက်အကျိုးရှိရာကို ရှာတတ်မယ်ဆိုရင် အများကြီးအကျိုးရှိစေမှာပါ။ အဲဒါအပညင် နည်းပညာနဲ့ပတ်သက်သမျှ၊ သင်ခန်းစာယူသင့်တာ၊ သင်တန်းတွေ အစရှိသမျှကို လေ့လာစရာတွေအများကြီးရှိပါတယ်နော်။ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း လွယ်လွယ်နဲ့ရှာလို့ရလာနိုင်ပါတယ်။ (အလိမ်အညာမမိအောင်တော့ သေချာသုံးသပ်နိုင်ဖို့လိုတာပေါ့) အဲဒါကြောင့် တခြားသောအကျိုးမရှိတဲ့အရာတွေနဲ့ Social Media ပေါ်မှာအချိန်ကုန်မယ့်အစား ပေါ်မှာ အလုပ်ရှာနိုင်ပြီး ကိုယ့်ရဲ့အရည်အချင်းကိုဖော်ပြနိုင်မယ့်နည်းလမ်းလေးတွေကို လက်လှမ်းမီသလောက်ဖော်ပြလိုက်ပါတယ်။

၁) အလုပ်ခေါ်စာတင်သော group တွေထဲဝင်ဖတ်ပါ။

အလုပ်ခေါ်စာတင်တဲ့ facebook group တွေမှာသက်ဆိုင်ရာအလုပ်ပေါင်းစုံအလွယ်ဆုံးနည်းလမ်းနဲ့ရှာနိုင်ပါတယ်။ တချို့အလိမ်အညာတွေကိုတော့ သေချာသုံးသပ်ပြီးရှောင်နိုင်ဖို့လိုပါတယ်။ အလုပ်တော်တော်များများကလည်း အဲဒီလို့ ဖေ့ဘုတ်ဂရုတွေမှာ တင်ရတာ လွယ်ကူတာမို့ အလုပ်ပေါင်းစုံကို တစ်နေရာထဲ မြင်နိုင်ပါတယ်။

၂) Social Media ပေါ်မှာ ကိုယ့်ရဲ့ Skill ကိုလက်စွမ်းပြပါ။

နောက်တစ်ခုကတော့ ကိုယ့်ရဲ့ဖေ့ဘုတ်အကောင့်မှာ ကိုယ့်ရဲ့ လက်ရာကိုတဆင့်ပြန်ရှယ်ပေးတာမျိုးလုပ်ကြည့်ပါ။ ဒါကတော့ ကိုယ်က ဒီဇိုင်နာ၊ ဓာတ်ပုံပညာရှင်၊ ပန်းချီဆရာ၊ စာရေးဆရာ ၊ ဘလော့ကာ စသဖြင့် Social media ပေါ်မှာ ကိုယ့်လက်ရာကို လူသိများအောင် ပြန်တင်တာမျိုးလုပ်ကြည့်သင့်ပါတယ်။

၃) ကိုယ့် Skill နဲ့သက်ဆိုင်တဲ့ Group တွေဝင်ပါ။

အဲဒါအပြင် ကိုယ်က စာရင်းကိုင်ဆိုရင် စာရင်းကိုင်သမားတွေချည်းစုထားတဲ့ ဂရုမျိုး၊ ဒီဇိုင်နာဆိုရင် ဒီဇီုင်နာဂရုထဲဝင်ထားတာမျိုး၊ Content Writer ဆိုရင်လည်း Content Writer ဂရုထဲဝင်တာမျိုးပေါ့။ ကိုယ်နဲ့ Skill တူတဲ့လူတွေဆီကနေ မသိသေးတာတွေ သိ၇မယ်၊ အပြန်အလှန်ပညာမျှဝေနိုင်မယ်၊ သင်ခန်းစာအသစ်တွေရမယ်၊ မသိတာတွေရှိရင် မေးလို့ရမယ်။ ကိုယ့်ရဲ့လက်ရာကိုလည်း အဲဒီ့ဂရုတွေထဲ ဝင်ပြီးချပြလို့ရမှာဖြစ်ပါတယ်။

၄) ကိုယ့်ရဲ့ Skill သီးသန့်ပြမယ့် Page ဖွင့်တာမျိုးလုပ်ကြည့်ပါ။

နောက်တစ်ခုကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ပေ့ချ်တစ်ခုဖြစ်ဖြစ်၊ ဘလော့ဖြစ်ဖြစ် လုပ်ထားသင့်ပါတယ်။ ကိုယ်က လူအများကြီးနဲ့မပတ်သက်ချင်တဲ့လူဖြစ်နေ၇င်တောင်မှ ကိုယ့်ရဲ့ပေ့ချ်မှာ ကိုယ့်လက်ရာလေးတွေတင်နေရင်း လူကြိုက်များလာတဲ့အခါ အလုပ်အခွင့်အလမ်းတွေရလာနိုင်ပါတယ်။ ကိုယ့်ရဲ့လက်ရည်သွေးရာနေရာတစ်ခုလည်းရှိလာပြီး ကိုယ့်ကိုဘ်ကိုယ်လည်း တခုခုဖန်တီးနေဖို့ တွန်းအားဖြစ်လာစေပါတယ်။

၅) ကိုယ့်ထက်အတွေ့အကြုံရှိသူတွေထံကနေ သင်ယူပါ။

ဒီထဲမှာ ပါတဲ့အချက်တွေအပြင် ကိုယ်သွားချင်တဲ့အလုပ်အကိုင်လမ်းကြောင်းမှာ အောင်မြင်နေတဲ့လူတွေက ဘယ်လိုမျိုး တီထွင်ကြံဆနေသလဲ၊ ဘယ်လိုလမ်းသစ်ထွင်သလဲ၊ ဘယ်ကနေ အလုပ်အကိုင်အသစ်တွေရနေသလဲဆိုတာမျိုး မေးမြန်းသင်ယူပါ။ ကိုယ်နဲအဆင်ပြေမယ်ထင်တဲ့လုပ်လို့ရတဲ့အရာတွေရှိရင် လိုက်လုပ်ကြည့်သင့်ပါတယ်။

December 10, 2023
© Copyright 2022 | Developed By Impulse International.