“Learning House Myanmar” ရဲ့ မိတ်ဆွေများအားလုံး မင်္ဂလာပါရှင်..
ဘဝတစ်လျှောက်လုံး သင်ယူလေ့လာနေခြင်းက ဘယ်လိုအရေးပါလဲဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ “The importance of lifelong learning” ခေါင်းစဉ်လေးနဲ့ မျှဝေပေးလိုက်ပါတယ်နော်။ အရင်တုန်းကတော့ ပညာသင်တယ်ဆိုတာကျောင်းပြီးရင် ဘွဲ့ရရင် ပြီးပြီလို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ အခုခေတ်မှာတော့ အဲဒီလို မဟုတ်တော့ပါဘူး။ ကမ္ဘာကြီးက အမြဲတမ်းပြောင်းလဲနေသလို နည်းပညာတွေ၊ ဗဟုသုတတွေကလည်း လျင်မြန်စွာ တိုးတက်နေပါတယ်။ ဒါကြောင့် ဘဝတစ်သက်တာ သင်ယူလေ့လာခြင်း (Lifelong Learning) ဟာ ပိုပြီး အရေးကြီးလာပါတယ်။
ဘာကြောင့် ဘဝတစ်သက်တာ သင်ယူလေ့လာသင့်တာလဲ
ပြောင်းလဲနေတဲ့ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်ဖို့အတွက် နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လုပ်ငန်းခွင်လိုအပ် ချက်တွေလည်း ပြောင်းလဲလာပါတယ်။ ခေတ်နဲ့အညီ ဗဟုသုတအသစ်တွေ၊ ကျွမ်းကျင်မှုအသစ်တွေကို သင်ယူနေမှသာ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဆုပ်ကိုင်ထားနိုင်မှာ ဖြစ်ပါတယ်။
ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုအတွက် သင်ယူလေ့လာခြင်းဟာ ကျွန်တော်တို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ပေးပါတယ်။ ကိုယ်မသိသေးတဲ့ အရာတွေကို လေ့လာရင်း အတွေးအခေါ်တွေ ပိုကျယ်ပြန့်လာမယ်၊ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်း ပိုကောင်းလာမယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း တိုးလာပါလိမ့်မယ်။
စိတ်ကျေနပ်ပျော်ရွှင်တဲ့ ဘဝအတွက် အသစ်အသစ်တွေကို သင်ယူနေရတဲ့သူတွေဟာ စိတ်ပိုင်းဆိုင်ရာ ပိုမို တက်ကြွလန်းဆန်းနေတတ်ပါတယ်။ ဝါသနာအသစ်တွေ ရှာဖွေတာ၊ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်တစ်ခုကို နက်နက်နဲနဲ လေ့လာတာ စတာတွေက ဘဝကို ပိုပြီး ပြည့်စုံပျော်ရွှင်စေပါတယ်။
အခွင့်အလမ်းသစ်တွေ ဖန်တီးဖို့အတွက် ကျွမ်းကျင်မှုအသစ်တွေ သင်ယူခြင်းကနေတဆင့် လုပ်ငန်းခွင်မှာ ရာထူးတိုးတာ၊ လုပ်ငန်းအသစ် စတင်တာ ဒါမှမဟုတ် လူမှုအသိုင်းအဝိုင်းထဲမှာ ပိုမို အကျိုးပြုနိုင်တာ စတဲ့ အခွင့်အလမ်းသစ်တွေ ပေါ်လာနိုင်ပါတယ်။
ဘယ်လို သင်ယူလေ့လာနိုင်မလဲ
ဘဝတစ်သက်တာ သင်ယူလေ့လာခြင်းဆိုတာ စာသင်ကျောင်းမှာ စာအုပ်ကြီးတွေနဲ့ချည်း သင်ယူတာကို ဆိုလိုတာ မဟုတ်ပါဘူး
အွန်လိုင်းသင်တန်းတွေ (Online Courses) တက်ရောက်တာ
စာအုပ်တွေ၊ ဆောင်းပါးတွေ ဖတ်ရှုတာ
ပညာပေးဗီဒီယိုတွေ ကြည့်ရှုတာ
Podcast တွေ နားထောင်တာ
ဆွေးနွေးပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ (Workshops) တက်ရောက်တာ
ကိုယ်စိတ်ဝင်စားတဲ့ အရာတွေကို လေ့လာပြီး လက်တွေ့လုပ်ဆောင်ကြည့်တာ စတာတွေအားလုံးဟာ သင်ယူမှုပါပဲ။
ဘယ်အသက်အရွယ်ပဲ ရောက်ရောက်၊ ဘယ်နေရာမှာပဲ ရှိရှိ သင်ယူလေ့လာမှုက ဘယ်တော့မှ မရပ်တန့်ပါဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့ “Learning House Myanmar” ကလည်း ပညာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို ဆက်လက်မျှဝေပေးသွားမှာ ဖြစ်လို့ Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်။ ပညာလိုလျှင် LHM မှာ ရှာ
