Supply Chain Management အတွက် Warehouse Management System ကောင်းတစ်ခုဘယ်လိုရွေးချယ်မလဲ

WMS တွင် ပါဝင်သော Features နှင့် Functionalities ကို နားလည်လျှင် သင့်စီးပွားရေးလုပ်ငန်းအတွက် ပိုကောင်းလေလေမို့သင့်တော်သော WMS ရွေးချယ်ရန် အောက်ပါတို့လေ့လာသင့်ပါတယ်။

Implementation လုပ်ရင် ကျွန်တော်တို့ ဘာတွေရမလဲ၊ အကောင်းဆုံး Implementation ရအောင် ကျွန်တော်တို့ လုပ်ငန်းဘက်က ဘာတွေ လိုအပ်ပါသလဲ။

WMS ထဲမှာ Startupစီးပွားရေးလုပ်ငနိးတိုးချဲ့ဖို့နှင့်ဝန်ဆောင်မှူတွေမြှင့်တင်ဖို့ဘယ်လိုနည်းစနစ်တွေထည့်သွင်းပေးထားလဲ

စီးပွားရေးလုပ်ငန်း ကျယ်ပြန့်လာသလောက် WMS က စွမ်းဆောင်ပေးနိုင်လား။

ထိုမေးခွန်းများအား WMS ထုတ်လုပ်ရောင်းချသူများကို

တစ်ဦးချင်း တွေ့ဆုံပြီး မေးချင်သမျှ ရှင်းရှင်းလင်းလင်း နားလည်အောင်

မေးကြည့်သင့်ပါတယ်။ ဒါမှသာ သင့်logistics လုပ်ငန်းအတွက် သင့်တော်သော စနစ်တခု ရှာတွေ့ နိုင်ပါမယ်

 

WMS က သုံးဖို့ တကယ် လွယ်ကူရဲ့လား?

WMSကို ရွေးတဲ့အခါရိုးရိုးရှင်းရှင်း အသုံးပြုနိုင်တဲ့စနစ်ကို သေချာရွေးချယ်သင့်ပါတယ်။

လက်လှမ်းမီ၊ သုံးရလွယ်သော WMS မှာ implementation လုပ်ရန် အချိန်ကုန် သက်သာပြီး နေ့စဉ် monitoring လုပ်နိုင်သော features ပါဝင်သင့်ပါတယ်။ ဒါမှသာ ဝန်ထမ်းများအားလုံးထိုစနစ်ရဲ့ functionsကို အပြည့်အဝ အသုံးပြုနိုင်ပါမယ်။ WMS ရွေးချယ်တဲ့အခါလုပ်ငန်း လုပ်ဆောင်၊ လည်ပတ်ချိန်ကို

လျှော့ချပေးသလို ထိရောက်မြန်ဆန်မှု စေသော automation ကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။

စီးပွားရေးလုပ်ငန်း အပြောင်းအလဲကို

ကျွန်တော့် WMS မှ တုန့်ပြန်ကိုင်တွယ်နိုင်ပါသလာ း?

စီးပွားရေးလုပ်ငန်းတိုင်းဟာ ဘယ်လိုမှ ကြိုတင် မခန့်မှန်းနိုင်တဲ့ ဈေးကွက်ထဲမှာ အပြောင်းအလဲကို ရင်ဆိုင်ကြရပါတယ်။ လုပ်ငန်း ပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်စွာ ပြောင်းလဲ၊ ရင်ဆိုင်နိုင်သော WMS တစ်ခုကို ရွေးချယ်ရန်အလွန်အရေးကြီးပါတယ်။ ဒါမှသာ စီးပွားရေးတွင် အရေးကြီးသော ပြောင်းလဲမှုကို ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

သင့် WMS ဟာ အမြဲ ပြောင်းလဲနေသော စီးပွားရေးလုပ်ငန်းအတွက် ကောင်းမွန်သော လိုက်လျောညီထွေ လုပ်နိုင်ခြင်း ရှိသင့်ပါတယ်။ထိုအခါ ရလဒ်အဖြစ် Returns on Investment (ROI) ရင်းနှီးမြှုပ်နှံမှုအပေါ်ရသော အကျိုးအမြတ်များ ရရှိလာနိုင်ပါတယ်။ ကုမ္ပဏီတစ်ခုဟာ ၎င်းတို့ စီးပွားရေးလုပ်ငန်းအတွက် software solutionတစ်ခုကို ရွေးချယ်တဲ့အခါ ယနေ့လက်ရှိ အသုံးပြုနေသော processesကို လုပ်မှီနိုင်ဖို့ အဓိက ရည်ရွယ်သင့်ပါတယ်။

သို့သော် လက်တွေ့မှာ အများထင်သလို မဟုတ်တော့ပါဘူး။ ဈေးကွက်များဟာ ကာလတစ်ခုကြာရင် ပြောင်းလဲတာကြောင့် လိုက်လျောညီထွေ ပြောင်းလဲနိုင်တဲ့ software solutionများကလဲ ROI ပိုရအောင် ကူညီပေးနိုင်ပါတယ်။

သင့်စိတ်ကြိုက် အထူးပြုလုပ်ထားတဲ့ software တစ်ခု လိုအပ်ပါသလား။

WMS တစ်ခု မရွေးချယ်ခင် သေသေချာချာစဉ်းစားသင့်သော အချက်ဖြစ်ပါတယ်။

တစ်ခါတစ်ရံ သင့်မှာ ရှိပြီးသား software system အတွင်းသို့ functionalities လုပ်ဆောင်ချက်များ

ထည့်သွင်းပေးခြင်းဟာအလောတကြီး ဖြစ်သွားတတ်ပါတယ်။ သင့်လိုအပ်ချက် ၉၀% ပြည့်ပြီး ၁၀%သာကျန်သော software တစ်ခုခုသည် လက်တွေ့တွင် အလုပ်မတွင်ပါဘူး။ လိုအပ်ချက်အားလုံး ဖြည့်ဆည်းပေးနိုင်သော software မှသာ တကယ် အလုပ်ဖြစ်မှာပါ။

Returns on Investment ရင်းနှီးမြှုပ်နှံမှုအပေါ် ရသော အကျိုးအမြတ်များWMS ကို သုံးလိုက်တဲ့အတွက် သင့်စီးပွားရေးလုပ်ငန်း အမြတ်အစွန်း ဘယ်လောက်ပြန်ရလဲဆိုတာ အဓိကအချက်ဖြစ်ပါတယ်။ WMSသုံးလျှင်ရမယ့် အမြတ်အစွန်းနဲ့ ရင်းနှီးမြှုပ်နှံရမယ့် ပမာဏကို သေချာစွာ ထည့်စဉ်းစားသင့်ပါတယ်။

Warehouse Management System (WMS)ဆိုသည်မှာ supply chain အတွင်း logistics ဝန်ဆောင်မှုအမျိုးမျိုး၊ ကုန်စည်ဖြန့်ချီရေးလုပ်ငန်းပိုင်းမှ ကုန်စည်များသိုလှောင်ခြင်း ပို့ဆောင်ပေးခြင်းစသည်တို့ကိုတိကျမှန်ကန်စေရေးအတွက် ထိရောက်မြန်ဆန်ပြီး ချောမွေ့အောင် smart နည်းပညာဖြင့် အချိန်နှင့် တပြေးညီ intelligent dataကို စီမံခန့်ခွဲသော စနစ်တစ်ခု ဖြစ်ပါတယ်။

ယခုခေတ်မှာ SMBs အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများပင် logisiticsကို စုစည်းဆောင်ရွက်ခြင်း၊ ကုန်စည်များကို နေ့တွင်းချင်း အရောက်ပို့ဆောင်ခြင်းနှင့် e-commerce စသည်တို့အတွက် warehouse inventory management အရေးကြီးကြောင်း သိရှိလာကြပါပြီ။

WMSဖြင့် လည်ပတ်သောအခါ လုပ်အားစရိတ်များသက်သာစေပြီး သုံးစွဲသူများအတွက် ဝန်ဆောင်မှုူပိုမိုကောင်းမွန်ခြင်း inventory ပိုမိုတိကျမှန်ကန်ခြငိး၊လိုက်လျောညီထွေမှုူဖြစ်ခြင်း တုန့်ပြန်နိုင်စွမ်း ပိုကောင်းခြင်းတို့ကြောင့် စီးပွားရေးလုပ်ငန်းကြီးတစ်ခုလုံးကို ပိုမိုကောင်းမွန်စေပါတယ်။

WMSသည် last order မှစပြီး ကုန်ပို့ဆောင်မှု၊ ကုန်လက်ခံရရှိမှုအထိကြားအဆင့်ဆင့်တွင်ဖြစ်ပေါ်နေခြင်းကို တိုင်းတာနိုင်တာကြောင့် Inventoryကို အချိန်နှင့် တစ်ပြေးညီ စီမံခန့်ခွဲနိုင်ပါတယ်။

Mobility app နည်းပညာဖြင့်လဲ ကမ္ဘာ့တစ်ဝန်းလုံးမှ WMS လည်ပတ်မှုကို ကြည့်နိုင်ပါသေးတယ်။

WMS ၏ များစွာသော အကျိုးကျေးဇူးများထဲမှ အချို့မှာ –

ပိုမိုမြန်ဆန်သော Inventory turns.

WMS ကောင်းတစ်ခုသည် inventory အပြောင်းအလဲကို ထိန်းပေးပြီး inventory မှတ်တမ်းများကို ပိုစိတ်ချရစေသဖြင့် lead times နည်းသွားသောကြောင့် just-in-time environment ကို ပံ့ပိုးပေးပါသည်။

ထို့ကြောင့် safety stock အနည်းဆုံး ဖြစ်သွားမည်။ ထိုအခါ inventory turnover လည်း ပိုကောင်းလာပြီး working capital management ရည်ရွယ်ချက်ပြည့်မီလာပါလိမ့်မယ်။

Warehouse နေရာအကျယ်အဝန်းကို ထိရောက်စွာ သုံးခြင်း

WMS သည် safety stock လိုအပ်ချက်များကို အနည်းဆုံးဖြစ်စေရုံမက ကုန်စည်များကို လက်ခံရရှိခြင်း၊

ထုတ်ပိုးခြင်းနှင့်ပို့ဆောင်ခြင်းကိုစနစ်တကျနေရာချထားပြီးကုန်စည်များကို

ပြန်ထုတ်ပေးပါတယ် ။ဒါ့ကြောင့်ရှိပြီးသား warehouse နေရာအကျယ်အဝန်းကိုလည်း

ပိုကောင်းအောင် ပုံမှန်လုပ်ပေးပါတယ်။ ဒါ့ကြောင့် ကုန်ထုတ်စွမ်းအားတိုးလာပြီး inventory သိုလှောင်စရိတ် များစွာ လျော့နည်းသွားစေပါတယ်။

Inventory စာရွက်စာတမ်းများ နည်းသွားခြင်း

အချိန်နှင့် တပြေးညီ လည်ပတ်သော WMS တစ်ခုဟာ warehouse functions နှင့် တွဲပါလာ တဲ့ စာရွက်စာတမ်းများကိုသိသိသာသာ လျော့နည်းသွားစေတဲ့အပြင် inventoryနှင့် သတင်း အချက်အလက် များကို အချိန်မီ၊ ချောမွေ့စွာ လည်ပတ်စေပါတယ်။

ယခင်က သတင်းအချက်အလက်များ အားလုံးရဲ့ လက်မှတ်များ၊ ထုတ်ပိုးမှူစာရင်းများကို စာရွက်စာတမ်းဖြင့်သာမှတ်တမ်းတင်နိုင်ခဲ့သော်လည်း

ယခုအခါ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ထိန်းသိမ်းနိုင်နေပါပြီ။

ပိုမိုကောင်းမွန်သော cycle counting.

စီးပွားရေးလုပ်ငန်းများသည် WMSကို အသုံးပြု၍ warehouseအတွက် အရေးကြီးသော နေရာများ

ကုန်စည် အဝင်အထွက် စသည့် သက်ဆိုင်သော အချက်အလက်များကို မှတ်သားနိုင်ပါတယ်။ ဒါ့ကြောင့်

cycle count များ လုပ်ရန် ဝန်ထမ်းများကို သေသေချာချာ စနစ်တကျ အလုပ်ချိန် သတ်မှတ်ပေးနိုင်ပါတယ်။

ထိုcycle countတွေကြောင့် အနာဂတ် စီမံကိန်းရေးဆွဲရန် inventory မှတ်တမ်းများ ပိုတိကျ မှန်ကန်စေသည့်အပြင် စရိတ်ကြီးသော ကွင်းဆင်း inventory ကောက်ယူမှုများ လိုအပ်ချက်

လုံးဝ ပျောက်သွားစေခြင်း သို့မဟုတ် သိသိသာသာ လျော့နည်းသွားစေခြင်းများ ရရှိနိုင်ပါတယ်။

ထုတ်ကုန်orderမှ ကုန်ပို့ဆောင်မှုအထိ လုပ်ငန်းစဉ်များကို ကောင်းမွန်စေတာကြောင့် စီးပွားရေး လုပ်ငန်းများဟာ

ကုန်စည် ရရှိနိုင်မှုနှင့် ကုန်ပေးပို့ရက်များထိပါ တိကျမှန်ကန်စွာ ထုတ်ပေးလာနိုင်ပါတယ်။

ဒါ့အပြင် ယခင် backorder inventory ပါသော ကုန်စည်များ ရောက်လာလျှင် WMSမှ အလိုအလျောက် သိရှိပြီး ထုတ်လုပ်ပေးနိုင်ပါတယ်။

“Cross-docking”နည်းဆိုသည်မှာ ရောက်လာသော ကုန်စည်များကို warehouseအတွင်းသို့

လုံးဝ မဖြတ်ဘဲ ကုန်း၊ ရေ၊ လေ လမ်းများဖြင့် ပို့ဆောင်၊ ဖြန့်ချီမည့်

ယာဉ်များသို့ တိုက်ရိုက် ဖြန့်ပေးသော နည်းစနစ်ဖြစ်ပါတယ်။ ဒါ့ကြောင့် inventoryအမျိုးမျိုးကို inventory တစ်ခုတည်းသို့ စုစည်းပေးသဖြင့် ကုန်စည်ပို့ဆောင်မှုတွင် ပို၍

တိကျမှန်ကန်သော ရလဒ် ပေါ်ထွက်စေပါတယ်။

နိဂုံးအားဖြင့်

ခေတ်မီဒစ်ဂျစ်တယ် နည်းပညာဟာ logistic အပါအဝင် ကဏ္ဍတိုင်းကို ထိုးဖောက်ဝင်ရောက်ထားလျက်ရှိပါတယ်။ သင့် supply chain လုပ်ငန်း ခိုင်ခိုင်မာမာ ကြီးထွားအောင် လုပ်ရာတွင် WMSသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပြီး WMS၏ ကောင်းကျိုးနှင့် အကျိုးခံစားခွင့် တွေက သင့်လုပ်ငန်းကို ပိုအောင်မြင်စေနိုင်ပါတယ်။

သင့် WMSအတွင်း inventory controlအားလုံးကိုလဲ သင်ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲနိုင်ပါတယ်။

ဒါ့ကြောင့် သင့်တော်တဲ့ WMS ရွေးချယ်တဲ့အခါ သင့်အတွက်အကျိုးအမြတ် ရရှိအောင်လုပ်ပေးမည့် WMS ကို ရွေးချယ်ခြင်းသည်သာ အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။

© Copyright 2022 | Developed By Impulse International.