
Thailand Foundation ဆိုတာ အင်္ဂလိပ်၊ မြန်မာအပါအဝင် ဘာသာစကား (၁၂) မျိုးကို အသုံးပြုပြီး ထိုင်းဘာသာစကားသင်တန်းကို အခမဲ့ သင်ကြားပို့ချပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
Thailand Foundation ဝက်ဘ်ဆိုက်ဒ်ထဲဝင်ပြီး “မြန်မာစကားပြောသူများအတွက် ထိုင်းဘာသာစကားသင်တန်း” ကို ရွေးချယ်ကာ သင်ယူလေ့လာနိုင်ပါတယ်။ အခြေခံ ထိုင်းဘာသာစကားကို မြန်မာလူမျိုးတွေ အလွယ်တကူ သင်ကြားနိုင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ အခမဲ့ ဖွင့်လှစ်ပေးထားခြင်း ဖြစ်ပါတယ်။
ဒါကြောင့် ထိုင်းသွားပြီး အလုပ်လုပ်မယ့်သူတွေ၊ ထိုင်းမှာ ကျောင်းတက်မယ့်သူတွေ၊ ထိုင်းပညာသင်ဆု လျှောက်ထားမယ့်သူတွေဆိုရင် ဒီသင်တန်းကို တက်ရောက်သင့်ပါတယ်။
သင်ကြားရမယ့် ပုံစံကတော့ အွန်လိုင်းဗီဒီယိုတွေကနေတဆင့် အချိန်မရွေး လေ့လာသင်ကြားနိုင်မှာ ဖြစ်ပါတယ်။ ဒီသင်တန်းမှာ –
- ထိုင်းအခြေခံ စကားပြော
- ထိုင်းဝေါဟာရ အသုံးအနှုန်း
- ထိုင်းအခြေခံသဒ္ဒါ
- လုပ်ငန်းသုံး ထိုင်းဘာသာစကား
- ထိုင်းစာ အရေးအသားစနစ် တို့ကို သင်ကြားပေးမှာပါ။
ဒါ့အပြင် မြန်မာလူမျိုးတွေအတွက် ထိုင်းဘာသာစကားလေ့လာရေးလမ်းညွှန်ကိုလည်း တင်ပြပေးထားတဲ့အတွက် နောက်ဆက်တွဲ Self-study လုပ်တဲ့အခါမျိုးမှာလည်း အသုံးဝင်စေမှာဖြစ်ပါတယ်။